ဥရောပစူပါလိဂ်ကိုစလုပ်တဲ့ အစစ်အမှန်တရားခံက မန်ယူနဲ့လီဗာပူးဆိုပြီး စွပ်စွဲလိုက်တဲ့ ဘာစီ

ဘောလုံးကမ္ဘာအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ ဥရောပစူပါလိဂ်ပြသာနာဟာ ခုထိမပြီးဆုံးသေးပဲ တငွေ့ငွေ့လောင်ကျွမ်းနေဆဲပဲဖြစ်ပါတယ်။

April လ 18 ရက်နေ့မှာဘောလုံးကမ္ဘာအတွက်သတင်းဆိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ပရီးမီးယားလိဂ်က အင်္ဂလန်ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ယူ,မန်စီးတီး,လီဗာပူး,အာဆင်နယ်,စပါးအီတလီ စီးရီးအေက ဂျူ ဗင်တပ်,အင်တာမီလန်,အေစီမီလန်စပိန်လာလီဂါ က ဘာစီလိုနာ,ရီးရဲမက်ဒရစ်အက်သလက်တီကိုမက်ဒရစ်အသင်းတွေကယူရိုပီယံစူပါလိဂ် ဆိုပြီးသူတို့အသင်း ၁၂သင်းနဲ့တခြားဝင်လာမဲ့အသင်း ၈ သင်းစုစုပေါင်း အသင်း၂၀ ကပါတ်လည်ကန်မဲ့ လိဂ်တစ်ခုတည်ထောင်လိုက်ကြောင်းပါပဲ။

ဒီလိဂ်ကို စတင်သူကရီးရဲလ်ဥက္ကဌ ပီးရက်ဇ်ရဲ့အကြံပါပဲ။လိဂ်က တန်းတက်တန်းဆင်းမရှိပဲ ဒီအသင်းတွေပဲ ပါတ်လည်ကန်ရပါမယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကငွေကြေးကြောင့်ပါပဲ။

အိမ်ကွင်းအဝေးကွင်းစနစ်ကိုကျင့်သုံးမယ်လို့ဆိုပေမဲ့ကိုဗစ်ကြောင့်နိုင်ငံတွေကူးသန်းသွားလာပြီးအဝေးကွင်းကန်ဖို့ခက်ခဲမှာပါပဲ။ရီးရဲလ်ရဲ့ဥက္ကဌFlorentino Perez သည် Super League ၏ ဥက္ကဌ အဖြစ်တာဝန်ယူပြီး မန်ယူရဲ့ပိုင်ရှင် ဂလေဇာမိသားစုက သားတစ်ဦးဖြစ်တဲ့Joel Glazer သည် ဒု ဥက္ကဌဖြစ်ပါတယ်။

ဒီလိဂ်ကို ပါဝင်ဖို့ သဘောတူတဲ့အသင်းတိုင်းကပူးပေါင်းရုံနဲ့ဒေါ်လာ ၄၂၅ သန်း ရရှိမှာဖြစ်ပါတယ်။ဒီငွေကြေးပမာဏကအလွယ်ပြောရရင် သက်ဆိုင်ရာရိုးရိုးလိဂ်တွေမှာဗိုလ်စွဲပြီးနဲ့အပြင်UEFA ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့ဖလား ၂ ခုပေါင်းရတဲ့ဆုကြေးထက်တောင်အခုပေးတဲ့သဘောတူလက်မှတ်ထိုးပူးပေါင်းကြေးကများပါသေးတယ်။

May Beဒီလိဂ္မြာပါမဲ့ကလပ်တစ်ခုကတစ်နှစ်ကိုဆုကြေးငွေဒေါ်လာသန်း ၅၀၀ နီးပါးရနိုင်ပါသတဲ့။ကြည့်ရှုအားပေးနေကျရသအပြည့်ပါတဲ့ယှဉ်ပြိုင်မှုပြင်းထန်တဲ့ဘောလုံးပွဲစဉ်တွေအစားကလပ်အသင်းကြီးတွေမပါတော့တဲ့ ပွဲစဉ်တွေကိုစောင့်ကြည့်ရမလို့ဖြစ်ခဲ့တဲ့အထိပါပဲ။

ဒါပေမယ့် အရေးယူမယ်ဆိုတဲ့သတင်းတွေကြောင့် ဥရောပ စူပါလိဂ်ပျက်သိမ်းသွားခဲ့ပြီဥရောပစူပါလိဂ်ဖြစ်ဖို့ အထူးပါဝင်တဲ့ ယူနိုက်တက် အမှုဆောင်အရာရှိချုပ်လည်း တိုင်ပတ်ခဲ့ပါပြီ အက်ဝုဒ်ဟာ ဥရောပစူပါလိဂ် ပြုလုပ်ရေးမှာ ကိုယ့်ရှူးကိုယ်ပြန်ပက်ခဲ့ပြီးနောက် နှစ်ကုန်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ နှုတ်ထွက်စာ တင်ခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အခြားပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်တို့နဲ့အတူ ဥရောပစူပါလိဂ်ကို စတင်တည်ထောင်တဲ့ အသင်း၁သင်းအဖြစ် သတ်မှတ်ခံခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကြား ငွေကြေးကိုသာကြည့်ပြီး အသင်းကောင်းဖို့ မကြည့်တတ်တဲ့ ဝုဒ်ဝက်ဟာ လူမုန်းများနေခဲ့ပြီး ဝေဖန်စရာ ဖြစ်နေတဲ့ ဝုဒ်ဝါ့ဟာ ယခုနှစ်ကုန်မှာ ယူနိုက်တက်က ထွက်ခွာဖို့ နှုတ်ထွက်စာ တင်ခဲ့ရပါပြီ

Talksportရဲ့ ဖော်ပြချက်အရ ၄၉နှစ်သားဟာ စူပါလိဂ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိစေခဲ့တာကြောင့် ယခုလို နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

အခုအခါမှာတော့ ပြဿနာတွေများစွာတက်ခဲ့တဲ့ ဥရောပစူပါလိဂ်ကို စတင်တည်ထောင်တဲ့ အစစ်အမှန်founderတွေဟာ လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ဖြစ်တယ်လို့ BARCELONE PRESIDENT ဖြစ်တဲ့ ဂျွန်လပေါ်တာက ဝန်ခံလိုက်ပါတယ်။

UEFAကလည်း စူပါလိဂ်နဲ့ပက်သက်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်ဆိုတာတွေဖြစ်လာခဲ့ပြီး
တရားရုံးမှာ စူပါလိဂ်မှာပါဝင်သူတွေနဲ့ အပြန်အလှန်တရားရင်ဆိုင်တာတွေဖြစ်လာရပြီး လက်ရှိမှာတော့ အမှုကို ဆိုင်းငံ့ထားပါတယ်။

“တစ်ကယ်က စူပါလိဂ်ကို တစ်ကယ့်အစစ်အမှန်တည်ထောင်ဖို့ အိုင်ဒီယာစခဲ့တာ မန်ချက်စတာယူနိက်တက်နဲ့ လီဗာပူးအသင်းဗျ”လို့JOAN LAPORTAကစပိန်မီဒီယာနဲ့အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။

“UEFAကဘာတွေဘယ်လိုပြောပြော စူပါလိဂ်ပရောဂျက်ကလည်း အသက်ရှိနေပါသေးတယ်။ ဒီကောင်က ကမ္ဘာ့ဆွဲဆောင်မှုအပြင်းဆုံး ပြိုင်ပွဲတစ်ပွဲဖြစ်လာမှာပါဗျ”လို့သူကဆက်ပြောပါတယ်။

“ဥရောပစူပါလိဂ်မပေါလာရင် ဘောလုံးလောကအခြေအနေကတော်တော်ဆိုးသွားလိမ့်မယ်”လို့လည်းသူကဆိုပါတယ်။လက်ရှိမှာ နာမည်ကြီးကလပ်အသင်းတွေဟာ ကိုဗစ်ကြောင့် စီးပွားရေးအကျပ်အတည်းတွေကြုံနေရတာဖြစ်ပြီး စီးပွားဖြစ်လုပ်မယ့် စူပါလိဂ်ကို အသင်းကြီးတွေက ထူထောင်နေချင်ကြတုန်းပဲဖြစ်ပါတယ်။

ဒါ့အပြင်သူတို့ရဲ့ ဘာစီလိုနာဟာ ငွေရေးကြေးရေးအခက်အခဲတွေကို တခြားအသင်းတွေလိုတော်တော်လေးကြုံတွေ့နေရပြီး အသင်းဟာဝင်ငွေထက်ထွက်ငွေပိုများနေတယ်လို့JOAN LAPORTAကဆိုပါတယ်။

UEFAကတော့ ဥရောပစူပါလိဂ်စတင်ဖို့ အဓိကနေရာကနေပါဝင်ခဲ့တဲ့ အသင်း ၃သင်းဖြစ်တဲ့ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်သွားမယ်လို့ကြေငြာခဲ့ပြီး လက်ရှိမှာတော့ စူပါလိဂ်ကို နောက်တစ်ကြိမ်ပါဝင်ဖို့ကြိုးစားရင် အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်သွားမယ်ဆိုပြီးတော့ မန်ယူအပါအဝင်အသင်းကြီးတွေကို ပရီးမီးယားလိဂ်က လက်မှတ်ထိုးခိုင်းထားပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

dbk

Leave a Comment

Your email address will not be published.