ပြင်သစ်ပြုတ်ပီးမှ ကမ္ဘာကျော်အဆိုတော်မွေးနေ့မှာ သွားကနေတဲ့ ပေါ့ဘာ(ရုပ်/သံ)

မန်ချက်စတာယူနိက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်‌ပေါ့ဘာကတော့ သူတို့ရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ပြင်သစ်အသင်း ယူရိုမှာ ပြုတ်သွားပြီးတဲ့နောက်မှာ အပူအပင်မရှိပဲ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Burna Boyရဲ့မွေးနေ့မှာ သွားကခုန်ရင်း ပျော်ပါးနေခဲ့ပါတယ်။

ပေါ့ဘာဟာ မန်ယူအသင်းဖော်တွေရဲ့ မွေးနေ့တွေမှာလည်း အဲ့ဒီလိုကခုန်ရတာကိုပျော်ပါးပြီးတော့ လင်းဂတ်ရဲ့မွေးနေ့မှာလည်း ကခုန်ရင်းပျော်ရွင်စွာဖြတ်သန်းခဲ့ဖူးပါတယ်။

အခုပေါ့ဘာမွေးနေ့ပွဲသွားတက်ရောက်တဲ့Burna Boyဟာ အာဖရိကရဲ့နာမည်ကျော်အဆိုတော်ဖြစ်ပြီးတော့ တေးရေးဆရာတစ်ဦးဖြစ်သလိုရပ်ပါသီချင်းတွေကို သီဆိုတဲ့ အကပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူကပေါ့ဘာရဲ့ အမာခံပရိတ်သတ်ဖြစ်တဲ့အတွက် ပေါ့ဘာနဲ့ပျော်ပါးစွာမွေးနေ့ပွဲကို ဆင်နွဲနေခဲ့တာပါ။

ပေါ့ဘာဟာပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်အသင်းပြုတ်ပီးနောက် ပရိတ်သတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေရဲ့ ဝေဖန်မှုတွေကို ကျောခိုင်းထားခဲ့ပြီး သူ့အားလပ်ရက်တွေကို အပူအပင်မရှိဖြတ်သန်းနေတာပါ။

လောလောဆယ်မှာ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့က တော်တော်လေးမရေမရာဖြစ်နေပြီးတော့ သူ့အေးဂျင့်ရွိင်းအိုလာမွှေးတဲ့မီးကို သူကိုယ်တိုင်လေတိုက်ပေးနေသလိုတောင်ဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ယူနိက်တက်ဘက်ကတော့ ပေါင်၄သိန်းဆိုတဲ့ မန်ယူအသင်းရဲ့ စံချိန်တင်လစာပေးပြီးပေါ့ဘာကိုဆက်ထိန်းချင်ပေမယ့် အလွတ်ပြောင်းရွေ့ကြေးနဲ့ပြောင်းသွားမှာစိုးတဲ့အတွက် ပေါ့ဘာတစ်ကယ်ကိုဆက်မနေချင်တောဘူးဆိုရင်တော့ အသင်းကထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။

နောက်ဆုံးထွက်ပေါလာတဲ့ သတင်းအရပေါ့ဘာအေးဂျင့်အဖွဲ့နှင့် PSG တို့ကြားဆွေးနွေးမှုများပြုလုပ်နေပြီး ကစားသမားကလည်း လီဂူးဝမ်းကလပ်ထံပြောင်းရွှေ့ရန် ပိုမိုလမ်းဖွင့်ထားကြောင်းသိရပါတယ်။ ကဲပေါ့ဘာကတော့ အိုးထရက်ဖို့ကို တစ်ကယ်စွန့်ခွာပြီး အသင်းဖော်သစ်တွေရဲ့မွေးနေ့တွေမှာကခုန်နေဦးမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

I wannt to Dance Ha Ha.

#Red_Devil
#DAVID_BAKYAW

Leave a Comment

Your email address will not be published.