ပြင်သစ်အသင်းမှခြေစွာနေတဲ့ အသင်းဖော် ပေါ့ဘာကိုသတိပေးလိုက်တဲ့ ဘရူနို

လက်ရှိနိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ပြင်သစ်အသင်းမှာ ခြေစွာနေတဲ့ ယူနိက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဘာကို မန်ချက်စတာယူနိက်တက်ကွင်းလယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်က သတိပေးလိုက်ပါတယ်။

ပြင်သစ်အသင်းမှာပေါ့ဘာဟာ မန်ယူအသင်းက ပေါ့ဘာလားလို့မေးရလောက်အောင် အကောင်းဆုံးခြေစွမ်းတွေပြနေတာဖြစ်ပြီး သူ့ရဲ့ပြင်သစ်အသင်းနဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းတို့ ဟာ ယူရိုအုပ်စုအတွင်းမှာ ပြိုင်ဖက်အဖြစ်ကျရောက်နေတာပါ။

ပေါတူဂီနဲ့ပြင်သစ်အသင်းဟာ အုပ်စုFမှာ အတူတူကျရောက်နေတာဖြစ်ပြီး လာမယ့် ၂၃ရက်နေ့မှာ အုပ်စုနောက်ဆုံးပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးခဲ့တဲ့ပွဲမှာ ပြိုင်ဖက်နောက်ခံလူ ဟမ်းမဲရဲ့OWNဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်ပြီး ပေါ့ဘာဟာ အဲ့ဒီပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာဂျာမနီနဲ့ပွဲအပြီး မီဒီယာတွေနဲ့ပေါ့ဘာအင်တာဗျူးနေတဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်မှာဖော်ပြခဲ့ပြီး “မင်းအတွက်ဝမ်းသာပါတယ်ကွာ။ ဒါပေမယ့် ဂျာမနီနဲ့ပွဲမှာပဲ MVPဆုရမှာနော်”လို့ရေးသားပြီးပေါ့ဘာကိုစနောက်တဲ့ပုံစံနဲ့သတိပေးခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီပိုစ့်ကို ပေါ့ဘာမြင်အောင် TAGတွဲပီး ဖာနန်ဒက်က သတိပေးခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေကတော့ ဒီလိုလုပ်တဲ့အပေါ်မှာ ဟာသအနေနဲ့ပဲရှုမြင်ခဲ့ကြပါတယ်။

လက်ရှိချန်ပီယံပေါ်တူဂီအသင်းမှာ ဖာနန်ဒက်နဲ့ရော်နယ်ဒိုတို့၂ယောက်ဟာခြေစွမ်းပြနေကြတာဖြစ်ပြီး
အုပ်စုအဖွင့်ပွဲအဖြစ် ဟန်ဂေရီနဲ့ရင်ဆိုင်ရတဲ့ပွဲမှာ နိင်ပွဲရအောင်ရုန်းကန်ခဲ့ရပြီး မိနစ်၉၀ပြည့်ဖို့၆မိနစ်လောက်အလိုမှာမှ ဂွာရဲရိုးနဲ့ဒိုလေးတို့ သွင်းယူခဲ့တဲ့‌ နောက်ကျဂိုး ၂ဂိုးကြောင့် ၃ဂိုးပြတ်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် အခုလာမယ့် ဇွန်လ ၁၉ရက်နေ့မှာ ဂျာမနီအသင်းနဲ့ မြုးနစ်မြို့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တစ်ကယ်လို့ အဲ့ဒီပွဲမှာအခြေအနေမကောင်းရင် အုပ်စုကတက်ဖို့ ပြင်သစ်အသင်းနဲ့ နောက်ဆုံးပွဲက အဆုံးအဖြတ်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။

ပေါ့ဘာရဲ့ပြင်သစ်နဲ့ ပေါတူဂီရဲ့ ဖာနန်ဒက်တို့ပွဲကို ပရိတ်သတ်တွေကတော့ရင်ခုန်စွာစောင့်မျှော်နေကြပြီလည်းဖြစ်ပါတယ်။

DKB

Leave a Comment

Your email address will not be published.