ယူနိက်တက်ကြောင့် ဆန်ချိုမကစားရတာဆိုပြီး ဖောင်းထုနေတဲ့ကိစ္စ ဆောက်ဂိတ်ရှင်းပြီ

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ဘိုးတော်မင်းလေးဘက်ကုန်းလောက်ကတည်းက မျှော်မှန်းထားတဲ့ ကာလအင်မတန်ရှည်ပစ်မှတ် ဆန်ချိုဟာ သူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ အင်္ဂလန်အသင်းမှာ တစ်ပွဲမှမကစားရသေးတာနဲ့ပက်သက်ပြီး ဝေဖန်မှုတွေအမျိုးမျိုးထွက်နေပါတယ်။

အထူးသဖြင့် နိုင်ငံခြားက၁၉သင်းဖန်တွေနဲ့ ပြည်ထောင်စုသမ္မတဖောင်းထုရေးမြန်မာနိုင်ငံတော်ကြီးမှဖန်အများစုဟာ မန်ချက်စတာယူနိက်တက်အသင်းကြောင့် ဆန်ချိုပါ အင်္ဂလန်အသင်းမှာမကစားရတော့တာဖြစ်တယ်လို့ ထရိုးနေကြတာဖြစ်ပြီး လတ်တလောဖြစ်နေတဲ့ကိစ္စနဲ့ပက်သက်လို့ ဒီနှစ်ယူရိုမှာတလွဲလုပ်ဘွဲ့ရ ဆောက်ဂိတ်ကတော့ ကိုယ်တိုင်ကိုယ်ကျ ထွက်ရှင်းလာပြီလည်းဖြစ်ပါတယ်။

ဆန်ချိုဟာလက်ရှိထိ ယူရို၂၀၂၀ပြိုင်ပွဲမှာ တစ်ပွဲမှာပါဝင်ကစားရခြင်းမရှိသေးပဲ အုပ်စုအဖွင့်ပဲဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲမှာဆို ဆန်ချိုဟာ အရန်လူစာရင်းမှာတောင် ပါဝင်ခွင့်မရခဲ့ပါဘူး။

ဒါနဲ့ပက်သက်ပြီး ဆောက်ဂိတ်ကခုလိုပြောဆိုလာပါတယ်။””ဆန်ချိုနဲ့ပက်သက်ပြီးဒီရက်ပိုင်း ပေါက်ကွဲတဲ့ အမြင်တွေ ဝေဖန်မှုတွေအများကြီးကျွန်တော်တို့ရရှိနေပါတယ်။”လို့ဆောက်ဂိတ်ကစပြောလိုက်ပါတယ်။

“အင်္ဂလန်အသင်းကစားသမားအများအပြားရဲ့အတွေ့အကြုံပိုင်းက ယူရိုလိုပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ်အဖြစ်ကစားဖူးကြတာဖြစ်ပြီးသူတို့ကသိပ်ငယ်သေးပါတယ်။”လို့ဆောက်ဂိတ်က ဆန်းဒေးသတင်းစာကိုပြောလိုက်ပါတယ်။

“ဒါကြောင့် နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်တို့က ကစားသမားတစ်ဦးချင်းစီအပေါ်မျော်လင့်ထားမှုတွေကို ခနဘေးဖယ်ထားပြီးလက်တွေ့ကျကျပဲကြည့်မြင်ရပါတယ်။ ဂျေဒန်ဆန်ချိုကလည်း အဲ့ဒီထဲမှာပါပါတယ်”လို့ဆောက်ဂိတ်ကဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက သူလေ့ကျင့်ရေးကွင်းမှာကောင်းကောင်းလေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာရွေးချယ်စရာတွေများနေတော့ ဒီလိုပဲပွဲထွက်အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာပါပဲ”လို့ဆောက်ဂိတ်ကဆန်ချိုကိုမထည့်တာနဲ့ပက်သက်ပြီး ပရိတ်သတ်တွေရဲ့အမြင်ကို ခုခံချေပသွားပါတယ်။

ဆန်ချိုဟာ ခရိုအေးရှားနဲ့ပွဲမှာ အရံလူစာရင်းတောင်မပါသလို ဒုတိယမြောက်ပွဲဖြစ်တဲ့ စကော့တလန်ပွဲမှာတော့ အရန်လူစာရင်းမှာပါဝင်လာပေမယ့် လူစားဝင်ကစားခွင့်မရခဲ့ပါဘူး။

နည်းပြဆောက်ဂိတ်ဟာ ဆန်ချိုကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ၁၉ကြိမ်ပါဝင်ကစားခိုင်းခဲ့ဖူးပြီး ၁၀ကြိမ်ကသာပွဲထွက်ကစားခိုင်းဖူးခဲ့တာဖြစ်ပြီး ကျန်ပွဲတွေမှာလူစားဝင်ကစားသမားအဖြစ်သာအသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချက်နဲ့ယှဉ်ပြိုင်မယ့်ပွဲမှာတော့ တိုက်စစ်အတွက်ဆန်ချိုကို ထည့်သွင်းအသုံးပြုဖို့ စဉ်းစားနေကြောင်းဆောက်ဂိတ်က ဝန်ခံပြောဆိုခဲ့ပါတယ်။

အသက်၂၁နှစ်အရွယ်ဆန်ချိုဟာ လက်ရှိယူနိက်တက်ကိုပြောင်းဖို့နီးစပ်နေပြီး ဒေါ့မွန်အသင်းမှာ ပြီးခဲ့တဲ့ရာသီက ၃၈ပွဲကစား ၁၆ဂိုးသွင်းပြီး ဂိုးဖန်တီးမှု အကြိမ်၂၀ထိပြုလုပ်ထားနိုင်သူလည်းဖြစ်ပါတယ်။

ဆန်ချိုဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃ဂိုးသွင်း ၅ဂိုးဖန်တီးပေးထားနိုင်ပေမယ့် ဒိနှစ်မှာ လက်ရွေးစင်အသင်းမှာ ထည့်သွင်းအသုံးမပြုမှုအပေါ် ယူနိက်တက်နဲ့ပက်သက်မိလို့ဆိုပြီး လူမှုကွန်ရက်မှာ Trollနေကြတာပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့ပါတယ်။

ဒါနဲ့ပက်သက်ပြီး နည်းပြဆောက်ဂိတ်ကတော့ ကောလဟာလတွေတစ်ခုမှမဟုတ်ပဲ နည်းပြတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ဆင်ခြင်တုံ့တရားအရ ရွေးချယ်ခဲ့တာသာဖြစ်ပြီးချက်နဲ့ပွဲမှာတော့ ဝေဖန်မှုတွေအတွက်ဆန်ချိုကိုထည့်သွင်းအသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

DBK

Leave a Comment

Your email address will not be published.