အင်္ဂလန်အသင်းက မိတ်ကပ်ဆိုင်ထိပ်တန်းကြယ်ပွင့်တွေကို ပြင်းပြင်းထန်ထန် ဖောင်းထုလိုက်တဲ့ ရွိင်ကိန်း

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်း လိဂျန့်ကြီး ရွိင်ကိန်းကတော့ မန်ချက်စတာယူနိက်တက်အသင်းသားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်တတ်သူသာမဟုတ်ပဲ အခုဆိုရင် အင်္ဂလန်အသင်းကထိပ်တန်းကြယ်ပွင့်တွေကိုပါ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြန်ပီဖြစ်ပါတယ်။

ရွိင်ကိန်းဟာပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ရဲ့ လူထုတ်ပုံတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးတော့ အဓိကအားဖြင့် မန်ချက်စတာယူနိက်တက်ကစားသမားတွေကို အရံခုံမှာပို့ထားခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

အခုအခါမှာလည်း ယူရိုပြိုင်ပွဲမှာ ဆုံတွေ့ကြတဲ့ ချဲလ်ဆီးအသင်းသားတွေ စကားလက်ဆုံကျလာတာနဲ့ပက်သက်ပြီးဝေဖန်လိုက်တာဖြစ်ပါတယ်။

ဂေလ်မော် မေဆင့်မောင့်နဲ့ ချီဝဲလ်တို့ သံယောဇဉ်အမျှင်တန်းပြီး စကားမဖြတ်နိုင်ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး ရွိင်ကိန်းက သူ့အမြင်ကို ခုလိုပြောသွားပါတယ်။

” ဘယ်လောက်ပဲရင်းနှီးတဲ့ ကလပ်အသင်းဖော်ဖြစ်ဖြစ် ခုချိန်ကတော့ပြိုင်ဘက်ပဲလေ၊ ဘာကိစ္စပြိုင်ဘက်ကစားသမားနဲ့ မိနစ် ၂၀လောက်စကားပြောနေမှာတုန်း။ စောက်အဓိပ္ပါယ်မှမရှိတာ။ ကျွန်တော်ဆို တော်ရုံလူတစ်ယောက်နဲ့ ၅မိနစ်ထက်ပိုပြီး စကားပြောတာရှားပါတယ်”လို့ရွိင်ကိန်းကဝေဖန်သွားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းမှာတေ,့ အဲ့ဒီလိုဝေဖန်မှုမျိုးတွေကို စိတ်ဓါတ်ပြင်းထန်တဲ့ ရွိင်ကိန်းတို့ ပေါ်စခိုးတို့ကစားသမားဟောင်းကြီးတွေက လုပ်လေ့ရှိကြပြီး ဘယ်လောက်ပဲချစ်ခင်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ဖြစ် ပြိုင်ဘက်ကစားသမားနဲ့ ဖက်လှဲတစ်ကင်းလုပ်တာကို မကြိုက်နှစ်သက်သလို လက်မခံတတ်ကြပါဘူး။

ရွိင်ကိန်းရဲ့ဝေဖန်မှုနဲ့ပက်သက်ပြီး မေဆင့်မောင်တို့ ချီဝဲလ်တို့ဘက်က ဘာတုံ့ပြန်မှုမှမရှိပေမယ့် ချဲလ်ဆီးဖန်တွေကတော့ လူမှုကွန်ရက်မှာ ယူနိက်တက်လီဂျန့်ရွိင်ကိန်းကို လူမုန်းများတဲ့ကစားသမားဟောင်းကြီး ဖောင်းထုဖို့ အလုပ်တစ်ခုပဲရှိတော့တာလား ဆိုပြီးဝေဖန်မှုတွေရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ရွိင်ကိန်းက လက်ရှိမှာ အားကစားလေ့လာသုံးသပ်သူတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ရဲ့အမြင်တွေကိုတော့ လွတ်လပ်စွာဝေဖန်နေဦးမှာပဲဖြစ်ပါတယ်။

dbk

Leave a Comment

Your email address will not be published.