ဂျိမ်းဟာဘယ်လိုကစားသမားမျိုးလဲဆိုတာ ထုတ်ပြောလိုက်တဲ့ အီတလီဂန္ဓဝင်နောက်ခံလူ

အီတလီအသင်းရဲ့ဂျုဗင်တပ်ဝါရင့်နောက်ခံလူချီလီရယ်နီက ယူနိုက်တက်က ဝေးလ်တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်နဲ့ပတ်သတ်ပြီး ဂျိမ်းစ်ဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့် သူ့ရဲ့နိုင်ငံအသင်းမှာတော့ ခြေစွာနေတဲ့ကစားသမားအမြောက်အမြားထွက်ပေါ်လို့လာနေပါတယ်။

အဲ့ဒီကစားသမားတွေထဲမှာ ပြင်သစ်အသင်းကပေါ့ဘာ လည်းပါဝင်သလို ဝေးလ်အသင်းက ဒန်နီရယ်လ်ဂျိန်းကလည်း ထင်မထားလောက်အောင်ကောင်းတဲ့ ခြေစွမ်းတွေပြနေနိုင်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ယူရို၂၀၂၀မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝေးလ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်အပြီးမှာ ခြေစွမ်းပြနေတဲ့ ယူနိက်တက်ကစားသမားဖြစ်တဲ့ဂျိန်းကို လူစားလဲခဲ့တဲ့ ဝေးလ်အသင်းနည်းပြကို ပရိတ်တွေက “လုံးဝရူးသွပ်နေတာပဲ”ဆိုပြီး ဝေဖန်ခဲ့ကြပါသေးတယ်။

ဝေးလ်နဲ့ဆွစ်ဇာလန်တို့ဟာ အဲ့ဒီပွဲမှာ ၁-၁နဲ့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပြီး ဆွစ်ဇာလန်အတွက် နစ်နာခဲ့တယ်လို့တော့ပြောလို့ရပါတယ်။
ဝေးလ်အနေနဲ့ ဆွစ်ကွင်း’လယ်ပိုင်းကို မယှဉ်နိုင်ခဲ့ပဲ ဂိုးသမားလက်စွမ်းပြနေခဲ့လို့ ရှုံးပွဲနဲ့မကြုံခဲ့ရသလို ယူနိက်တက်ကစားသမား ဒန်နီရဲလ်ဂျိန်းက အဲ့ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပါတယ်။

ခံစစ်ပိုင်းကိုဦးစားပေးခဲ့တဲ့ ဝေးလ်အသင်းဟာ ရှေ့လယ်နောက်စုစည်းမှုကလည်း ကျစ်ကျစ်လစ်လစ်ရှိခဲ့ပြီးတော့ဂါရတ်ဘေး ဒန်နီယယ်ဂျိန်း တို့အတွဲကလည်း ဆွစ်ဇာလန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိခဲ့ပါတယ်

အခုလည်းတနေ့ကကန်တဲ့ တူရကီ 0-2 ဝေးလ်ပွဲစဉ်မှာတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်း၏စွမ်းဆောင်ချက်တွေက ယူနိက်တက်က ဂျိန်းများလားလို့မေးရမလိုပါပဲ။ ဂျိန်းဟာဒီပွဲမှာတော့ မိနစ် ၉၀အထိပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပရီတ်သတ်တွေရဲ့ လှိုက်လှိုက်လှဲလှဲအားပေးမှုကိုလည်းရရှိခဲ့ပါတယ်။

ဂျိန်းရဲ့ တူရကီပွဲရဲ့စွမ်းဆောင်ချက်တွေနဲ့ဟိုက်လိုက်ဗီဒီယိုကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။ တူရကီပွဲမှာ ဂျိန်းဟာ ဘောလုံးပေးပို့ရာ၌တိကျမှု%-(86%)၊ ဘောလုံးကျော်ဖြတ်ရန်ကြိုးပမ်းမှု-(6)ကြိမ်၊ အခွင့်အရေးဖန်တီးပေးမှု -(3)ကြိမ်၊ ဘောလုံးလုယူရန်ကြိုးပမ်းမှု-(2)ကြိမ်၊ ဘောလုံးလုယူရာတွင်အောင်မြင်မှု-(2)ကြိမ်တို့ဖြစ်ပါတယ်။ ဂျိမ်းနဲ့ပက်သက်ပြီး အီတလီနောက်ခံဂန္တဝင်ကတော့

” ကျွန်တော် သူရဲ့ကစားတဲ့ပုံကိုကြည့်ရတာ အရမ်းသဘောကျပါတယ်။သူ့မှာမြန်နှုန်းမြင့်ကစားဟန်လဲရှိတယ်။ တော်ရုံနောက်ခံလူဆိုသူ့ကိုတားဆီးဖို့ဆိုတာခက်ခဲမှာအသေချာပါပဲ။

ကြည့်ရတာယူနိုက်တက်မှာ သူတော်တော်လေးကို တိုးတက်လာပုံရတယ် ။ ဒီထက်လဲပိုကောင်းလာဖို့ကိုမျော်လင့်ပါတယ်” လို့ အီတလီရဲ့ ဂန္ဓဝင် ချီလီနီကပါ မှတ်ချက်ပေးသွားခဲ့ပါတယ်။ မန်ဖန်တွေရော ဂျိန်းအပေါ် ဘယ်လိုမြင်လဲ?

Leave a Comment

Your email address will not be published.