ဆာကာကို သားတစ်ယောက်လို ချစ်ရတယ် ဆိုပြီး လုရှော ဘာကြောင့် ပြောလိုက်လဲ?

အင်္ဂလန်အသင်းမှာ ခြေစွမ်းပြနေတဲ့ လုရှောကတော့ အာဆင်နယ်အသင်းကလူငယ်ကစားသမားလေးဆာကာကို သားဒါမှမဟုတ်သူ့ညီတော်ချင်တယ်ဆိုပြီးထုတ်ပြောလိုက်ပါတယ်။

လုရှောဟာ ယူကရိန်းနဲ့ကန်တဲ့ပွဲမှာ ခြေစွမ်းအရမ်းကောင်းခဲ့လို့ ချီးမွမ်းခံနေရတာဖြစ်ပြီး သူ့အသင်းသားတွေဟာ အလွန်ချစ်ဖို့ကောင်းကြောင်းနဲ့ဆာကာကတော့ အရမ်းချစ်ဖို့ကောင်းကြောင်းထုတ်ပြောသွားတာပါ။

” ဆာကာကတော်တော်ချစ်ဖို့ကောင်းတဲ့ကောင်ပါ။ သူကကျွန်တော် သားနောက်တစ်ယောက်ဒါမှမဟုတ် ညီတစ်ယောက်ရလိုက်သလိုကို ချစ်ဖို့ကောင်းတဲ့ကောင်။

အသင်းမှာကြိုက်တဲ့လူမေးကြည့် ဆာကာက ဘယ်လောက် သဘောကျဖို့ကောင်းကြောင်းနဲ့ဘယ်လောက်ရိုးသားကြောင်းသူတို့ပြောပြပါလိမ့်မယ်။”

“သူ့ကိုအရင်ကမသိခဲ့ဘူးလေ။ ခုကတော့ သူ့ကိုညီကိုတစ်ယောက်လိုကို သံယောဇဉ်ရှိရတာဗျ”

“သူကအရမ်းအေးဆေးတယ်။ အရမ်းရယ်ရတယ်။ သူကအာကျယ်အာကျယ်မလုပ်တတ်ဘူး။ ဒါပေမယ့် သူကစကားလုံးအများကြီးမသုံးပဲ ကလပ်ထဲမှာရှိတဲ့လူတွေကို ရယ်အောင်လုပ်နိုင်တယ်”လို့ရှောကဆိုပါတယ်။

အသက်၁၉နစ်သာရှိသေးတဲ့ဆာကာကတော့ သူ့အသင်းမှာအသင်းသားတွေရဲ့ အချစ်တော်ဖြစ်နေပြီး အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ခုပဲသူက အာဆင်နယ်အသင်းသားဖြစ်နေတာလေးတစ်ခုပဲ.တော်သေးဘီ

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.