ယူနိက်တက်ကဂျိန်းဟုတ်ရဲ့လားမေးရမယ့် တူရကီနဲ့ပွဲတုန်းက ဂျိန်း(ရုပ်/သံ)

မန်ချက်စတာယူနိက်တက်အသင်းမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့် သူ့ရဲ့နိုင်ငံအသင်းမှာတော့ ခြေစွာနေတဲ့ကစားသမားအမြောက်အမြားထွက်ပေါ်လို့လာပြီလည်းဖြစ်ပါတယ်။

အဲ့ဒီကစားသမားတွေထဲမှာ ပြင်သစ်အသင်းကပေါ့ဘာ လည်းပါဝင်သလို ဝေးလ်အသင်းက ဒန်နီရယ်လ်ဂျိန်းကလည်း ထင်မထားလောက်အောင်ကောင်းတဲ့ ခြေစွမ်းတွေပြနေနိုင်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ယူရို၂၀၂၀မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝေးလ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်အပြီးမှာ ခြေစွမ်းပြနေတဲ့ ယူနိက်တက်ကစားသမားဖြစ်တဲ့ဂျိန်းကို လူစားလဲခဲ့တဲ့ ဝေးလ်အသင်းနည်းပြကို ပရိတ်တွေက “လုံးဝရူးသွပ်နေတာပဲ”ဆိုပြီး ဝေဖန်ခဲ့ကြပါသေးတယ်။

ဝေးလ်နဲ့ဆွစ်ဇာလန်တို့ဟာ အဲ့ဒီပွဲမှာ ၁-၁နဲ့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပြီး ဆွစ်ဇာလန်အတွက် နစ်နာခဲ့တယ်လို့တော့ပြောလို့ရပါတယ်။

ဝေးလ်အနေနဲ့ ဆွစ်ကွင်း’လယ်ပိုင်းကို မယှဉ်နိုင်ခဲ့ပဲ ဂိုးသမားလက်စွမ်းပြနေခဲ့လို့ ရှုံးပွဲနဲ့မကြုံခဲ့ရသလို ယူနိက်တက်ကစားသမား ဒန်နီရဲလ်ဂျိန်းက အဲ့ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပါတယ်။

ခံစစ်ပိုင်းကိုဦးစားပေးခဲ့တဲ့ ဝေးလ်အသင်းဟာ ရှေ့လယ်နောက်စုစည်းမှုကလည်း ကျစ်ကျစ်လစ်လစ်ရှိခဲ့ပြီးတော့ဂါရတ်ဘေး ဒန်နီယယ်ဂျိန်း တို့အတွဲကလည်း ဆွစ်ဇာလန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိခဲ့ပါတယ်

အခုလည်းတနေ့ကကန်တဲ့ တူရကီ 0-2 ဝေးလ်ပွဲစဉ်မှာတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်း၏စွမ်းဆောင်ချက်တွေက ယူနိက်တက်က ဂျိန်းများလားလို့မေးရမလိုပါပဲ။ ဂျိန်းဟာဒီပွဲမှာတော့ မိနစ် ၉၀အထိပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပရီတ်သတ်တွေရဲ့ လှိုက်လှိုက်လှဲလှဲအားပေးမှုကိုလည်းရရှိခဲ့ပါတယ်။

ဂျိန်းရဲ့ တူရကီပွဲရဲ့စွမ်းဆောင်ချက်တွေနဲ့ဟိုက်လိုက်ဗီဒီယိုကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။ တူရကီပွဲမှာ ဂျိန်းဟာ ဘောလုံးပေးပို့ရာ၌တိကျမှု%-(86%)၊ ဘောလုံးကျော်ဖြတ်ရန်ကြိုးပမ်းမှု-(6)ကြိမ်၊ အခွင့်အရေးဖန်တီးပေးမှု -(3)ကြိမ်၊ ဘောလုံးလုယူရန်ကြိုးပမ်းမှု-(2)ကြိမ်၊ ဘောလုံးလုယူရာတွင်အောင်မြင်မှု-(2)ကြိမ်တို့ဖြစ်ပါတယ်။ ဒီတော့ဂျိန်းရဲ့ ကစားပုံတွေကို အောက်မှာ ကြည့်ရှုနိုင်ပါပြီ.

DBK

Leave a Comment

Your email address will not be published.