မျက်ရည်စက်လက်နဲ့ ရာမိုစ့်ကို ခေါ်ယူချင်ပေမယ့် ယူနိက်တက်ဘက်က မလိုက်လျောနိုင်သည့် အကြောင်းရင်း

ရီးရဲလ်မက်ဒရစ်ဂန္တဝင်နောက်ခံလူရာမိုစ့်ဟာဒီနေ့မှာအသင်းကိုမျက်ရည်စက်လက်နဲ့တရားဝင်နုတ်ဆက်လမ်းခွဲခဲ့ပြီဖြစ်ကြောင်းစပိန်မီဒီယာတွေကဖော်ပြပါတယ်။

အသက်၃၄နှစ်အရွယ်ရှိရာမိုစ့်ဟာရီးရဲလ်မက်ဒရစ်အသင်းမှာ၁၆နှစ်ကျော်ကြာပါဝင်ကစားခဲ့ပြီးချန်ပီယံလိဂ်ချန်ပီယံလေးကြိမ်၊လာလီဂါချန်ပီယံဆုငါးကြိမ်အပါအဝင်ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူချန်ပီယံဆုပေါင်း၂၂ကြိမ်ရယူနိုင်ခဲ့ရာအသင်းသမိုင်းတစ်လျှောက်ချန်ပီယံဆုအများဆုံးရယူနိုင်တဲ့ကစားသမားတွေထဲပါဝင်နေပါတယ်။

စပိန်နောက်ခံလူရာမိုစ့်နဲ့အသင်းကြားစာချုပ်သက်တမ်းတိုးရေးသဘောတူညီမှုမရတဲ့အတွက်စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာအသင်းကိုစွန့်ခွာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ရာမိုစ့်ကအသင်းကကမ်းလှမ်းတဲ့အတိုင်းလက်ခံခဲ့ပေမယ့်နောက်ပိုင်းမှာအသင်းကစာချုပ်သက်တမ်းမတိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းဆိုပါတယ်။

ရာမိုစ့်က”ကျွန်တော်ရဲ့အဓိကဦးစားပေးဟာအသင်းမှာဆက်ရှိနေဖို့ပါ၊အသင်းကလစာလျော့ယူပြီးစာချုပ်သက်တမ်းတစ်နှစ်တိုးဖို့ကမ်းလှမ်းခဲ့တယ်။ကျွန်တော်အတွက်ငွေကြေးကအဓိကမကျပါဘူး၊ကျွန်တော်ဟာ၂နှစ်သက်တမ်းရှိစာချုပ်သက်တမ်းတိုးဖို့လိုလားခဲ့တာပါ၊ဒါပေမယ့်နောက်ပိုင်းမှအသင်းကစာချုပ်သက်တမ်းတစ်နှစ်တိုးမယ့်အစီအစဉ်ကိုလက်ခံခဲ့တယ်။အဲဒီအချိန်မှာပဲရီးရဲလ်မက်ဒရစ်အသင်းဟာကျွန်တော်ကိုစာချုပ်သက်တမ်းတိုးဖို့နောက်ထပ်ဆွေးနွေးတော့မှာမဟုတ်တဲ့အကြောင်းအသိပေးလာခဲ့တယ်။ “လို့ပြောပါတယ်။

ဒါ့အပြင်ရာမိုစ့်က”လက်ရှိအချိန်ဟာကျွန်တော်အတွက်အလွန်ခက်ခဲ့တဲ့အချိန်ကာလပါ၊လက်ရှိအချိန်မှာအသင်းကိုတရားဝင်နုတ်ဆက်ရပြီဖြစ်ပါတယ်။အသင်းပရိသတ်နဲ့အသင်းဖော်အားလုံးကိုနုတ်ဆက်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာရှိနေချိန်အတွင်းကူညီပေးခဲ့သူအားလုံးကို ကျေး ဇူးတင်ပါတယ်။ကျွန်တော်ရဲ့နှလုံးသားထဲမှာရီးရဲလ်မက်ဒရစ်အသင်းအမြဲတမ်းရှိနေမှာဖြစ်တယ်။” လို့ဝမ်းနည်းစွာနဲ့နုတ်ဆက်စကားပြောခဲ့ပါတယ်။

မန်ချက်စတာယူနိက်တက်တို့ဟာ အသင်းလက်မဲ့ဖြစ်သွားတဲ့ ရာမိုစ့်ကို ယူနိုက်တက်ဂန္တဝင်ဟောင်းကြီးတွေက ခေါ်ယူဖို့တိုက်တွန်းနေတဲ့ အတွက် ရာမိုစ့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့သိရပါတယ်။

ဒီနှစ်နွေမှာ တောင်ပံတိုက်စစ်၊ ကွင်းလယ်နဲ့နောက်ခံလူ အင်အားဖြည့်ဖို့ လုပ်နေတဲ့ မန်ချက်စတာယူနိက်တက်အသင်းဟာ လက်ရှိအချိန်ထိ ဘယ်ကစားသမားကိုမှ ထိထိမိမိမချိတ်ဆက်နိုင်သေးတာလည်းဖြစ်ပါတယ်။

အပြောင်းအရွေ့ရာသီမတိုင်ခင်ကတည်းက မန်ချက်စတာယူနိက်တက်နဲ့ နာမည်ကြီးနေတဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုနဲ့လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားတာကလွဲလို့ ဈေးကို ခုချိန်ထိညှိနှိုင်းနေတုန်းဖြစ်ပါတယ်။

ဒါ့အပြင် ရီးလ်ရဲက ဗားရန်းကိုလည်း ပေါင်သန်း၅၀နဲ့ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲဘက်က ပေါင်သန်း၈၀တောင်းပြီး ပယ်ချတာခံခဲ့ရပါတယ်။
ဒါ့ကြောင့် မန်ချက်စတာယူနိက်တက်တို့အနေနဲ့ ရီးရဲလ်ဝါရင့်နောက်ခံလူ ရာမိုစ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရာမိုစ့်က တစ်ပတ်လုပ်ခလစာပေါင် ၂သိန်းတောင်းဆိုတယ်လို့ ဒေးလီးမေးလ်ကဖော်ပြပါတယ်။

ရာမိုစ့်က တစ်ပတ်လုပ်ခလစာပေါင်၂သိန်းကို ၂နစ်စာချုပ်ချုပ်ဆိုခြင်းတာကြောင့် မန်ချက်စတာယူနိက်တက်ဘက်က မဖြစ်နိုင်လို့ ရာမိုစ့်ကို မခေါ်ယူတော့တာလည်းဖြစ်ပါတယ်။

လက်ရှိအထိတော့ မန်ချက်စတာယူနိက်တက်အသင်းဟာ လာလီဂါချန်ပိယံဖြစ်တဲ့ အက်သလက်တီကိုအသင်းက ထရစ်ပီယာကို ပေါင်၁၀သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်က ပေါင် ၃၅သန်းထိတင်ထားလို့ ဘယ်ကစားသမားနဲ့မှသေချာတဲ့ခေါ်ယူမှုဖြစ်မြောက်မလာသေးပါဘူး။

လက်ရှိအထိသေချာတဲ့ ခေါ်ယူမှုတစ်ခုကတော့ ဆိုလ်းရှားနဲ့အသင်းဖော်ဖြစ်ခဲ့တဲ့ ဂိုးသမားတွမ်ဟန်တန်ကို အလွတ်ကြေးနဲ့ခေါ်ယူထားတာဖြစ်ပြီး ဒီလကုန်ရင်ရောက်လာမှာပဲသေချာတာရှိပါသေးတယ်။

မန်ချက်စတာယူနိက်တက်တို့ရဲ့ အဓိကပြဿနာကတော့ ယူနိက်တက်အသင်းကစိတ်ဝင်စားခြင်းခံရတဲ့ ကစားသမားဟာ ဈေးမြောက်တက်သွားတာဖြစ်ပြီး ယူနိက်တက်ဘက်က လည်း အချိုအချောင်ရတာပဲလိုချင်နေတာပြဿနာဖြစ်နေတယ်လို့ဆိုရမှာပါပဲဖြစ်ပါတယ်။ဒိတော့ ဂလေဇာနဲ့ယူနိက်တက်တို့ရဲ့ လူသစ်ခေါ်ရေးစီမံချက်ကြီးက ဒီနွေမှာလည်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၊။

DBK

Leave a Comment

Your email address will not be published.