မန်ယူရဲ့သောက်သုံးမကျမှုကြောင့် ယဥလောက်ငွေနဲ့ အဌားချခံရနိုင်တဲ့ ကြယ်ပွင့်

မန်ယူအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဗန်ဒါဘိနဲ့ဒါးလော့တို့ကို အငှားဖြင့်ခေါ်ယူရန်ရီးရဲယ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့တစ်နေ့ကကမ်းလှမ်းခဲ့တာပါ။

မန်ယူအသင်းဘက်မှဒါးလော့ကိုထွက်ခွါခွင့်ပေးရန်ရှိနေသော်လည်းနည်းပြဆိုးရှားက နယ်သာလန်ကွင်းလယ်ကစားသမားဆိုးရှားကမန်ယူအသင်းရဲ့အနာဂါတ်အတွက်အရေးပါတဲ့နေရာမှာရှိနေတဲ့အတွက် အသင်းမှထွက်ခွါခွင့်ပေးမှာမဟုတ်ကြောင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီကနေ့တက်လာတဲ့ Cuoffsideကသတင်းတစ်ခုအရ ဗန်ဒိဘိနဲ့ပက်သက်ပြီးမန်ယူအသင်းဟာ ရီးရဲလ်ဘက်ကတောင်းဆိုတာကို လက်ခံလိုက်ဖို့ စဉ်းစားနေတယ်လို့အမည်မဖော်လိုတဲ့ရင်းမြစ်တစ်ခုကိုရေးသားထားပါတယ်။ မန်ချက်စတာယူနိက်တက်ဘက်ကတော့ ဒါနဲ့ပက်သက်ပြီး တိကျသေချာတဲ့ထုတ်ပြန်မှုတော့မရှိသေးပါဘူး

မန်ယူအသင်းဟာ ပေါ်တူဂီနောက်ခံကစားသမားဒါးလော့ကို ပေါင်၁၅သန်းဖြင့်ရောင်းချဖို့ကြေညာထားပြီးဖြစ်ပေမယ့် ဗန်ဒီဘိကတော့အသင်းမှာပဲဆက်ရှိနေရင်လည်း ပွဲထွက်ခွင့်ပျောက်ဆုံးနိုင်ချေတွေများနေတဲ့အတွက် ဒီလိုစဉ်းစားလာတာလားဆိုတာလည်းမေးခွန်းထုတ်စရာရှိပါတယ်။

ပြဿနာကရီးရဲယ်အသင်းဟာ ဗန်ဒါဘိကိုငှားရန်းခပေါင်နှစ်သန်းဖြင့်ကမ်းလှမ်းခဲ့တာဖြစ်ပြီးဒါ့လော့အတွက်ကမ်းလှမ်းမှုမှာထို့ထက်ပိုမိုလျှော့နည်းကြောင်းအဆိုပါသတင်းမှာဖေါ်ပြထားပါတယ်။

နိုင်ထက်စီးနင်းခွက်ကျတဲ့ရီးရဲယ်အသင်းက သူတို့အသင်းရဲ့နောက်ခံကစားသမားဗာရာနီအတွက်မန်ယူအသင်းကပြောင်းရွှေ့ကြေးယူရိုသန်း၄၀ဖြင့်ကမ်းလှမ်းမှုကို ချက်ခြင်းပယ်ချခဲ့တာပါ။

အဲ့ဒါပြီးတဲ့နောက် အခုလိုမျိုး ခွက်ကျမျက်နာပြောင်တိုက်ပြီး မန်ယူကစားသမား၂ဦးကိုတောင် အဌားချဖို့ ယဥလောက်ဈေးနဲ့တောင်းဆိုလာတာကို လက်ခံခဲ့မယ်ဆိုရင်တော့ ယူနိက်တက်ကို မကြာခင်မှာတစ်တစ်ခွခွ (အီးလိုပါသွား)ဆဲဖို့ စောင့်နေတယ်ဆိုတာ ကြိုတင်အသိပေးလိုက်ရပါစေ..

#Red_DevilNews
#David_Bakyaw

Leave a Comment

Your email address will not be published.