ယူနိက်တက်ကြောင့် ဟာလန်းကို ဆုံးရှံးရဖွယ်ရှိနေတဲ့ တူချဲလ်ရဲ့မိတ်ကပ်ဆိုင်

ရာသီဝက်မှာ ကွင်းထဲဝင်ပြီး မကြာခင်မှာ ဖလားသိမ်းပိုက်ပြသွားတဲ့ တူချဲလ်ကတော့ သူ့ရဲမိတ်ကပ်ဆိုင်ချဲလ်ဆီးအသင်းအတွက်
တိုက်စစ်ကိုအားဖြည့်ဖို့ ဟာလန်းကိုတစ်ပိုင်းသေလောက်အောင် လိုချင်နေပါတယ်။

ဟာလန်းဆိုတာတစ်ကယ်တော့လည်း ချိန်တိုင်းလွဲတတ်တဲ့ မန်ချက်စတာယူနိက်တက်ရဲ့ ကာလရှည်ပစ်မှတ်ကြီးဖြစ်ပြီး ခုခါမှာတော့ ယူနိက်တက်တို့ဟာ ဖင်မနိုင်ပဲ ပဲကြီးဟင်းမစားနိုင်တော့လို့ ဟာလန်းဆိုတဲ့ လေသံမထွက်တာ အတော်ကြာပြီဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ တစ်ဖက်က မိတ်ကပ်ဆိုင်နဲ့ ပက်ဂွာဒီယိုလာရဲ့ကလေးအသင်းတို့ဟာ ဟာလန်းကို စော်တစ်ပွေကိုအပြိုင်ပိုးသလိုပိုးနေကြပေမယ့် ဘဝင်ကိုင်တဲ့ အိမ်ကြီးရှင် ဒေါ့မွန်ကြောင့် အကျပ်ရိုက်နေကြရပါတယ်။

လက်ရှိမှာ ဒေါ့မွန်ကခေါ်ထားတဲ့ ဟာလန်းပေါက်ဈေးဟာ ယူရိုသန်း ၁၈၀ ပေါင်သန်း ၁၅၀ထိရှိနေတာပါ။

မန်စီးတီးကတော့ ဒီလောက်ဈေးကို ထုတ်မသုံးနိင်ပေမယ့်နည်းစနစ်ဆရာကြီး ဂွာဒီယိုလာကို ဖြုတ်ခဲ့တဲ့ တူချဲလ်ကတော့ဟာလန်းကို မရရအောင်ခေါ်ဖို့အလိုရှိနေတာပါ။

ဒါပေမယ့် နိုင်ငံတကာ အားကစားဆိုင်ရာသုံးသပ်သူတွေရဲ့ အဆိုအရ ချဲလ်ဆီးလည်းဒေါ့မွန်ကို ရဖို့မဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၁ပွဲကစား ၄၁ဂိုးသွင်းယူထားတဲ့ကြက်သီးထဖွယ်ကစားသမားလည်းဖြစ်ပြီး ဒေါ့မွန်က ဆန်ချိုကို ယူနိက်တက်က ခေါ်ယူသွားလို့ ငွေကြေးအမြတ်သောင်းသောင်းဖြဖြရမှာဖြစ်သလို အသင်းရဲ့အဓီကကစားသမားလိုအပ်ချက်ကြောင့် ဟာလန်းကို ထုတ်ရောင်းသွားဖို့ ရှိမယ်မထင်ပါဘူး။

ပြီးခဲ့တဲ့အပတ်က ယူနိက်တက်က သူတို့ရဲ့ ၄နစ်ကြာစောင့်ကြည့်ရင်းအချိန်ကုန်ခဲ့ရတဲ့ ဆန်ချိုကို ပေါင် ၇၃သန်းနဲ့ခေါ်ယူထားတာဖြစ်လို့ ဒေါ့မွန်ဟာ ဟာလန်းကို ထုတ်ရောင်းဦးမှာမဟုတ်ဘူးလို့ အားကစားသုံးသပ်သူတွေကဆိုပါတယ်။

တစ်ဖက်မှာလည်း ယူနိက်တက်က ဒီနွေမှာ ဆန်ချိုကိုတောင်ပံတိုက်စစ်အတွက်ခေါ်ယူထားတာသာရှိသေးပြီးအထောင်တိုက်စစ်အတွက် ကိန်းနဲ့ဟာလန်းကိုပစ်မှတ်ထားခဲ့တာဖြစ်လို့ဟာလန်းကိုလိုချင်နေသေးပေမယ့် အသံမထွက်တာပဲဖြစ်ပါတယ်။

ဒေါ့မွန်ဘက်က ဒီနစ်မှာဟာလန်းကိုဆက်ထိန်းထားဦးမယ်ဆို ဆိုလ်းရှားနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ဟာလန်းကို ဒေါ့မွန်ဆီက အရခေါ်ဖိုမန်ယူကကြိုးစာ’ဦးမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒေါ့မွန့်ဟာဆန်ချိုမရှိတော့တဲ့အတွက်ဟာလန်းကို အသင်းကထွက်ခွာခွင့်မပေးသေးပဲ အသင်းမှာဆက်ရှိဖို့ဖြစ်နေနိုင်ပါတယ်။

#Davidမောင်

Leave a Comment

Your email address will not be published.