နောက်နှစ်မှာ ယူနိက်တက်ကြုံနိုင်တဲ့ ကြောက်စရာအခြေအနေကို ရွိင်ကိန်းသတိပေးပြီ

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ဒီနှစ်နွေမှာ လူသစ်ခေါ်ရေးစီမံချက်ဆိုပြီး ပရိတ်သတ်တွေကို ပေးခဲ့တဲ့ ကတိကို တည်အောင် အမြန်အကောင်အထည်ဖော်သင့်ကြောင့် မန်ချက်စတာယူနိက်တက်အသင်းရဲ့ ဂန္တဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရွိင်ကိန်းကသတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကတည်းက ရွိင်ကိန်းဟာ ယူနိက်တက်အသင်းနဲ့ပက်သက်ပြီး ဝေဖန်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့ပြီး ကွင်းလယ်မှာဂရေးလစ် ဒါမှမဟုတ် ဒီကလန်ရိုက်နဲ့ ဗဟိုခံစစ်မှူးခေါ်ယူဖို့ သတိပေးပြောကြားနေခဲ့ပြီး အရင်အတိုင်းမန်ယူမလုပ်ဖို့ရွိင်ကိန်းကသတိပေးပြောကြားနေခဲ့တာပါ။

” ယူနိက်တက်အသင်းအနေနဲ့ လူသစ်ခေါ်ရေးစီမံချက်ကိုပရိတ်သတ်တွေကို ကတိပေးခဲ့ပါတယ်။ အဲ့ဒီကတိကိုတည်အောင်တော့ဒီနွေမှာမဖြစ်မနေလုပ်ရပါလိမ့်မယ်။ ပြီးတော့ယူနိက်တက်အသင်းဟာ ဈေးကွက်ပိတ်ခါနီးမှတွေ့ရာလူကောက်ခေါ်တတ်တဲ့အကျင့်မျိုးကိုပြင်ရလိမ့်မယ်။

ဒီလိုမှမဟုတ်ရင် နောက်နှစ်ကတော့ ဂလေဇာကို ဆန္ဒပြပွဲတွေခင်ဗျားတို့ တီဗီမှာခနခနကြည့်နေရလိမ့်မယ်။ ပြီးတော့ ဘောလုံးကွင်းထဲမှာ ဆန္ဒပြပရိတ်သတ်တွေနဲ့ပြည့်နေပါလိမ့်မယ်”လို့ရွိင်ကိန်းကဆိုပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းပရီတ်သတ်တွေဟာ ပြီးခဲ့တဲ့လတွေတုန်းက ယူနိက်တက်အသင်းကို ၁၆နစ်ကြာလက်ဝါးကြီးအုပ်ပြီး ဂုတ်သွေးစုပ်နေတဲ့ ဂလေဇာကို အိုးထရက်ဖို့က အပြီးတိုင်ထွက်သွားဖို့ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေဟာ အိုးထရက်ဖို့ကွင်းအတွင်းထိရောက်ခဲ့ပြီးတော့ လီဗာပူးနဲ့ပွဲစဉ်ပါပျက်သွားခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ ဂလေဇာမိသားစုဟာ ယူနိက်တက်ကို ပျားရည်နဲ့ဝမ်းချဖို့ကြိုးစားလာပြီး ထိပ်တန်းခေါ်ယူမှုတွေဖြစ်တဲ့ ကိန်းတို့ ဂရေးလစ်တို့ စတဲ့ ကစားသမားတွေ ခေါ်ယူပေးမယ်ဆိုပြီး သတင်းလွင့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းက ဆန်ချိုကိုတောင် မရနိုင်သေးပဲ ညှိနှိုင်းနေရတုန်းဖြစ်ပါတယ်။

လက်ရှိမှာလောက်လောက်လားလားပြစရာဆိုလို့ အလွတ်ကြေးနဲ့ခေါ်ထားတဲ့ ဂိုးသမားတွန်ဟမ်တန် ဒီလကုန်မှာ ယူနိက်တက်အသင်းကိုရောက်လာဖို့ပဲရှိပါတယ်။

လက်ရှိမှာပစ်မှတ်ထားထားတဲ့ ရီးရဲလ်ဗားရန်းကလည်း ငြင်းထားသလို စပိန်လာလီဂါချန်ပီယံအသင်းက ကစားသမားကလည်း ငြင်းခြင်းခံထားရတဲ့ ယူနိက်တက်ရဲ့ လူသစ်ခေါ်ရေးစီမံမှုဟာ တော်တော်လေးအားမရစရာဖြစ်နေတာပါ။ ဒါနဲ့ပက်သက်ပြီး ရွိင်ကိန်းကတော့ ခုလိုမှတ်ချက်ပြုခဲ့ဖူးပါတယ်။ ” ယူနိက်တက်ရဲ့ မကောင်းတဲ့အဲ့ဒီသောက်ကျင့်ကိုပြင်ဖို့လိုအပ်ပါတယ်”

DBK

Leave a Comment

Your email address will not be published.