ယူနိက်တက်နဲ့ပက်သက်ပြီး ခံစားချက်တွေ ရင်ဖွင့်သွားတဲ့ လော့ဒ်လင်းဂက်

မန်ချက်စတာယူနိက်တက်အသင်းမှာ အရံခုံမှာထိုင်နေခဲ့ရလို့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လင်းဂက်ကတော့ သူ့ကိုအဌားချလိုက်ပြီးနောက် ဝက်စ်ဟမ်းအသင်းမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေပြနေခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း လင်းဂက်ဟာ ယူရို ၂၀၂၀ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရခြင်းမရှိပဲ ယူနိက်တက်ကလည်း လင်းဂက်အနာဂါတ်နဲ့ပက်သက်ပြီးရွေးချယ်ရခက်နေပါတယ်။

လင်းဂက်ကို ဝက်စ်ဟမ်းအသင်းက အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပြီး နည်းပြဆိုလ်းရှားအနေနဲ့ကလည်း လွတ်တဲ့ငါးကြီးသွားမှာဖြစ်သွားပုံကိုကြောက်နေတာပါ။ လင်းဂက်ကတော့ ယူနိက်တက်နဲ့ပက်သက်ပြီး သူ့ခံစားချက်တွေကို ခုလိုရင်ဖွင့်သွားပါတယ်။

” ကစားသမားတိုင်းမှာ ကစားပွဲက အရေးကြီးဆုံးပါ ဘဲ၊ ကျွန်တော်လဲထို့အတူပါဘဲ။ ဒါပေမယ့် လွယ်တော့ မလွယ်ကူဘူးလေ။ ကျွန်တော်ကို့ဟာကိုယ် ဘယ်တော့မှ သံသဃမဖြစ်ပါဘူး။ကျွန်တော် လုပ်ဆောင်ချက်တွေကို ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင်း နောက်ရာသီ အသင်းမှာ ပွဲထွက်ခွင့်တနေရာ ရရှိအောင်စွမ်းဆောင်သွားမှာပါ။

အဂ်လန် လက်ရွေးစင်အသင်းပေါ်” ကျွန်တော်အတွက်ခက်ခဲပါတယ်။ ကျွန်တော် နိုင်ငံအသင်းဂျာစီနဲ့ ကန်ချင်ပါသေးတယ်။ ဒါကိုနည်းပြ လဲသိပါတယ်။ ဒါပေမယ့် တခါတလေကျ ကျွန်တော် တို့နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လေးစားရ ပါတယ်။ သူနဲ့ကျွန်တော်ကြားမှာ ဆက်ဆံရေးကောင်းတွေရှိပါတယ်၊ အခုတော့ ကျွန်တော်အားပေး နေပါတယ်”

အဌားပြောင်းရွေ့ခဲ့ခြင်းအပေါ်” ဒီဇင်ဘာကပေါ့၊ ကျွန်တော် နည်းပြဆီသွားမေးတယ်။ ကျွန်တော်ပွဲထွက်ခွင့်လိုချင်တယ် လို့ပြောတယ်။ သူက မသေချာဘူးလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့ နည်းနည်းပြောကြပါသေးတယ်။နောက်မှ သူ့ကကျွန်တော့်ကိုသွားခွင့်ပြုခဲ့တာပါ။
WestHam မှာပျော်ပါတယ်။ ကျွန်တော့်ကိုကျွန်တော် ပြန်ရှာတွေ့နိူင်ခဲ့ပြီလို့ထင်တယ်”

Leave a Comment

Your email address will not be published.