ဗြိတိလျှ တင်းနစ်ကြယ်ပွင့်လေးကို အကွက်ရွေ့လိုက်တဲ့ စော်ပစ်ကောင်လေးရက်စဖုတ်

မန်ချက်စတာယူနိက်တက်ရဲ့ တိုက်စစ်မှူးကိုကို မားကပ်ရက်စဖုတ်လေးကတော့ ပြီးခဲ့တဲ့ရာသီက အသဲကွဲတဲ့ဒဏ်ရာ
နဲ့ပုခုံးဒဏ်ရာတို့ကြောင့်တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။

အသဲကွဲဒဏ်ရာကလည်း ၈နစ်လောက်တွဲလာတဲ့ ငယ်ချစ်ဦးက ပစ်သွားတာဖြစ်လို့ “ငယ်ချစ်ဦးဝေးဖူးပေါ့ “ဆိုသလို တော်တော်လေးခံစားရမှာအသေအချာပါပဲ။(အတူတူပဲကိုကိုယ်တွေက၁၀နှစ်)

ဒါပေမယ့် ရက်စဖို့လေးက စိတ်ထားကောင်းမွန်တဲ့ လူသားဆန်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ပရဟိတတွေကိုဆက်လုပ်ရင်း အားနည်းသူတွေကိုဖေးကူရင်း အသဲကွဲဒဏ်ရာကိုကုစားနေခဲ့ပါတယ်။

ခုလည်းပဲ တိုက်စစ်မှူးကိုကိုရက်စဖို့လေးဟာဗြိတိသျှတင်းနစ်ကြယ်ပွင့် Emma Raducanu Wimbledon Open Tennis ပြိုင်ပွဲက ထွက်ခွာပြီးနောက်စိတ်ဓတ်မကျဘဲထပ်မံကြိုးစားဖို့အကြံဉာဏ်အချို့ကိုပေးလိုက်ပြန်ပါတယ်။

တင်းနစ်အလှမယ်လေးEmma Raducanu ဟာသူမရဲ့ Fourth Roundမှာ ဩစီကိုရင်ဆိုင်မှာဖြစ်ပြီးပြိုင်ပွဲဝင်နေစဉ်အတွင်း ကျန်းမာရေးကြောင့်ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။

စော်ပစ်ကောင်လေးရက်စဖို့က တင်းနစ်အလှမယ်လေးရဲ့ ပြိုင်ပွဲကထွက်ခွာရတဲ့အကြောင်းပိုစ့်ကို ရှယ်ပီး” ကိုယ်၁၆နှစ်တုန်းက ဝေးလ်အသင်းမှာ အဲ့ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီနေ့ကို ကိုယ်မှတ်မိနေတယ်။ ရှင်းပြစရာစကားလုံးမရှိဘူး။

ဘယ်တော့မှလည်းပြန်မဖြစ်ချင်ဘူး။ မင်းကိုယ့်ကိုကိုယ်ဂုဏ်ယူသင့်ပါတယ်။ တိုင်းပြည်ကလည်းမင်းအတွက်ဂုဏ်ယူနေမှာပါ။ မင်းရဲ့စာကိုဖတ်ရတာဝမ်းသာမိပါတယ်။ ဆက်ကြိုးစားပါ။ အမြင့်ကိုပျံသန်းပါကွယ်”လို့နှစ်သိမ့်အားပေးတာပါ။

အဲ့ဒီသတင်းဟာခနအတွင်းနိုင်ငံတကာမီဒီယာတွေမှာ တက်လာပြီးမန်ယူဖန်တွေနဲ့အခြားဆိုရှယ်မီဒီယာအသုံးပြုသူတွေက စော်ပစ်ကောင်လေးရက်စဖို့ကို ဝိုင်းစနေကြသလို ချီးကျူးနေကြပါတယ်။ စာနာစိတ် ပရဟိတစိတ်ကြီးမားတဲ့ကိုကိုတိုက်စစ်မှူးပေါ့။ ဘာပဲဖြစ်ဖြစ် ယူနိုက်တက်မားကပ်ရက်ဖို့ရဲ့ လူသားဆန်တဲ့စိတ်ဓါတ်ကိုတော့လေးစားရမှာဖြစ်ပါတယ်။ ပြီးတော့ အကွက်ရွေ့တော်တာကိုလည်းလေးစားရပါမယ်..အဟဲဟဲ

#ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.