ပလိုင်းပေါက်ဖားကောက်နောက်တန်းအတွက် Plan Cကိုပြင်ဆင်ရတော့မယ့် ယူနိက်တက်

ပြီးခဲ့တဲ့ရာသီမှာ ပလိုင်းပေါက်ဖားကောက်ဖြစ်ခဲ့တဲ့နောက်တန်းကိုပြုပြင်ဖာထေးဖို့ ယူနိက်တက်တို့ကြိုးစားနေပြီဖြစ်ပါတယ်။၊

ပြီးခဲ့တဲ့ရက်ပိုင်းကမန်ချက်စတာယူနိက်တက်အသင်းဟာ နှစ်ပေါင်း၄နှစ်လောက်ကြာအောင်ပစ်မှတ်ထားခေါ်ယူခဲ့တဲ့ ဒေါ့မွန်အသင်းက မန်စီးတီးကစားသမားဟောင်းဆန်ချိုကိုရပြီးတဲ့နောက်မှာတော့ နောက်ခံလူပြဿနာကို စတင်ဖြေရှင်းဖို့လုပ်ဆောင်လာပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်ဟာ လေးရာသီဆက်ဖလားလက်မဲ့နဲ့ဘွကြီးကို အဆုံးသတ်ချင်တာကြောင့် ဆန်ချိုပြီးနောက်မှာ ယူနိက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့တွဲဖက်ကစားနိုင်မယ့် ကစားသမားကို ပြင်သစ်ကစားသမား ရီးရဲလ်အသင်းကို ဗားရိန်းကို ပစ်မှတ်ထားထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာလက်ရှိမှာ ဗားရိန်းဟာ အသင်းကနေစာချုပ်သက်တမ်းတိုးဖို့ငြင်းတာကို ကြုံထားရပေမယ့် မန်ယူကို ဂျင်းထည့်ဖို့ကြံနေတာပါ။

မန်ယူအသင်းဟာ ဗားရိန်းကို ပေါင်သန်း၄၀နဲ့ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်အသင်းဟာ ပယ်ချခဲ့ပြီး ပေါင်သန်းရဝကျော်နဲ့အထက်ကို အလိုရှိနေတာဖြစ်ပါတယ်။

အသက်၂၈နစ်ရှိပြီဖြစ်တဲ့ဗားရိန်းကို ရီးရဲလ်က ဈေးကြီးနဲ့ ဂျင်းထည့်ဖို့ကြံပေမယ့် နဂိုတည်းက ဈေးအလွန်ဆစ်တတ်တဲ့ ယူနိက်တက်ကလည်း နည်းအမျိုးမျိုးနဲ့ဈေးဆစ်နေတာပါ။

ဒါပေမယ့် အသင်း၂သင်းကြား ဈေးကွာဟမှုက ပေါင်သန်း၃၀လောက်ဖြစ်နေတဲ့အတွက် ဗားရိန်းကို ခေါ်ယူဖို့ ကျဆုံးခဲ့ရင် မန်ချက်စတာယူနိက်တက်မှာ Plan Bအသင့်ရှိနေတယ်လို့ ယူနိက်တက်အသင်းနဲ့နီးစပ်သူတစ်ဦးက မက်ထရိုကိုပြောကြားခဲ့ပါတယ်။

ရီးလ်ရဲမက်ဒရစ်နောက်ခံလူဗားရိန်းကို မရဘူးဆိုရင် ယူနိက်တက်အသင်းဟာ ဆီဗီလာနောက်ခံလူ Jules Kounde.ကိုခေါ်ယူဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။

Jules Kounde.ဟာ အသက်၂၂နစ်သာရှိသေးတာဖြစ်ပြီးပြီးခဲ့တဲ့လာလီဂါမှာ အထင်ကြီးလောက်စရာတွေကို လုပ်ပြထားတဲ့ကြယ်ပွင့်လေးတစ်ဦးပါ။
ဒါပေမယ့်”Jules Kounde.ကဗားရိန်းထက်ဈေးပိုကြီးနိုင်တယ်။ အနဲဆုံးပေါင်သန်း၆၀”ပဲလို့စပိန်သတင်းထောက်တစ်ဦးကရေးသားထားပါတယ်။

ဆီဗီလာအသင်းဘက်ကလည်း Jules Kounde.အတွက် ပေါင်သန်း ၆၀လောက်လိုချင်နေတာဖြစ်ပြီး လောလောဆယ်မှာ ဒီကစားသမားကို စိတ်ဝင်စားတဲ့ကလပ်အသင်းများစွာရှိနေပါတယ်။

ဒါပေသိJules Koundeကို မန်ချက်စတာယူနိက်တက်အနေနဲ့ တော့တင်ဟမ်စပါးနဲ့သာ အပြိုင်လုဖို့ရှိနေတာပါ။လက်ရှိ ယူနိက်တက်တို့ပစ်မှတ်ထားပြီးလိုက်နေတဲ့ ဒုတိယပလန်ဖြစ်တဲ့ဆီဗီလာနောက်ခံလူဟာ ဗားရန်းထက်၆နစ်ငယ်ပြီးတော့ဗားရန်းထက်ဈေးပိုပေးရမယ့်အနေအထားဖြစ်နေတာကြောင့် တစ်ကယ်ရော ယူနိက်တက်က တတ်နိုင်ပါ့မလားဆိုတာလည်း မေးခွန်းထုတ်စရာပဲဖြစ်ပါတယ်။

ကာလရှည်ပစ်မှတ်ဆန်ချိုကိုတောင် ပေါင်၇၃သန်းနဲ့အသဲအသန်ခေါ်ခဲ့ရတာဖြစ်လို့ဒုတိယအစီအစဉ်ကလည်း အလုပ်ဖြစ်ဖွယ်မရှိပါဘူး။လောလောဆယ်မှာ ယူနိက်တက်ရဲ့ ပြဿနာက ရီးရဲလ်အသင်နဲ့ဆီဗီလာအသင်းက ကစားသမား၂ဦးကိုပစ်မှတ်ထားတာဖြစ်နေတဲ့အပြင် ဒီPlan နှစ်ခုလုံးကလည်း တော်တော်လေး ခက်ခဲမယ့်အနေအထားရှိနေတာကြောင့် ယူနိုက်တက်တို့အနေနဲ့ Plan Cတစ်ခုခုရှိထားဖို့ တွန်းအားပေးခံနေရသလိုဖြစ်နေပါပြီ.လာမယ့်နွေရာသီမှာ မက်ဂွိုင်းယားနဲ့တွဲဖက်နိုင်မယ့် နောက်တန်းကောင်းကောင်းရဖို့အတွက် ယူနိက်တက်ဘာတွေဆက်လုပ်မလဲဆိုတာတော့ ဂလေဇာနဲ့နွေရာသီပြဇာတ်မှာဆက်ကြည့်ကြတာပေါ့

David Bakyaw

Leave a Comment

Your email address will not be published.