သတင်းစာရှင်းပွဲမှာ စားပွဲပေါ်က ဘီယာပုလင်းကို ဒိုလေးစတိုင်နဲ့ ဘေးဖယ်ခဲ့တဲ့ ပေါ့ဘာ

မန်ချက်စတာယူနိက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာကစားနေတဲ့ ပေါ်ပေါ့ဘာကတော့ မနေ့ညက သတင်းစာရှင်းလင်းပွဲမှာ စားပွဲပေါ်မှာ ချထားတဲ့ ဟန်နီကယ်လ်ဘီယာပုလင်းကို ဘေးကိုဖယ်ပစ်ခဲ့တယ်လို့သိရပါတယ်။

တစ်နေ့ကပဲ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား တိုက်စစ်မှူးရော်နယ်ဒိုဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာပုလင်း၂ပုလင်းကိုဘေးဖယ်ခဲ့ပြီး ကျန်းမာရေးအတွက် ရေကိုပိုသောက်သင့်တယ်လို့ပြောကြားခဲ့မှုဟာ တစ်ကမ္ဘာလုံးဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီဂယက်ကြောင့် ကိုကာကိုလာလိုကုမ္ပဏီကြီးဟာ ဒေါလာ၅ဘီလီယံနီးပါး ထိခိုက်နစ်နာသွားတဲ့အကျိုးဆက်နဲ့ရင်ဆိုင်ခဲ့ရပြီး ယခုအခါမှာတော့ ယူနိက်တက်ကြယ်ပွင့်ပေါ့ဘာကလည်း စားပွဲပေါမှာထားထားတဲ့ ဟန်နီကယ်လ် ဘီယာပုလင်းကို ဒိုလေးလို ဘေးကိုဖယ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့က ပြင်သစ်နဲ့ဂျာမနီနိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ပေါ့ဘာဟာ Star Of The Matchကိုလည်းရရှိခဲ့ပြီးကစာားပွဲပြီးတဲ့နောက် သတင်းထောက်တွေနဲ့ အမေးအဖြေလုပ်တဲ့အချိန်မှာ အဲ့ဒီလို ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်၊

ပေါ့ဘာဟာ ရော်နယ်ဒိုလို ကင်မရာကိုစိုက်ကြည့်ပြီး ရေကိုပိုသောက်သင့်တယ်ဆိုတဲ့စကားလုံးမျိုးတွေ တော့ဘာမှမပြောခဲ့ပဲ သူဟာမူဆလင်တစ်ယောက်ဖြစ်တာကြောင့် အရက်ဘီယာသောက်သုံးခွင့်မရှိလို့ ပုလင်းတွေကို ဘေးဖယ်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ နိုင်ငံလက်ရွေးစင်အသင်းမှာလက်ရှိခြေစွမ်းတွေထက်မြက်လွန်းနေပြီး ပြင်သစ်အသင်းရဲ့ကစားကွက်နဲ့ ယူနိက်တက်အသင်းတို့ရဲ့ ကစားကွက်တွေကို နှိုင်းယှဉ်ပြီး ဝေဖန်ခဲ့လို့ မန်ဖန်အများစုကလည်း ပေါ့ဘာကိုဝေဖန်နေကြပါတယ်။

ပေါ့ဘာဟာ ဒီနှစ်နွေမှာ အသင်းမှာဆက်ရှိမရှိကတော့ မသေချာတော့ပဲ အလွတ်ကြေးနဲ့ပြောင်းရွေ့သွားမှာကို ယူနိက်တက်တို့ဘက်က စိုးရိမ်လျက်ရှိနေကြောင်းသိရပါတယ်။

DBK

Leave a Comment

Your email address will not be published.