အောက်လေတိုက်နေတဲ့မော်ကြီးကို အပေါက်ပိတ်အောင်လုပ်ပြသွားခဲ့တဲ့ လုရှော(ရုပ်/သံ)

မန်ချက်စတာယူနိက်တက်အသင်းနဲ့ အသင်းသားတွေနဲ့ပက်သက်ပြီး မကြာခနဝေဖန်ဖောင်းထုမှုတွေလုပ်တတ်တဲ့ မော်ရင်ဟိုဟာ ယူရို၂၀၂၀မှာလည်း ယူနိက်တက်အသင်းသားတွေကိုလည်းဝေဖန်မှုတွေတောက်လျောက်လုပ်နေခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင်လည်း မန်ချက်စတာယူနိက်တက်အသင်းနည်းပြဟောင်းမော်ရင်ဟိုဟာ အင်္ဂလန်အသင်းဘယ်နောက်ခံလူလုရှောဟာ ယူရိုပွဲမှာ ပွဲထွက်ကစားဖို့လုံလောက်တဲ့အရည်အချင်းမရှိဘူးပြောခဲ့ပါတယ်၊

လုရှောကတော့ မော်ရင်ဟိုဝေဖန်တာတွေနဲ့ပက်သက်ပြီး သူ့အရင်တုန်းကအကြောင်းတွေပြန်မစဉ်းစားချင်တော့လောက်အောင်ကို မော်ရင်ဟိုနဲ့ပက်သက်ရင် ခံစားရပြီး သူဘာလဲဆိုတာ လက်တွေ့ပုံဖော်နေတယ်ဆိုတာလောက်ပဲတုံ့ပြန်ခဲ့ပါတယ်။

အခုဆိုရင် လုရှောဟာ အောက်လေတိုက်နေတဲ့ မော်ရင်ဟိုပါးစပ်ပေါက်ကို ပိတ်အောင်လုပ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှာအင်္ဂလန်အသင်းအတွက်ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားတဲ့ကစားသမားစာရင်း၌ David Beckham မှာ ဂိုးဖန်တီးမှု(၅)ကြိမ်ဖြင့်ဇယားထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး သူ့ရဲ့အနောက်တွင် Luke Shaw မှ (လက်ရှိအချိန်အထိ) ဂိုးဖန်တီးမှု(၃)ကြိမ်ဖြင့်ကပ်လျက်တည်ရှိနေပါတယ်။

ဒါ့အပြင် မနေ့ညက ကစားတဲ့ ယူကရိန်းကို ၄ဂိုးပြတ်နဲ့နိုင်တဲ့ပွဲမှာ လုရှောဟာ အကောင်းဆုံးဘယ်နောက်ခံလူဆိုတာကို အောက်မှာဖော်ပြထားတဲ့ စွမ်းဆောင်ရည်တွေက ပြသနေပါတယ်။

Luke Shaw vs Ukraine: 100% အဝေးဘော တိကျခြင်း၊ 100% ကြားဖြတ်လုယူမှုအောင်မြင်ခြင်း၊ 81% ပေးပို့မှုတိကျခြင်း၊ 3 ကြိမ် တိုက်စစ်ဆင်ပေးပို့မှု၊ 3 ကြိမ် အောင်မြင်၊ 3 ကြိမ် အခွင့်အရေးဖန်တီး၊ 2 ကြိမ် အခွင့်အရေးကောင်းဖန်တီး၊ 2 ကြိမ် ဂိုးဖန်တီးတို့ပဲဖြစ်ပါတယ်။

ဒီလိုစွမ်းဆောင်ရည်တွေရှိခဲ့လို့လည်း လုရှောကို မန်ချက်စတာယူနိက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ချီးကျုးခဲ့ပြီး အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကလည်း

“လုရှောရဲ့ စွမ်းဆောင်ရည်က ဒီနေ့ညမှာ အံ့မခန်းပါပဲ။ ၄ဂိုးပြတ်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့တာမှာ လုရှောရဲ့ စွမ်းဆောင်မှုက အဓိကကျတယ်ဆိုတာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။ ဘောလုံးပွဲသုံးသပ်သူတွေကတော့ လုရှောကို ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံကစားသမားအဖြစ်တောင်ရေးဖွဲ့နေကြပြီလည်းဖြစ်ပါတယ်၊.အောက်မှာယူကရိန်းနဲ့အင်္ဂလန်ပွဲHighlightကိုဖော်ပြထားပါတယ်။

DBK

Leave a Comment

Your email address will not be published.