နံပါတ်၁ဂိုးသမားမဖြစ်လို့ အင်္ဂလန်အသင်းကပါနှုတ်ထွက်သွားတဲ့ ဟန်ဒါဆန် နဲ့အိုးထရက်ဖို့လမ်းခွဲ

မန်ချက်စတာယူနိက်တက်အသင်းအတွက် ဂိုးသမားနံပါတ် တစ်နေရာရဖို့တိုက်ပွဲဝင်နေတဲ့ ဟန်ဒါဆန်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းကနေနှုတ်ထွက်ပြလိုက်ပြီး ဒီနှစ်နွေမှာ ယူနိက်တက်အသင်းမှာနံပါတ်တစ်ဂိုးသမားနေရာမရရင် အိုးထရက်ဖို့နဲ့လမ်းခွဲမယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ဟန်ဒါဆန်အင်္ဂလန်အသင်းက နှုတ်ထွက်သွားတာနဲ့ပက်သက်လို့ ယူနိက်တက်ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးကတော့ ဟန်ဒါဆန်ခုလိုနှုတ်ထွက်သွားတာ မန်ချက်စတာယူနိက်တက်အသင်းနည်းပြဆိုလ်းရှားကို သွယ်ဝိုက်သတိပေးခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။

ဟန်ဒါဆန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ နံပါတ်တစ်ဂိုးသမားနေရာမရပဲ အဲဗာတန်းဂိုးသမားကိုနေရာပေးခဲ့လို့ ယူရိုပြိုင်ပွဲစဉ် စတင်ယှဉ်ပြိုင်တဲ့ ပထမပွဲစဉ်အပြီးမှာပဲ နောက်ကြောဒဏ်ရာအကြောင်းပြကာ လက်ရွေးစင်အသင်းကနေထွက်သွားတာပါ။

ဟန်ဒါဆန်အကြောင်းပြတဲ့ဒဏ်ရာဟာပြီးခဲ့တဲ့ရာသီမှာတည်းကဖြစ်နေခဲ့တာဖြစ်ပြီးတော့ ယူရိုပြိုင်ပွဲပြီးမှ အနားယူရင်းကုသဖို့ ဟန်ဒါဆန်က စီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် မန်ယူအသင်းရဲ့ ကစားသမားဟောင်းကြီးတွေကတော့ မန်ချက်စတာယူနိက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ဟန်ဒါဆန်ကို နံပါတ်တစ်နေရာ အာမခံချက်မပေးရင် အသင်းကထွက်ခွာသွားလိမ့်မယ်လို့ သတိပေးနေကြတာပါ။

ဒါ့အပြင် နာမည်ကြီးမီဒီယာတွေရဲ့ဖော်ပြချက်အရ ဟန်ဒါဆန်ဟာ မန်ချက်စတာယူနိက်တက်အသင်းမှာ အသင်းရဲ့ ဝန်ထမ်းတွေနဲ့လည်းဆက်ဆံရေးအဆင်မပြေသူဖြစ်ပြီး နည်းပြဆိုလိးရှားကလည်း ဟန်ဒါဆန်ကို ယုံကြည်မှုနည်းနေသေးတယ်လို့ဖော်ပြနေကြပါတယ်။

ဒါကြောင့်နောက်နှစ်နွေမှာ အိုးထရက်ဖို့နဲ့လမ်းခွဲရမယ့် ဂိုးသမား ၂ယောက်ထဲက၁ယောက်မှာ ဟန်ဒါဆန်ပဲဖြစ်လိမ့်မယ်လို့ ဒေးလီးမေလ်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။

DBK

Leave a Comment

Your email address will not be published.