ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်ခဲ့ပေမယ့် ဝင်ဘလေကွင်း VIP ကားရပ်နားဝင်းကနေ လှည့်ထွက်သွားခဲ့ရတဲ့ နည်းပြကြီးဖာဂူဆန်


မန်ချက်စတာယူနိက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးဖြစ်တဲ့ နည်းပြကြီးဖာဂူဆန်ဟာ မနေ့ညက ကန်တဲ့ စကော့တလန် အင်္ဂလန်ပွဲကိုလာရောက်ကြည့်ရှုခဲ့ချိန် ကားရပ်နားခွင့်မရခဲ့ဘူးလို့သိရပါတယ်။

မနေ့ညက အင်္ဂလန်အသင်းနဲ့ စတော့တလန်အသင်းတို့ ယှဉ်ပြိုင်ကြတဲ့ ယူရိုပွဲမှာ စတော့တလန်သားကြီး ဖာဂူဆန်ဟာလည်း ကွင်းအတွင်း လာရောက်အားပေးခဲ့တာပါ။

ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းနဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်ခဲ့ပေမယ့် ဝေဘလေကွင်း VIP ကားရပ်နားဝင်းမှာတော့ ဖာဂူဆန်အတွက် နေရာမရှိခဲ့ပါဘူး။

ဂိတ်နားက တာဝန်ရှိသူက “ဒီမှာ ကားရပ်လို့ မရပါဘူးဆရာ”ဆိုတဲ့ စကားဟာ ထူးခြားပြီး သူများနိုင်ငံတွေမှာ အခွင့်ထူးခံလူတန်းစားဆိုတာ လုံးဝ မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်းကြီးဟာ ဝင်ဘလေကွင်း VIP ကားရပ်နားဝင်းကနေ လှည့်ထွက်ခဲ့ရတဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နည်းပြကြီးဖာဂူဆန်ရဲ့ မျက်နှာမှာ စိတ်မကောင်းသွားတဲ့ ဟန်ပါနေပေမယ့် စည်းကမ်းကို လိုက်နာခဲ့ရတာပဲဖြစ်ပါတယ်။

တစ်ခါကလည်း နည်းပြကြီးဖာဂူဆန်ဟာ ယာဉ်မရပ်ရနေရာမှာ ရပ်ထားခဲ့မိပြီး မုန့်ဆိုင်ကို သွားဝယ်နေချိန်မှာ ကားကို ဒဏ်ရိုက်မလို့ဖြစ်ခဲ့ပြီးမှ ယာဉ်ထိန်းရဲက မန်ယူပရိတ်သတ်ဖြစ်နေတာကြောင့်နည်းပြကြီးကို ဒဏ်မရိုက်ပဲ လွတ်ပေးလိုက်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။

နည်းပြကြီးကဦးနှောက်သွေးယိုစိမ့်မှုဝေဒနာခံစားရပြီးနောက်ပိုင်းမှတ်ညဏ်တွေပျောက်ဆုံးသလိုခံစားခဲ့ရပြီး သတိမေ့တတ်တာမျိုးတွေဖြစ်တတ်တယ်လို့ သူ့ကိုယ်တိုင်ရေးစာအုပ်မှာရေးထားဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် နည်းပြကြီးဖာဂူဆန်ကတော့ ဒီတစ်ခါကံမကောင်းခဲ့ပဲ VIPကားရပ်နားဝင်းနေရာမှာကားရပ်ခွင့်မရလို့ လှည့်ထွက်ခဲ့ရတဲ့အဖြစ်နဲ့ကြုံခဲ့ရပါတော့တယ်။

Leave a Comment

Your email address will not be published.