ချက်ကိုနိုင်တဲ့ပွဲမှာ လုရှောနဲ့ဖိလစ်တို့ရဲ့အဆိုးဆုံးအားနည်းချက်ကို ဝေဖန်သွားတဲ့ မော်ရင်ဟို

ရိုးမားနည်းပြအသစ်အဖြစ်လာမယ့်နွေမှာကိုင်တွယ်သွားတော့မှာဖြစ်တဲ့မော်ရင်ဟိုကတော့ ဒီရက်ပိုင်းမှာ ယူရိုပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ မန်ချက်စတာယူနိက်တက်အသင်းကကစားသမားတွေနဲ့ပက်သက်ပြီး ဝေဖန်မှုတွေတောက်လျောက်ပြုလုပ်နေပါတယ်။

ပေါ်တူဂီအသင်းက မန်ချက်စတာယူနိက်တက်ကွင်းလယ်ကြယ်ပွင့်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်နဲ့ပက်သက်ပြီး ပေါ်တူဂီအသင်းဟာ ၁၀ယောက် ၁၁ယောက်ကန်ရသလိုဖြစ်နေပြီး ဖာနန်ဒက်က ကန်မှမကန်တာလို့ဝေဖန်ခဲ့သလို ဒီတစ်ခါမှာတော့ အင်္ဂလန်အသင်းက လုရှာနဲ့ပက်သက်ပြီးလည်း ဝေဖန်လာပြန်ပါတယ်။

အင်္ဂလန်အသင်းဟာ ချက်ကို စတာလင်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက်မှာ အင်္ဂလန်ဟာ ၁၉၉၆နဲ့၂၀၁၂နောက်ပိုင်း အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်တာ တတိယအကြိမ်မြောက်ဖြစ်လာပါတယ်။

အဲ့ဒီပွဲမှာ ဆောက်ဂိတ်ဟာ ဖိုဒန်နဲ့မောင့်တို့နေရာမှာ ဂျက်ဂရေးလစ် ဆာကာတို့ကိုထည့်သွင်းခဲ့ပြီး ပွဲအစ၁၁၂မိနစ်မှာပဲ ဂရေးလစ်ရဲ့ဖြတ်တင်ဘောကနေ စတာလင်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဆောက်ဂိတ်ခေါက်ထားခဲ့တဲ့ ဂရေးလစ်နဲ့ဆာကာတို့ဟာအကောင်းဆုံးကစားသမားတွေဖြစ်ခဲ့ပြီး ဆာကာကတော့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်နဲ့ပက်သက်ပြီး မော်ရင်ဟိုက ဂရေးလစ်ကို ချီးကျူးခဲ့ပြီး အင်္ဂလန်အသင်းမှာအဖျက်သဘောဆောင်နေတာ ၂ယောက်ရှိတယ်ဆိုပြီး ရှောနဲ့ဖိလစ်ကိုဝေဖန်ခဲ့တာပါ။

” တစ်ခုတည်းသောအားနည်းချက်ကတော့ CORNERမှာတော်တော်ညံတာပါဗျာ”လို့မော်ရင်ဟိုကTALK SPORTကိုပြောခဲ့ပါတယ်။”ပေးပို့မှုကတော်တော်လေးကိုညံ့ပါတယ်။ CORNERအတွက်အရမ်းကောင်းတဲ့ကစားသမားတွေရှိကြပါတယ်”

“လုရှော ကျွန်တော့်အမြင်မှာ ဒီညတော်တော်လေးကောင်းပါတယ်။ CORNERမှာတော့ တော်တော်လေးကိုစုတ်ချာပါတယ်။ ကယ်ဗင်ဖီးလစ်လည်းအတူတူပါပဲ”ဆိုပြီး မော်ကြီးကဝေဖန်ခဲ့တာပါ။

မော်ရင်ဟိုဟာ အင်္ဂလန်အသင်းနဲ့ပက်သက်ပြီး အနိုင်နဲ့ထိုက်တန်ကြောင်းထပ်မံပြောဆိုသွားခဲ့ပြီး ဆန်ချိုကိုလည်းချီးကျုးခဲ့ပါတယ်။
” ဒီနေ့သူတို့ကကွဲပြားခြားနားတဲ့ ဗားရှင်း၂မျိုးကိုပြသွားတယ်။ တိုက်စစ်မှု အလွန်လျင်မြန်တာနဲ့ အရမ်းကောင်းတဲ့ ဖန်တီးမှုတွေပေါ့။ဒုတိယပိုင်းမှာ ကစားတာနဲ့ထိန်းချုပ်တာလည်း ကောင်းပါတယ်”ဆိုပြီးပြောကြားသွားပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းရဲ့ကစားသမားတွေနဲ့ပက်သက်ပြီးတော့ နည်းပြဟောင်းမော်ရင်ဟိုက ဝေဖန်မှုတွေပြုလုပ်နေပေမယ့် လုရှောကတော့ ချက်နဲ့ပွဲမှာ အကောင်းဆုံးကစားသွားပြတာဖြစ်ပါတယ်။

ချက်နဲ့ပွဲမှာ နောက်ခံလူလုရှောဟာ ဘောလုံးပေးပို့ရာမှာ တိကျမှု ၈၆ရာခိုင်နှုန်း၊ စုစုပေါင်းဘောလုံးထိချက် ၆၈ကြိမ်၊ ဘောလုံးပြန်လည်ဆယ်ယူပေးမှု ၇ကြိမ်၊ အခွင့်အရေးဖန်တီးပေးမှု ၂ကြိမ်၊ ရှင်းလင်းဖြတ်ထုတ်မှု ၂ကြိမ်၊ အခွင့်အရေးကြီးဖန်တီးပေးမှု ၁ကြိမ်၊ ပြိုင်ဖက်ရဲ့ဘောလုံးလိမ်ခေါက်ခံရမှု ၀ ကြိမ် စတဲ့စွမ်းဆောင်ရည်ကောင်းတွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

dbk

Leave a Comment

Your email address will not be published.