ဒီနှစ်နွေမှာ ဂိုးသမားသစ် ထပ်ခေါ်ဖို့ ပီအက်စ်ဂျီကို ချိတ်နေပြန်တဲ့ ယူနိက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေမှာ ဂိုးသမားသစ် တစ်ဦးထပ်ခေါ်ဖို့ကြိုးစားနေကြကြောင်း မာကာသတင်းစာကဖော်ပြပါတယ်။ ယူနိက်တက်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဆိုလ်းရှားနဲ့အသင်းဖော် ဂိုးသမားဖြစ်ဖူးတဲ့ တွမ်ဟန်တန်ကို အလွတ်ကြေးနဲ့အသင်းကိုခေါ်ယူထားပြီး ဒီလကုန်မှာအသင်းကိုတရားဝင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် ဂိုးသမား‌တွေဖြစ်တဲ့ ဒေးဗစ်ဒေးဂီယားနဲ ဟန်ဒါဆန်တို့ကယူနိုက်တက်နဲ့ အနာဂါတ်မရေမရာဖြစ်နေတာပါ။

ဒေးဗစ်ဒီဂီယာကတော့ သူ့အနေနဲ့ အသင်းမှာပဲ ဆက်နေပြီး နံပါတ် ၁ဂိုးသမားနေရာရဖို့ ကြိုးစားသွားမယ်လို့ပြောကြားထားပြီး ဟန်ဒါဆန်ကတော့ သူသာနံပါတ်တစ်ဂိုးသမားနေရာမရဘူးဆို ဒီနှစ်နွေမှာ အသင်းးကထွက်သွားတော့မယ်လို့ ပြတ်ပြတ်သားသားပြောကြားထားတာပါ။

ဟန်ဒါဆန်ကိုတော့ မန်ချက်စတာယူနိက်တက်နည်းပြဟောင်းမော်ရင်ဟိုက ပြီးခဲ့တဲ့ရက်တွေတုန်းက အလွန်အကျူးချီးကျူးခဲ့ပြီးတော့ ယူရို၂၀၂၀မှာ ဟန်ဒါဆန်နဲ့ပွဲထွက်သင့်တယ်ဆိုပြီးပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူရို၂၀၂၀မှာ အင်္ဂလန်အသင်းဟာ ယူနိက်တက်ကစားသမားတွေနဲ့ပွဲထွက်လာခဲ့ခြင်းမရှိပဲ ဟန်ဒါဆန်လည်း ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခွင့်မရခဲ့ပါဘူး။

လက်ရှိမှာတော့ ဂိုးသမား နေရာလုပြိုင်ပွဲပြင်းထန်လာနိုင်တဲ့ ယူနိက်တက်ဟာ ပီအက်စ်ဂျီရဲ့ဂိုးသမားကေလာ နာဗက်စ်ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားလာပြီဖြစ်ကြောင်း မာကာသတင်းစာက ဖော်ပြထားပါတယ်။

လာမဲ့ရာသီမှာလူငယ်ဂိုးသမား ဒန်းဟန်ဒါဆန်နဲ့ဒေးဗစ် ဒီဂီယာတို့ နှစ်ဦးထဲက တစ်ဦးကိုသေချာပေါက် ရောင်းချသွားမှာဖြစ်ပြီးဖြစ်နိုင်ချေအများဆုံးကဒေးဗစ်ဒီဂီယာဖြစ်တာကြောင့် အစားထိုးဖို့ ဂိုးသမားပြန်ခေါ်ဖို့ စီစဉ်နေတာဖြစ်ပြီး အတွေ့ကြုံများတဲ့ အသက်၃၄နှစ်အရွယ် ကေလာနာဗတ်ကိုခေါ်ယူဖို့ကြံရွယ်လာခြင်းဖြစ်တယ်လို့မာကာသတင်းစာကသုံးသပ်ထားပါတယ်။ အခြားသောသတင်းတွေက သုံးသပ်ချက်တွေအရတော့ ဂီယာဟာ အသင်းမှာဆက်ရှိနေမှာဖြစ်ပြီး ဟန်ဒါဆန်ကိုရောင်းချသွားနိုင်တယ်လို့ဆိုထားပါတယ်။

ဟန်ဒါဆန်ဟာ နည်းပြဆိုလ်းရှားနဲ့အဆင်ပြေမှုမရှိပဲ အသင်းမှာလည်း ကို့်ယ်ကိုကိုယ်အထင်ကြီးအောင် ပြုမူပြောဆိုနေထိုင်တဲ့အတွက် အသင်းရဲ့ဝန်ထမ်းတွေနဲ့အဆင်မပြေလို့ ယူနိက်တက်တို့ဟာ ဟန်ဒါဆန်ကို ရောင်းထုတ်သွားဖို့သာဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာယူနိက်တက်တို့ ရင်ဆိုင်ရမယ့် ပြဿနာတစ်ခုဟာ ဂိုးသမားပြဿနာအဖြစ်ရှိနေသေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

DKB

Leave a Comment

Your email address will not be published.