အချစ်ဟောင်းနဲ့ ပြန်ဆုံတွေ့ရမယ့် အပေါ် ရင်ခုန်နေတယ်ဆိုတဲ့ ရွန်းနီ

လာမယ့်ရာသီမတိုင်ခင် ယူနိုက်တက်အနေနဲ့ ခြေစမ်းပွဲတွေကစားသွားဖို့ ရှိနေပြီး အင်္ဂလန်ပြည်တွင်းမှာသာ ကစားသွားမှာဖြစ်ပါတယ်။အဲ့ဒီအသင်းတွေကတော့ ဒါဘီ၊ ကျူပီအာ၊ ဘရန်ဖို့ဒ် ၊ အဲဗာတန်အသင်းတို့နဲ့ ခြေစမ်းသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကော် လက်တီရိုချီကတော့ ရာသီကြိုခြေစမ်းပွဲတွေကို ပြည်တွင်းမှာသာကစားဖို့ဆုံးဖြတ်ခဲ့ပေမယ့် ရာသီသစ်အတွက်အကောင်းဆုံး ပြင်ဆင်သွားမှာပါလို့ ပြောခဲ့ပါတယ်။

ပြန်လည်ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပိုးကြောင့် ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲတွေကို ပြည်တွင်းမှာသာ ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ကစားသမားဟောင်း ရွန်နီကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ကစားမှာဖြစ်ပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျုပီအာနဲ့ ကစားမှာဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့ မှာ ကစားမယ့် ဘရန်ဖို့ဒ်နဲ့ သြဂုတ်လ ၇ ရက်နေ့မှာ ကစားမယ့် အဲဗာတန်အသင်းတွေကိုတော့ အိမ်ကွင်းအိုး ထရက်ဖို့ဒ်မှာ လက်ခံကစားသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဒါဘီကောင်တီအသင်းတို့ဟာ ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် လာမယ့် ၇ လပိုင်း ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီတော့ အချစ်ဟောင်းနဲ့ ပြန်ဆုံတွေ့ရမယ့် ပွဲအတွက် မစောင့်နိုင်အောင်ဖြစ်နေမိပြီး အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ပြောကြားလိုက်ပါတယ်။

ရွန်းနီဟာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်သလို လက်ရှိယူနိုက်တက်အသင်းမှာ နည်းပြအဖြစ်တာဝန်ယူနေတဲ့ ဆိုးလ်ရှားနဲ့လည်း အသင်းဖော်တွေအဖြစ် ဖြတ်သန်းခဲ့ဖူးပါတယ်။

ရွန်းနီဟာ အစောပိုင်းမှာ ဒါဘီကောင်တီအသင်းအတွက် ကစားသမား-နည်းပြ တာဝန်ကို ပူးတွဲဆောင်ရွက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ နည်းပြအဖြစ်သာ ဆက်လက်တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဒါဘီကောင်တီအသင်း ချန်ပီယံရှစ်က တန်းဆင်းသွားရမယ့် အရေးကနေ ကူညီနိုင်ခဲ့ပါတယ်။

လာမယ့် ရာသီမှာ ရွန်းနီအနေနဲ့ ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ရာသီကြို အသင်းခြေစမ်းပွဲအတွက် ဒါဘီကောင်တီအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ခြေစမ်းဖို့ သဘောတူခဲ့တာကြောင့် နည်းပြတစ်ယောက်အဖြစ်နဲ့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

ဒါဘီကောင်တီနည်းပြ ဝိန်းရွန်းနီကတော့ အသင်းရဲ့ ရာသီကြိုအစီအစဉ်တွေအတွက် ကျေနပ်နေပြီး စိန်ခေါ်မှုအသစ်တွေအတွက် တက်ကြွနေခဲ့လို့ အသင်းဟောင်းနဲ့ ပွဲမှာ ရရှိမယ့် အတွေ့အကြုံသစ်တွေကို မစောင့်နိုင်အောင်ဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.