မန်ယူမှာ တစ်ကယ်လိုနေတာ ဘယ်လိုကစားသမားမျိုးလဲဆိုတာ ထောက်ပြသွားတဲ့ Paul Parker

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီဈေးကွက် အပြောင်းအရွေ့မှာ ဈေးဦးပေါက်အနေနဲ့ ဒေါ့မွန်အသင်းက ဂျေဒန်ဆန်ချိုကို ပေါင် ၇၃သန်းနဲ့ ခြေမြန်လက်မြန်ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိ ယူနိက်တက်တို့ ခေါင်းခဲနေတဲ့ ပြဿနာကတော့ ပေါ့ဘာရဲ့ မတည်ငြိမ်တဲ့အနာဂါတ်ကြောင့်ဖြစ်ပြီးကွင်းလယ်ပိုင်းလိုအပ်ချက်တွေရှိလာမှာကို စိုးရိမ်နေရတာပဲဖြစ်ပါတယ်။

ဒါကြောင့် တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ပြီးသား ယူနိက်တက်အနေနဲ့ ကွင်းလယ်ပိုင်းနဲ့ ဗဟိုနောက်ခံနဲ့ကို ဖြည့်တင်းဖို့စဉ်းစားပြီးလက်တွေ့လည်းချိတ်ဆက်လုပ်ဆောင်တာတွေရှိနေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ဗဟိုနောက်ခံလူအတွက် ရီးရဲလ်မက်ဒရစ်အသင်းကဗားရန်းကို ဦးစားပေးပစ်မှတ်ထားပြီး ချိတ်ဆက်ခဲ့ပေမယ့် လက်ရှိထိတော့ ဘာတိုးတက်မှုမှမရှိသေးပါဘူး။

ဗားရန်းကို ပေါင်သန်း၇၀လောက်လိုချင်နေတဲ့ ရီးရဲလ်ကြောင့်ဗားရန်းကိစ္စက လိပ်ခဲတည်းလည်းဖြစ်နေသေးသလိုကွင်းလယ်ပိုင်းအတွက်လည်း ယူနိက်တက်တို့ခေါင်းခဲနေရပါတယ်၊

လတ်တလောအပြောင်းအရွေ့သတင်းတွေအရတော့ ယူနိက်တက်က ရန်းအသင်းက အသက်၁၈နစ်အရွယ်ကာဗာမင်ဂါကို ပေါင်၂၅သန်းနဲ့ကမ်းလှမ်းထားတယ်လို့ဆိုပြီး တစ်ဖက်အသင်းကပေါင် ၃၅သန်းလောက်လိုချင်နေတယ်လို့သိရပါတယ်။

ယူနိက်တက်ဘက်က အသက် ၁၈နှစ်အရွယ်ကစားသမားကို ချိတ်ဆက်နေပေမယ့်၁၉၉၁ကနေ၁၉၉၆ထိကစားခဲ့တဲ့ယူနိက်တက်ကြယ်ပွင့်ဟောင်းဖြစ်ခဲ့တဲ့လက်ရှိတီဗီအစီအစဉ်တွေအားကစားသုံးသပ်သူလုပ်နေတဲ့PaulParkerကတော့ယူနိက်တက်အနေနဲ့တစ်ကယ်လိုအပ်တာဝက်စ်ဟမ်းအသင်းကဒီကလန်ရိုက်လိုကစားသမားမျိုးဖြစ်တယ်လို့ထောက်ပြပါတယ်။

သူကတော့ ယူနိက်တက်ရဲ့ကွင်းလယ်ပိုင်းနဲ့ပက်သက်ပြီး သူ့အမြင်ကို ခုလိုပြောသွားပါတယ်။
“ရိုက်စ်ကစားတဲ့ပုံစံဟာကွင်းလယ်ပိုင်းမှာယူနိက်တက်အတွက်အကောင်းဆုံးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ပုံစံပါပဲ။ ယူနိက်တက်မှာ ရိုက်စ်လို ကစားသမားတစ်ယောက်မှမရှိပါဘူး။ ရှိတဲ့တစ်ယောက်တည်းသောကစားသမားမာတစ်ကလည်း အသက်ကြီးနေပါပြီ။ ဒီRoleမှာကစားနိုင်တဲ့ကစားသမားမျိုးကတော့ ရိုက်စ်ပဲ။ ဒီတော့ သူတို့အနေနဲ့ ချန်ပီယံလိုချင်ရင်ရိုက်စ်ကိုအရခေါ်သင့်တယ်”လို့ပေါ်ပါကာကဆိုပါတယ်။

အသက်၂၂နစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမားရိုက်စ်ဟာ ဝက်စ်ဟမ်းမှာလည်းကောင်းမွန်တဲ့ခြေစွမ်းတွေပြထားသလို လက်ရှိအင်္ဂလန်အသင်းမှာလည်း ကောင်းမွန်တဲ့ပုံစံတွေကိုဆက်တိုက်ပြသနေပါတယ်။

ယူနိက်တက်ဘက်ကလည်း ဒီကလန်ရိုက်ကို စိတ်ဝင်စားပေမယ့် ဆန်ချိုကို မြင့်မားလွန်းတဲ့လစာနဲ့ခေါ်ယူထားတာကြောင့် အသင်းကကစားသမားရောင်းထုတ်ပြီးမှ ရိုက်စ်ဘက်ကို စဉ်းစားနိင်မယ်ထင်ပါတယ်။

#DBK

Leave a Comment

Your email address will not be published.