ပေါ့ဘာဟာ ဘယ်လိုကစားသမားမျိုးလဲ ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ပြောလာတဲ့ ဗာရိန်း

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ပြင်သစ်အသင်းက ပေါ့ဘာရဲ့ အသင်းဖော်ဗာရိန်းကတော့ ပေါ့ဘာဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောလိုက်ပါတယ်။

ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မှာဖြစ်ပြီး မန်ယူဘက်ကပေါင်သန်း၅၀နဲ့ကမ်းလှမ်းတာကို ရီးရဲလ်ဘက်က လက်မခံပဲ ပေါင်သန်း ၈၀တောင်းထားလို့ အပြောင်းအရွေ့ကတော့ ညှိနှိုင်းဆဲပဲရှိပါသေးတယ်။

လက်ရှိနိုင်ငံအသင်းမှာအတူကစားနေတဲ့ ယူနိက်တက်ကွင်းလယ်လူပေါ့ဘာနဲ့ပက်သက်ပြီးတော့ရာဖဲလ်ဗာရိန်း က ပေါလ်ပေါ့ဘာ ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သတ်ပြီးအခုလိုဆိုလာပါတယ်

“ပေါ်လ်ရဲ့ ပြောင်းလဲမှု့က အစောပိုင်းမှာထဲကဖြစ်နေတာပါ။ ကျနော့်အထင်ပြောရရင်သူက အခြားကစားသမားတွေထက် ပိုမို စောပြီးရင့်ကျက်နေခဲ့တာပါ ။ အခုဆိုရင် ပိုမိုရင့်ကျက်ပြီး စွမ်းရည်ထက်မြက်တဲ့ ကစားသမားအဖြစ် ရှိနေခဲ့ပါပြီ။

လက်ရှိသူ့ပြသာနာက သူ့ကိုဘယ်နေရာမှာအသုံးချမလည်းဆိုတာပါပဲ။သူကပြီးပြည့်စုံတဲ့ကစားသမားတစ်ယောက်ပါ။ ခံစစ်ကိုလည်းဘယ်အချိန်ဆော့ရမယ်ဆိုသိသလို တိုက်စစ်ကိုလည်း ချိန်သားကိုက် လိုက်ပါနိုင်ပါတယ်။

သူကအသင်းကို စည်းလုံးမှု့ရှိစေသလို ဟန်ချက် ပျက်နေရင်လည်း ဘယ်လို ဝင်ထိန်းပေးရမယ်ဆိုတာ ပြောစရာမလိုပဲ သိနေတတ်သူမျိူးပါ။”

“သူကအမြဲတမ်း ပွဲကြီးတွေဆို ခြေစွမ်းပြသလို ကျနော်တို့အတွက်လည်း ရလာဒ်ကောင်းတွေကိုအဓိကနေရာက စွမ်းဆောင်ပေးထားသူပါ။ သူကအခုဆိုရင် အကောင်းဆုံးအနေထားကိုရောက်နေပြီး သူ့ကို ကျနော်တို့အသင်းမှာ ရှိနေတာ တကယ်ကိုပဲ ဝမ်းသာရပါတယ်။

သူ့မှာအခုဆိုရင် ပိုပြီးရင့်ကျက်တဲ့ စိတ်ပိုင်းဆိုင်ရာမျိုးရှိလာသလို ကွင်းထဲမှာ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ရှိနေတာ အမှန်ပါပဲ။

”” သူကကူညီပေးပါတယ်။သူကအသင်းဖော်တိုင်းကို လေးစားသမှု့ရှိသလို ပြသနာတိုင်းကိုလည်းကောင်းမွန်စွာနားထောင်ပေးပြီး ဘယ်လိုစည်းရုံးရမယ်ဆိုတာ ကိုသိတဲ့ ကစားသမားပါ”လို့ဆိုလိုက်ပါတယ်။ပေါ့ဘာကတော့ ယူနိက်တက်ကပေါ့ဘာလားလို့မေးရလောက်အောင်အခုဆိုရင် နိုင်ငံအသင်းမှာကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသနေတာဖြစ်ပါတယ်။

DBK

Leave a Comment

Your email address will not be published.