ရွိင်းအိုလာနဲ့PSGဥက္ကဌဆွေးနွေးပေါ့ဘာ အိုးထရက်ဖို့ကို တစ်ကယ်လမ်းခွဲတော့မည်.

တစ်ရာသီလုံးအသင်းကထွက်မယ်တကဲကဲလုပ်နေတဲ့ ပေါ့ဘာကိစ္စနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့နေ့က ပေါ့လာအေးဂျင့်ရွင်းအိုလာဟာပီအက်စ်ဂျီအသင်း ဥက္ကဌနဲ့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီကတည်းက ရီးလ်ရဲ ဘာစီလိုနာစတဲ့အသင်းတွေနဲ့ သတင်းတွေထွက်နေပြီး အပြောင်းအရွေ့အတွက် အမြဲနာမည်ထွက်နေခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရှိနိုင်ငံအသင်းမှာပြနိုင်တာလောက်တော့ကောင်းမွန်ခဲ့ခြင်းမရှိပဲ ကောင်းတစ်လှည့်ဆိုးတစ်လှည့်ဖြစ်နေတယ်လို့ဆိုရမှာပါ။

ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း ပေါ့ဘာဟာ ယူနိက်တက်ရဲ့ကစားကွက်နဲ့ပက်သက်ပြီး ဝေဖန်ခဲ့ပြီး သူ့အနေနဲ့နိုင်ငံအသင်းမှာခြေစွမ်းပြနိုင်တာ ကစားကွက်ကောင်းမွန်လို့ဆိုပြီးလည်းပြောခဲ့ပါသေးတယ်။

ပေါ့ဘာအေးဂျင့်ဟာ ယူနိက်တက်အသင်းကို ပေါ့ဘာအတွက်တစ်ပတ်လုပ်ခလစာပေါင် ၅သိန်းတောင်းဆိုနေတာဖြစ်ပြီး ယူနိက်တက်ဘက်ကတော့ ညှိနိင်းဖို့ခက်ခဲနေတာဖြစ်ပြီး ပေါ့ဘာကို အလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်သွားမှာကိုတောင်စိုးရိမ်နေရတာပါ။

အဲ့ဒီလိုအချိန်မှာ ပေါ့ဘာအေးဂျင့်ရွင်းအိုလာနဲ့ ပီအက်စ်ဂျီဥက္ကဌ Nasser Al-khelaifeတို့ဟာ ပြင်သစ်နိုင်ငံမှာ NICE မြို့မှာ ပီးခဲ့တဲ့ ၃ရက်ကတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ခဲ့ပြီး ဘယ်နောက်ခံလူ BAKKERတိုက်စစ်မှူးKEAN နဲ့ပေါ့ဘာတို့အကြောင်းတွေဆွေးနွေးခဲ့တယ်လို့ပြင်သစ်သတင်းထောက်မိုဟာမက်ဘိုဟာဆာဖီကရေးသားထားပါတယ်။

ယူနိုက်တက်ကပေါဘာကိုမရောင်းချလိုပေမယ့် ပေါ့ဘာဘက်ကသက်တမ်းတိုးလိုခြင်းမရှိတော့တာကြောင့် ပေါ့ဘာအတွက် ယူရိုသန်း ၈၀လောက်တောင်းဆိုသွားမယ်လို့သိရပါတယ်။ ကဲမန်ဖန်တွေအမြင်လေး

DBK

Leave a Comment

Your email address will not be published.