ယူနိက်တက်ကို ဂျင်းထည့်ဖို့ လခကို ပက်ပက်စက်စက်တောင်းလိုက်တဲ့ ဗားရိန်း

ရီးရဲလ်မက်ဒရစ်နောက်တန်းကစားသမားဖြစ်တဲ့ ဗားရိန်းကတော့ မန်ချက်စတာယူနိက်တက်အသင်းကိုပြောင်းရွေ့ချင်တာမှန်ပေမယ့် သူဟာ ယူနိက်တက်အသင်းကို စံချိန်တင်လစာတောင်းလိုက်ပါတယ်၊

သူတောင်းတဲ့လခဟာဒီဂီယာထက်တောင်များနေတဲ့အတွက် ယူနိက်တက်အသင်းကတော့ ဝယ်ယူသွားမှာမဟုတ်တော့ဘူးလို့သိရပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းဟာ နောက်နစ်နွေမှာ နောက်ခံလူမက်ဂွိုင်းယားနဲ့တွဲဖက်ပေးဖို့ အသင်းကပြောင်းမယ်လို့ နာမည်ကြီးနေတဲ့ ဗားရိန်းကို ချိတ်ဆက်ခဲ့ပေမယ့် ရီးရဲနောက်ခံလူဟာ ယူနိက်တက်အသင်းဆီက တစ်ပတ်လုပ်ခလစာပေါင် ၄သိန်းထိလိုချင်နေတာြဖ်စတယ်လို့ The Sunသတင်းစာကဖော်ပြပါတယ်.

ဗားရိန်းဟာ ယူနိက်တက်အသင်းရဲ့ လစာအများဆုံးသူအဖြစ်ရှိနေဖို့ရည်ရွယ်ထားတာဖြစ်ပြီး အသင်းဖော်ပေါ့ဘာနဲ့တန်းတူရချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းဟာ ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာကို စာချုပ်သစ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ပေါ့ဘာတောင်းဆိုထားတဲ့ ပေါင် ၄သိန်းကို ပေးချေနိုင်ဖို့ ကြိုးစားနေတာလို့သတင်းတွေကဆိုပါတယ်။

ဒါကြောင့် ပေါ့ဘာရဲ့ ဘော်ဒါဖြစ်တဲ့ ဗားရိန်းကလည်း မန်ယူဘက်ကနေ ပေါင် ၄သိန်းကိုလိုချင်နေတာဖြစ်ပါတယ်၊

မန်ချက်စတာယူနိက်တက်အသင်းကတော့ ရီးရဲလ်နောက်ခံလူ ဗားရိန်းတောင်းဆိုထားတဲ့ ဈေးကို ပေးချေလိုခြင်းမရှိတာကြောင့် နောက်ခံလူအသစ်တစ်ယောက်ကို ထပ်မံရှာဖွေသွားဖို့ရှိနေပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းရဲ့ လက်ရှိလစာအများဆုံးကစားသမားဟာ ဂိုးသမားဒီဂီယာဖြစ်ပြီး တစ်ပတ်ကိုလုပ်ခလစာပေါင် ၃သိန်း၇သောင်းခွဲရရှိနေတာဖြစ်ပါတယ်။

တစ်ကယ်လို့များပေါ့ဘာကိုပေါင် ၄သိန်းနဲ့စာချုပ်ဖို့ကိစ္စအဆင်ပြေခဲ့မယ်ဆိုရင်တော့ ပေါ့ဘာဟာ ယူနိက်တက်အသင်းရဲ့ စံချိန်တင်လစာအများဆုံးကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

DKB

Leave a Comment

Your email address will not be published.