အင်္ဂလန်အသင်း ဗိုလ်လုပွဲရောက်မှ အသဲခွဲခံရမယ်လို့ စူပါကွန်ပြူတာ ဟောကိန်းထုတ်

အသင်းတစ်သင်းဆီမှာရှိတဲ့ အချက်အလက်နဲ့ စွမ်းဆောင်ရည်တွေကို အဓိကထားပြီးတွက်ချက်တဲ့ စူပါကွန်ပြုတာရဲ့ တွက်ချက်မှုတွေအရချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်မှဂျာမနီကိုအနိုင်ယူသွားလိမ့်မယ်တွက်ချက်ထားပါတယ်။

အင်္ဂလမ်အသင်းဟာ ဂျာမနီကို အနိုင်ရပြီးဗိုလ်လုပွဲအထိတက်ရောက်နိုင်မှာဖြစ်ပေမယ့် ဗိုလ်လုပွဲမှာတော့ ပြင်သစ်ကို ရှုံးပြီး ချန်ပီယံဆုနဲ့ လွဲချော်မှာဖြစ် တယ်လို့ သိရပါတယ်။

အင်္ဂလန်အနေနဲ့ ဂျာမနီကို ယူရို ၂၀၀၀ ပြိုင်ပွဲအုပ်စုအဆင့် ပြီးကတည်းက အဓိက ပြိုင်ပွဲကြီးတွေမှာ အနိုင်မရခဲ့တာဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အနိုင်ရမယ်လို့ ခန့်မှန်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဂျာမနီကို ရှုံးထွက် ၁၆ သင်းအဆင့်မှာ အနိုင်ရခဲ့တဲ့ အင်္ဂလန်အနေနဲ့ ကွာတားဖိုင်နယ်မှာတော့ ဆွီဒင်၊ ဆီမီးဖိုင် နယ်မှာတော့ နယ်သာလန် နဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ စူပါကွန်ပြုတာက တွက် ချက်ပြခဲ့ပါတယ်။

၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်နေ တဲ့ အင်္ဂလန်ပရိသတ်တွေရဲ့ဆန္ဒကတော့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကျမှ ရရှိနိုင်မယ်လို့ လည်း တွက်ချက်မှုတွေအရ ဖော်ပြခြင်းခံရပါတယ်။

Leave a Comment

Your email address will not be published.