ပြောင်းရွေ့ကြေးတွေဖိတောင်းနေလို့ ယူနိက်တက်ကို မပြောင်းရမှာကြောက်နေတဲ့ မန်ယူပစ်မှတ်

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ လာလီဂါချန်ပီယံအသင်း အက်သလက်တီကိုမက်ဒရစ်အသင်းက ကစားသမားကတော့ သူ့အသင်းဟာ တောင်းဆိုထားတဲ့ပြောင်းရွေ့ကြေးကြောင့် ယူနိက်တက်ကို မပြောင်းရမှာကို စိုးရိမ်နေကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုအသင်းရဲ့လာလီဂါချန်ပီယံဆုရယူနိုင်ခဲ့မှုမှာ အဓိက,ကစားသမားတစ်ဦး အဖြစ်ပါဝင်ခဲ့ပေမယ့် အင်္ဂလန်မြေကို ပြန်ဖို့ ဆန္ဒရှိနေတဲ့ နောက်ခံလူ ထရစ်ပီယာဟာ သူအတွက်အသင်းရဲ့ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကြောင့် ယူနိုက်တက်ကို မပြောင်းနိုင်မှာအတွက် ကြောက်ရွံနေကြောင်း The Times သတင်းဌာနရဲ့ဖော်ပြမှု သိရပါတယ်။

ထရစ်ပီယာကို ခေါ်ယူဖို့အတွက် အင်္ဂလန်အသင်းတွေဖြစ်တဲ့ မန် စီးတီးနဲ့ ဘန်လေတို့ကလည်း အစောပိုင်းမှာ စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာ ယူနိုက်တက်အနေနဲ့ ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး ပေါင်သန်း ၁၀ ထက် မနည်းတဲ့ ငွေကြေးနဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အက်သလက်တီကိုအသင်းကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပြီး အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ထရစ်ပီယာရဲ့ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ပေါင် ၃၅ သန်းအထိ အလိုရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထရစ်ပီယာဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကစားနေတာကြောင့် သူရဲ့အပြောင်းအရွှေ့ဟာ နှောင့်နှေးနေတာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

လက်ရှိမှာ ယူနိက်တက်အသင်းကစိတ်ဝင်စားလိုက်တယ်ဆိုတာနဲ့ ကစားသမားတွေရဲ့ ပြောင်းရွေ့ကြေးတွေက မြင့်တက်သွားသလိုဖြစ်နေရပြီး ရီးလ်ရဲအသင်းကလည်း နောက်ခံလူ ဗားရိန်းကို ပေါင်သန်း ၈၀အထိတောင်းဆိုထားတာကို ယူနိက်တက်တို့ရင်ဆိုင်နေရပါတယ်။

Leave a Comment

Your email address will not be published.