ယူနိက်တက်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုလည်း ဒေါ့မွန်မကျေနပ်၊ ကတ်သပ်နေဟု ထင်နေ

ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျာဒန်ဆန်ချိုကို ပြောင်းရွေ့ကြေးတိုးမြင့်ပြီး ဒုတိယအကြိမ် ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယူနိက်တက်အသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားတာကလွဲရင်သေချာမှုဘာမှတော့မရှိသေးပါဘူး

ယူနိုက်တက်ရဲ့ ပေါင် ၆၇ သန်း + အပိုဆုကြေး ပေါင် ၈ သန်းနဲ့ ဆန်ချိုအတွက် ပထမဆုံးကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပြီးခဲ့တဲ့အပတ်က ပယ်ချခဲ့ပါတယ်။

ဂျာမန်ကလပ်ဟာ အင်္ဂလန်သားအတွက် ပေါင် ၇၅ သန်းထက်များတဲ့ ပြောင်းရွေ့ကြေးပမာဏကို အလိုရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်ဟာ အပိုဆုကြေးအပါအဝင် ဒေါ့မွန် မငြင်းပယ်နိုင်လောက်တဲ့ ပြောင်းရွေ့ကြေးပမာဏဖြစ်တဲ့ ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ဆန်ချိုကို ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုအပေါ် ဒေါ့မွန် ဘက်မှ ကျေနပ်မှုမရှိသေးကြောင်းဒေးလီးမေးလ်းသတင်းကဖော်ပြထားပါတယ်။

ဒါ့အပြင် ယူနိက်တက်ဘက်က ဈေးဆစ်နေတဲ့ အတွက်ကြောင့်ယူနိုက်တက်အနေနဲ့ဆန်ချိုဘယ်လောက်အထိကောင်းမွန်ကြောင်းကို နားမလည်သေးဟု ဒေါ့မွန်ဘက်ကယုံကြည်ထားတယ်လို့ သတင်းများကဆိုပါတယ်။

ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ ပြင်ဆင်နေတဲ့ အိုလေဂန်းနားဆိုးလ်ရှားရဲ့အသင်းသို့ ဆန်ချို ကိုယ်တိုင်က ပြောင်းရွေ့လိုနေပေမယ့် အခြေအနေကတော့ ဘာဆက်ဖြစ်မယ်ပြောလို့မရသေးပါဘူး။

ဆန်ချိုနဲ့ ဒေါ့မွန်စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ လာမယ့်နှစ်မှာ ဆန်ချိုရဲ့စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လအတွင်းကို ရောက်ရှိမှာဖြစ်တာကြောင့် ဆန်ချိုကို ယခုနှစ်အတွင်း အသင်းက ရောင်းချသွားနိုင်ပါတယ်။

ယူနိက်တက်အတွက်လောလောဆယ်အသေချာဆုံးကတော့ ဒီလကုန်မှရောက်လာမယ့် နောက်ထပ်ဂိုးသမားသစ်တစ်ယောက်ဖြစ်တဲ့ ဆိုးလ်းရှားနဲ့ကစားဖော် ဂိုးသမားတွမ်ဟန်တန်ပဲဖြစ်ပါတယ်။

ယူနိက်တက်အသင်းဟာ ဆန်ချိုအပြင် အေတီကိုအစွန်ခံစစ်မှူး ကီယာရန်ထရစ်ပီယာ၊ ရီးယဲလ်မက်ဒရစ် ဗဟိုခံစစ်မှူး ရာဖေးလ်ဗာရန်းနဲ့ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် အက်စတွန်ဗီလာက ဂျက်ဂရေးလစ်တို့ကိုလည်း အလိုရှိနေပါတယ်။ သို့သော် အလိုရှိတယ်ဆိုတဲ့အဆင့်ပဲရှိပြီးလက်တွေ့ကျတဲ့အလုပ်တစ်ခုကို ဘာတစ်ခုမှမယ်မယ်ရရလုပ်ထားတာတော့မရှိသေးပါဘူး။

DKB

Leave a Comment

Your email address will not be published.