ဖီဖီဆိုလ်းကြီး သံယောဇဉ်မျက်နာထောင်ထားပြလို့ ပျော်ရွင်သွားရတဲ့မာရှယ်

ပြီးခဲ့တဲ့ရာသီမှာ တစ်ရာသီလုံးလောက်ခြေစွမ်းပျောက်ပြီး ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ မာရှယ်ဟာ ဒီနှစ်နွေမှာ လူသစ်ခေါ်ယူရေးနဲ့ကစားသမား ရောင်းချမှုတွေအများကြီးရှိလာတဲ့ထဲမှာ မပါဝင်သေးဘူးလို့သိရပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းဟာ သူတို့ရဲ့ ပစ်မှတ်ကစားသမားတွေဝယ်ယူရေးမှာငွေကြေးအကန့်အသတ်တော်တော်နဲနဲနဲ့ ကန့်သတိခံထားရတာကြောင့် ကစားသမား ၇ဦးအနည်းဆုံးရောင်းချသွားဖို့ရှိနေတာပါ။

ဒါပေမယ့်မလည်း ဒဏ်ရာက ပြန်လာတဲ့တိုက်စစ်မှူးမာရှယ်ကို ထုတ်ရောင်းတော့မယ် သတင်းတွေထွက်ခဲ့ပေမယ့် ဆိုလ်းရှားကတော့ မာရှယ်ကို ရောင်းချဖို့ကိစ္စဟာ အလျင်စလိုလုပ်စရာမလိုပါဘူးလို့ပြောခဲ့တာပါ။

မာရှယ်ဟာ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ဦးမလားဆိုတာကို နည်းပြဆိုလ်းရှားက စောင့်မျှော်နေဆဲပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မာရှယ်အတွက်ကတော့ သူ့ကိုတစ်ကယ်ရောင်းချတော့မယ်အထင်နဲ့ အေးဂျင့်နဲ့ချိတ်ပီးစိတ်ပူနေရာက ဆိုလ်းရှားရဲ့ သံယောဇဉ်မျက်နာလေးထောက်ထားမှုကြောင့် လောလောဆယ်မှာတော့ သူ့အပြောင်းအရွေ့ကိုစိတ်ပုစရာမလိုတော့ဘူးဖြစ်ပါတယ်။

မာရှယ်ဟာ ဒဏ်ရာပြဿနာတွေဆီက ပြန်လာပြီးနောက်တစ်ချိန်က သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်မလားဆိုတာတော့ ရင်တမမနဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။

DBK

Leave a Comment

Your email address will not be published.