ဗားရန်းအပြောင်းအရွေ့ဖြစ်မြောက်ဖို့ ရွေးချယ်စရာ ၂ခုရှိနေတဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းဟာ ရီးရဲလ်အသင်းရဲ့ နောက်ခံကစားသမားဖြစ်တဲ့ ပြင်သစ်ကစားသမား ဗားရန်းကိုဝယ်ယူဖို့ညှိနှိုင်းမှုတွေလုပ်နေချိန်မှာပဲ ရီးရဲလ်ဘက်က မန်ယူအသင်းကို အံဩဖွယ်ရာတောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိက်တက်ဘက်ကလည်း ဗားရန်းကို ရီးရဲလ်ဆီက ဝယ်ဖို့ အံဩဖွယ်ရာကမ်းလှမ်းတစ်ခုကို စီစဉ်နေတဲ့အတွက် ဗားရန်းအပြောင်းအရွေ့ကိစ္စက ဘယ်တစ်မျိုးမျိုးနဲ့အဆင်ပြေမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာပဲဖြစ်ပါတယ်။

ရီးရဲလ်အသင်းဘက်က ဗားရန်းပြောင်းရွေ့ကြေးကို ပေါင်သန်း၅၀ထက်မနဲကို တောင်းဆိုခဲ့ပီဲးတဲ့နောက်မှာတော့ ရီးရဲဘကိက နယ်သာလန်ကွင်းလယ်လူဗန်ဒါဗိကို တစ်ရာသီအဌားစာချုပ်နဲ့ဝယ်ယူခွင့်ပါရှိတဲ့ကမ်းလှမ်းမှုကို မန်ယူအသင်းထံတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ရီးရဲနည်းပြအန်ဆယ်လော့တီက မန်ယူအသင်းရဲ့နည်းစနစ်ပိုင်းနဲ့အဆင်မပြေဖြစ်နေတဲ့ ဗန်ဒါဘိကို သူ့အသင်းမှာတော့ အံ့ဝင်ခွင်ကျဖြစ်လာမယ်လို့ မျှော်လင့်နေပုံရပါတယ်။

တစ်ဖက်မှာလည်း မန်ယူအသင်းဘက် ကဆန်ချိုကို ဈေးကြီးပေးပြီးခေါ်ယူခဲ့ပြီး နောက်ခံလူအပြင် ကွင်းလယ်လူတစ်ဦးထပ်မံလိုချင်သေးတာကြောင့် ဗားရန်းကို ရီးရဲတောင်းတဲ့ ပေါင်သန်း ၅၀မပေးချင်ဘူးဖြစ်နေပါတယ်။

ဒါကြောင့်မန်ယူအသင်းဟာ အသင်းရဲ့ပေါတူဂီညာနောက်ခံလူ ဒါးလော့ဟာ ရီးရဲအသင်းရဲ့စိတ်ဝင်စားမှုကိုခံနေရတာကိုတွက်ဆပြီး ဒါးလော့ကို အလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ အပြောင်းအရွေ့သတင်းတွေကဆိုပါတယ်။

မန်ယူအသင်းဘက်ကတော့ ဗားရန်းအတွက် ဒါးလော့+ပေါင်သန်း၃၀လောက်ကမ်းလှမ်းလို့သဘောတူညီရင် ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

ရီးရဲလ်အသင်းဘက်ကတော့ သူတို့တောင်းဆိုထားတဲ့ ဗန်ဒိဘိကိုရဖို့မလွယ်လောက်ဘူးဖြစ်နေတဲ့အတွက် ဘယ်ကမ်းလှမ်းမှူတစ်မျိုးမျိုးနဲ့အဆင်ပြေမလဲဆိုတာတော့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

DBK

Leave a Comment

Your email address will not be published.