ကျောနံပါတ်၃၉ကိုဘယ်တော့မှပြောင်းမှာမဟုတ်တဲ့အကြောင်းရင်း ရှင်းပြခဲ့တဲ့တော်မီနေး

နည်းပြကြီး ဆာအဲလက်ဖာဂူဆန် လက်ထွက် သရဲနီကစားသမားစစ်စစ်ဖြစ်တဲ့ စကော့တော်မီနေးကတော့ သူဝတ်ဆင်ထားတဲ့ကျောနံပါတ်ကို ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စကော့အမ်စီတော်မီနေးဟာ နည်းပြကြီး ဖာဂူဆန်ကချစ်ခင်နှစ်သက်သူလည်းဖြစ်သလို ယူနိုက်တက်အတွက် မျှော်လင့်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

တော်မီနေးကို ယူနိက်တက်ဂန္တဝင်ကစားသမားဟောင်းဖြစ်တဲ့ ရွိင်ကိန်းက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမယ့် မန်ချက်စတာယူနိက်တက် နည်းပြဟောင်းဖြစ်တဲ့ ဒေးဗစ်မွိုင်းကတော့ ယူရို ၂၀၂၀မှာစောင့်ကြည့်ရမယ့် ထိပ်တန်း ၇ယောက်စာရင်းမှာတော်မီနေးကိုထည့်သွင်းခဲ့ပါတယ်။

ယူနိက်တက်မှာ အကောင်းဆုံးကြိုးစားနေတဲ့ တော်မီနေးဟာ ကျောနံပါတ်ပြောင်းဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် သူကိုယ်တိုင်က မပြောင်းလဲခဲတာဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

တော်မီနေးဟာ ကျောနံပါတ် ၃၉ကိုဝတ်ဆင်တာဖြစ်ပြီး မေ၂၀၁၇မှာအာဆင်နယ်နဲ့ကန်တဲ့ပွဲနဲ့ပွဲထွက်ကစားခဲ့ပါတယ်။

ယူနိက်တက်ရဲ့ငယ်မွေးခြံပေါက်တစ်ဦးဖြစ်တဲ့တော်မီနေးဟာ သရဲနီDNAပါသူဖြစ်သလို နည်းပြကြီးဖာဂူဆန်ရဲ့ မျှော်လင့်ချက်တစ်ခုလည်းဖြစ်ပါတယ်။

များသောအားဖြင့်ရာသီတစ်ခုဆုံးတိုင်း ကစားသမားတွေဟာ ကျောနံပါတ်ချိန်းဖို့ အခွင့်အရေးရတတ်ပေမယ့် တော်မီနေးကတော့ သူကိုယ်တိုင် ဒီကျောနံပါတ်ကို မချိန်းချင်တာဖြစ်ကြောင်း ခုလိုဝန်ခံခဲ့တာပါ.

“ခင်ဗျားပထမဆုံးနံပါတ်တစ်ခုကိုရတဲ့အခါအဲ့ဒီနံပါတ်ဟာSpecialပဲပေါ့။ကျွန်တော့်အတွက်ဒီနံပါတ်၃၉ဟာတကယ့်ကိုSpecialပါပဲ”လို့တော်မီနေးကဆိုပါတယ်။

“ခင်ဗျားကို နံပါတ် ပြောင်းပေးပါလို့ဘယ်သူမှလည်းလာပြောမခံရတော့သလို နံပါတ်ကိစ္စခေါင်းမစားတော့ဘူးပေါ့။”

“ပြီးတော့ ကျွန်တော်က ဒီနံပါတ်နဲ့ ပြည့်စုံနေသလိုခံစားရတယ်။ ကျွန်တော့်ကိုကျွန်တော် ဒီနံပါတ်က ကောင်းရဲ့လား ပြည့်စုံရဲ့လား ပြောင်းလဲချင်လားဆိုတာတစ်ခါမှမမေးဖူးဘူး။ ဒီ၃၉က ကျွန်တော့်အတွက်ပြည့်စုံတယ်။ ဒီကိစ္စကိုခေါင်းထဲကထုတ်ထားတယ်ဗျာ။လို့တော်မီနေးကပြောကြားခဲ့ပါတယ်။တော်မီနေးရဲ့ကျောနံပါတ်အပေါ်သဘောထားလေးကတစ်မျိုးပဲနော်,

dbk

Leave a Comment

Your email address will not be published.