ဆန်ချိုနဲ့တိုင်ပတ်နေတဲ့ မန်ယူကို ကျန်ရစ်ဖြစ်အောင် ထပ်လုပ်ဦးမယ့် မန်စီးတီး

မန်ချက်စတာယူနိက်တက်အသင်းဟာ ဒေါ့မွန်အသင်းက တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ လက်ရှိအထိ ညှိနှိုင်းနေတုန်းဖြစ်နေပြီး ဒုတိယအကြိမ်တော့ကမ်းလှမ်းမှုစတင်လိုက်ပါပြီ.

တစ်ဖက်မှာလည်း ဒီနှစ်နွေမှာ အနာဂါတ်မသေချာတော့တဲ့ ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာပြဿနာကရှိနေပါသေးတယ်။

ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာအေးဂျင့် ရွိင်းအိုလာက ပြီးခဲ့တဲ့အပတ်က ပြင်သစ်နိုင်ငံမှာ ပီအက်စ်ဂျီဥက္ကဌနဲ့ပေါ့ဘာအပြောင်းအရွေ့ကိစ္စ စကားတွေပြောထားပြီး ယူနိက်တက်ဘက်က သက်တမ်းတိုးမှာ ပေါ့ဘာဟာ လက်ခံဖွယ်မရှိတော့တဲ့အတွက် ကွင်းလယ်လိုအပ်ချက်ရှိလာဦးမှာဖြစ်ပါတယ်။

ဒါကြောင့် မနှစ်တည်းက နည်းပြဆိုလ်းရှားမျက်စိကျနေတဲ့ အက်စတွန်ဗီလာကွင်းလယ်ကြယ်ပွင့် ဂျက်ဂရေးလစ်ကို ခေါ်ယူဖို့ ယူနိက်တက်တို့က ပစ်မှတ်ထားထားတာပါ။

ကစားသမားကတော့ မနစ်က မန်ယူကအသဲနှလုံးအသင်းဘာညာပြောထားပေမယ့် ဒီနှစ်မှာတော့ မန်စီးတီးမှာကစားချင်တယ်လို့တော့ အသံထွက်ထားပါတယ်။
ယူနိက်တက်ဘက်က လိုချင်တယ် အသံသာထွက်ပီး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေမပါတာကို စိတ်ကုန်သွားတာလည်းဖြစ်နိုင်ပါတယ်။

ဒီအချိန်မှာပဲ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးက ဂျက်ဂရေးလစ်ကို ပေါင်သန်း၈၀ကျော်သုံးပြီး ဝယ်ယူဖို့ စတင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။

“ဂရေးလစ်က အကောင်းဆုံးကစားသမားပါ။ သူဘယ်လိုစွမ်းဆောင်နိုင်တယ် ၊ကွင်းထဲမှာ ဘယ်လိုကစားသမားလဲဆိုတာသက်သေပြခဲ့ပြီးလည်းဖြစ်ပါတယ်။ ကျွန်တော်ကသူ့ပရိတ်သတ်ပါ။”လို့ ဂွာဒီယိုလာကဆိုပါတယ်။

” သူ့လိုကစားသမားကို ခေါ်ယူဖို့မန်စီးတီးက ဖြစ်နိုင်သမျလုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်”လို့သူကဆက်ပြောပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာတော့ ဂရေးလစိကိုသာပစ်မှတ်ထားနေတာဖြစ်ပြီး တရားဝင်ကမ်းလှမ်းမှုတွေမကြာခင်စတင်လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဒီနှစ်နွေမှာ ပေါ့ဘာကို ယူရိုသန်း၈၀နဲ့ ယူနိက်တက်တို့က ရောင်းထုတ်သွားဖွယ်ရှိပြီး ပေါ့ဘာနေရာကို ဖြည့်ဆည်းနိုင်မယ့် ဂရေးလစ်ကိုလည်း ဝယ်ယူသွားဖို့စဉ်းစားနေပါတယ်။

ဒါပေမယ့်လည်း ပေါင်သန်း ၉၀ကျော်၁၀၀နီးပါးကပ်နေတဲ့ ဂရေးလစ်ကို ဆန်ချိုဖြစ်စဉ်နဲ့ယှဉ်ကြည့်ရင်ပဲ ယူနိက်တက်တို့ဟာ ကျဆုံးရတော့မလိုဖြစ်နေပါပြီ။ ဒါကြောင့် မန်ဖန်တွေအနေနဲ့ ဆန်ချိုရောက်လာဖို့သာဆုတောင်းထားနေတာအကောင်းဆုံးဖြစ်ပြီး နစ်တိုင်းဂလေဇာရဲ့လုပ်နေကျ လူသစ်ခေါ်ယူရေးဂျင်းထည့်တဲ့အစီအစဉ်ကို အေးအေးဆေးဆေးနွေရာသီပိတ်ကားပေါ် ဆက်လက်စောင့်ကြည့်နေတာပဲအကောင်းဆုံးဖြစ်မယ်လို့အကြံပေးလိုက်ပါရစေ

DBK.

Leave a Comment

Your email address will not be published.