အာဆင်နယ်ကစားသမားနဲ့ စကားဝိုင်းမှာ ယူနိက်တက်ကို စော်ကားတဲ့စကားတွေပြောသွားတဲ့ ပေါ့ဘာ

အင်္ဂါနေ့က အာဆင်နယ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ Patrick Vieiraတို့ဆွေးနွေးပွဲမှာ ယူနိက်တက်အသင်းကို ပေါ့ဘာဟာ စော်ကားတဲ့စကားတွေပြောဆိုခဲ့ပါတယ်။

အဲ့ဒီစကားဝိုင်းမှာသူတို့ရဲ့ ဘောလုံးလောကပေါအမြင်တွေ သူတို့ဖြတ်သန်းခဲ့ရတဲ့ ကလပ်တွေရဲ့ အတွေ့အကြုံတွေကို ဝေမျှခဲ့ကြပြီးပေါ့ဘာကတော့ ယူနိက်တက်ဟာ လွတ်လပ်မှုမရှိတဲ့အသင်းလို့ပြောကြားခဲ့တာပါ။

၂၀၁၆ခုနှစ်က ယူနိက်တက်ကိုရောက်လာတဲ့ ကွင်းလယ်ဗိုလ်ချုပ်ပေါ့ဘာဟာ ယူနိက်တက်မှာနေရတာမပျော်ဘူးလို့ပြောကြားဖူးသလို အသင်းပြောင်းဖို့ အမြဲကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။

ပေါ့ဘာဟာ အဲ့ဒီစကားဝိုင်းမှာ ပြင်သစ်အသင်းမှာ သူ့ကိုယ်သူ အကောင်းဆုံးကွင်းလယ်ကစားသမားလို့ သတ်မှတ်ထားကြောင်းလည်းပြောကြားခဲ့ပါတယ်။

Patrick Vieiraကလည်း ပြင်သစ်အသင်းကို ကြည့်ရတာ အလွန်ကောင်းမွန်ကြောင်းချီးကျူးခဲ့ပြီး တိုက်စစ်ကစားတာအရမ်းကောင်းတယ်လို့ပေါ့ဘာကို ချီးမွမ်းခဲ့ပါတယ်။

ပေါ့ဘာရဲ့ အဲ့ဒီလိုပြောဆိုချက်နဲ့ပက်သက်ပြီး ယူနိက်တက်နည်းပြဆိုလ်းရှားက” မှန်ပါတယ်။ ဂျူဗင်နဲ့ယူနိက်တက်က ကွဲပြားမှုတော့ရှိမှာပေါ့”လို့ပဲတုံ့ပြန်ခဲ့ပါတယ်။

“ဂျူဗင်ကွင်းလယ်မှာ ၃ယောက်ကစားခဲ့တာပါ။ ၅-၃-၂ပုံစံနဲ့ပေါ့၊ ကျွန်တော်က အဲ့ဒီမှာ လွတ်လပ်မှုအများကြီးရှိခဲ့တယ်။တိုက်စစ်ကိုလည်းကောင်းကောင်းအားဖြည့်နိုင်တယ်။ မန်ယူမှာတော့ တိုက်စစ်ကိုအားဖြည့်ဖို့မပြောနဲ့ နောက်တန်းကို ပြန်ဆင်းကူနေရတယ်”လို့ ပေါ့ဘာကဆိုပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းနဲ့ပက်သက်ပြီးကစားရတာအဆင်ပြေလားလို့ပေါ့ဘာကိုဆက်မေးတဲ့အခါ” ၄-၂-၃-၁နဲ့စိန်ပုံစံကစားကွက်ကမိုက်တယ်။ ယူနိက်တက်ထက်စာရင်တော့သာပါတယ်။ တိုက်စစ်ကိုကောင်းကောင်းအားဖြည့်နိုင်တယ်”လို့ပေါ့ဘာက ယူနိက်တက်ကိုထပ်ဝေဖန်ခဲ့ပါတယ်။

ပေါ့ဘာဟာ,လက်ရှိမှာ နိုင်ငံအသင်းမှာခြေစွမ်းပြနေပြီး သူဟာပြင်သစ်နည်းပြနဲ့ပျော်ရွင်နေခြင်းကြောင့် ခြေစွမ်းပြနေတာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

လက်ရှိယူနိက်တက်တို့ဟာ ပေါ့ဘာကိုစာချုပ်သစ်ဆက်ချုပ်ဖို့အခက်အခဲရှိနေပီး ပေါ့ဘာကလည်း အလွတ်ကြေးနဲ့ပြောင်းဖို့ ကြိုးစားနေပါတယ်. မန်ဖန်တွေရော ပေါ့ဘာကိုဘယ်လိုသုံးသပ်မလဲ?

DBK

Leave a Comment

Your email address will not be published.