ဗားရိန်းဈေးကိုင်နေလို့ ပေါင်၅၆သန်းတန်နောက်ခံမွန်းစတားကို ခေါတော့မယ့် မန်ယူ

မန်ချက်စတာယူနိက်တက်အသင်းကတော့ ပြီးခဲ့တဲ့ တစ်ရာသီလုံး ပလိုင်းပေါက်နဲ့ဖားကောက်ဖြစ်နေခဲ့တဲ့နောက်တန်းကို ပြုပြင်ဖာထေးဖို့
နောက်ခံမွန်းစတားတစ်ယောက်ကို မဖြစ်မနေခေါ်ဖို့လိုအပ်နေတာပါ၊

ယူနိက်တက်အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့တွဲဖက်ကစားနိုင်မယ့် နောက်ခံလူကို ရှာဖွေနေတာဖြစ်ပြီး ရီးလ်ရဲမက်ဒရစ်အသင်းက ဗားရန်းကို အဓိက ဦးစားပေးပစ်မှတ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရီးလ်ရဲမက်ဒရစ်ကို အသင်းကထွက်ခွာတော့မယ့် ဗားရန်းကို ပေါင်သန်း၈၀လောက်တောင်းနေတာဖြစ်ပြီး ယူနိက်တက်ဘက်က ပေါင်သန်း၅၀နဲ့ကမ်းလှမ်းတာကို လက်မခံပယ်ချခဲ့တဲ့အတွက် နောက်ထပ်နောက်ခံလူတစ်ယောက်ကို စဉ်းစားလာပါတယ်။

အဲ့ဒီနောက်ခံလူကတော့ ပြီးခဲ့တဲ့နစ်ကတည်းက ယူနိက်တက်က စောင့်ကြည့်နေခဲ့တာဖြစ်တဲ့ စပိန်လက်ရွေးစင်အသင်းမှာကစားနေတဲ့ ပေါ်တောရက်စ်ပဲဖြစ်ပါတယ်။

ပေါ်တောရက်စ်ကို မန်ယူဟာစောင့်ကြည့်နေတာကြာပြီဖြစ်ပြီး ဗားရန်းကို အဓိကပစ်မှတ်ထားပြီးဦးစားပေးလုပ်နေခဲ့တာပါ။

ဒါပေမယ့် ရီးရဲက ဈေးကိုင်နေတဲ့အတွက် နောက်တစ်ပတ်မှာဆွေးနွေးလို့ အဆင်မပြေဘူးဆိုရင် ဗီလာရီးလ်ရဲ နောက်ခံလူ ပေါ်တောကို ပေါင်၅၆သန်းနဲ့တရားဝင်ကမ်းလှမ်းသွားဖို့လုပ်နေတယ်လို့ စပိန်သတင်းများကဆိုပါတယ်။

ပေါ်တောရက်ဟာ ယူနိက်တက်အတွက် နောက်ဆုံးလက်မှတ်ထိုးပြီးခေါ်ယူဖို့ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ ဗားရန်းနဲ့လွဲရင် ရာမိုစ့်ကို အလွတ်ကြေးနဲ့ခေါ်ဖို့ဆွေးနွေးဦးမှာဖြစ်ပြီး ဒါကလည်း အဆင်ပြေချင်ပြေသွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ရာမို့ကတော့ မဖြစ်နိုင်တဲ့ဘက်ကများနေပြီး ပီအက်စ်ဂျီက လက်တွေ့ကျကျ ချိတ်ဆက်နေပြီဖြစ်တယ်လို့ စပိန်သတင်းများကရေးထားပါတယ်။ဒါကြောင့်ပေါ်တောရက်စ်ဟာ ယူနိက်တက်တို့အတွက် နောက်ခံလူနေရာအတွက် နောက်ဆုံးပစ်မှတ်ဖြစ်လာနိုင်ပြီးပေါင်သန်း၅၀ကျော်နဲ့လက်ခံရင် မကြာခင်တရားဝင်ဆွေးနွေးပြီးခေါ်ယူသွားတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထုံးစံအတိုင်း ယူနိက်တက်ဘက်ကလက်ရှိမှာ ဗီလာရီးရဲလ်ဘက်ကို ပေါင် ၄၃သန်းနဲ့ ရမလားလို့ အရင် စုံစမ်းနေတယ်လို့သတင်းများကဆိုပါတယ်။

ပေါ်တောရက်စ်ကို ဗားရန်းနဲ့ရာမိုစ့်ကို ဆုံးရှုံးရတော့မယ့် ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ယူချင်နေတာဖြစ်ပြီး ဗီလာရီးရဲလ်ကတော့ ပေါ်တောရက်စ်အတွက် ယူရို ၆၅သန်း ပေါင်၅၆သန်းကို အလိုရှိနေတာပါ။

ယူနိက်တက်ဘက်က နောက်ခံလူလိုအပ်ချက်ကြောင့် ဒီတောင်းဆိုမှုကို စဉ်းစားနေပြီး ပေါင်သန်း၈၀တန် ဗားရန်း အဆင်မပြေဘူးဆိုရင်တော့
ပေါင်၅၆သန်းတန်နောက်ခံမွန်းစတားကို အရခေါ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ကာလရှည်ပစ်မှတ်ဆန်ချိုနဲ့တင်တိုင်ပတ်နေတဲ့ မန်ယူကိုတော့ တစ်ကယ်ရောက်လာမှပဲရောက်လာတယ်ဆိုပြီးယုံကြည်ရမယ့်အခြေအနေဖြစ်နေလို့စောင့်ကြည့်ကြပါဦးလို့ပဲပြောလိုက်ပါရစေ,,ဗားရန်းထက်ပေါ်တော်ရက်စ်ကိုတော့ပိုကြိုက်မိတာအမှန်ပါပဲ,,မန်ဖန်တွေအမြင်ရော..

DKB

Leave a Comment

Your email address will not be published.