လက်နှေးရင်Crushကိုငေးနေရမယ့်အဖြစ် တူချဲလ်ကြောင့် ကြုံသွားနိုင်တဲ့ မန်ယူ

မန်ယူအသင်းဟာ ဥရောပရဲ့အကောင်းဆုံးလို့ အမွန်းတင်ခံနေရတဲ့ ရန်းနက်အသင်းက ပြင်သစ်ကွင်းလယ်ကြယ်ပွင့်လေးကို လက်ရှိမှာပစ်မှတ်ထားလိုက်နေတာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ ချဲလ်ဆီးအသင်းရဲ့နည်းပြတူချဲလ်ကတော့ သူ့ရဲ့ဗြူးတီးစလွန်းမှာ တက်သစ်စမော်ဒယ်ကို Roleတင်ဖို့ ပစ်မှတ်စာရင်းထဲထည့်ထားလိုက်ပြီဖြစ်တယ်လို့ လန်ဒန်အခြေစိုက်အားကစားသတင်းဌာနတစ်ခုကရေးသားထားပါတယ်။

တူချဲလ်အနေနဲ့လောလောဆယ်မှာလည်း သူတို့အသင်းတိုက်စစ်အတွက် ဒေါ့မွန်က ဟာလန်းကိုလည်း လိုက်နေပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဘက်ကတော့ ဟာလန်းနဲ့ပက်သက်ပြီးဈေးကိုင်တင်းခံထားပြီး ထုတ်ရောင်းမယ့်အခြေအနေတော့မတွေ့ရသေးပါဘူး။

အခုတူချဲလ်ရဲ့ပစ်မှတ်စာရင်းထဲထည့်လိုက်တဲ့ပြင်သစ်ကွင်းလယ်ကြယ်ပွင့်လေးဟာ အခုမှအသက်၁၈နစ်ပဲရှိသေးပြီး ဒိအရွယ်နဲ့ လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတာပဲဖြစ်ပါတယ်။

ဒီကစားသမားကိုမန်ယူအသင်းကယူရို၂၅သန်းနဲ့ပထမဆုံးအကြိမ်ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး တစ်ဖက်အသင်းကတော့ ပေါင်သန်း၃၀ကျော်လောက်လိုချင်နေပါတယ်

ကာမာဗင်ဂါကို မန်ယူအသင်းအပြင် ရီးရဲလ် ပီအက်စ်ဂျီကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့် ပေါ့ဘာထွက်သွားရင် ကွင်းလယ်လိုအပ်ချက်ရှိလာမယ့် ယူနိက်တက်အနေနဲ့ ပြင်သစ်ကြယ်ပွင့်ကို အရခေါ်ဖို့ ပေါ့ဘာကတိုက်တွန်းနေခြင်းဖြစ်ပုံလည်းရပါတယ်။

သူ့ရဲ့အသင်းဖော်ကစားသမားလူငယ်ကိုပေါ့ဘာကတော့ခုလိုရေလည်ချီးမွမ်းပြီး ယူနိက်တက်က အရခေါ်သင့်တယ်လို့ဆိုပါတယ်။မန်ယူက ကာမာဗင်ဂါကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ကြားရတဲ့အပေါ်မှာ လည်း ပေါ့ဘာက “ကျနော်သူ့အတွက် ဝမ်းသာပါတယ်ဗျာ၊ အကောင်းဆုံးထက်ပိုပြီး လုပ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ သူက နေရာစုံကစားနိုင်တဲ့သူပါဗျ

သူ့ရဲ့ အနာဂတ်က သူ့လက်ထဲမှာရှိပါတယ်၊ သူ့ဘောလုံးကစားတာ သက်တောင့်သက်သာရှိပါတယ်၊ ဒါပေမဲ့ အလိမ်အခေါက်တွေ တော့ရှိနေသေးတယ်၊ အဲ့ဒါကိုက ကျနော့်ကို စွဲလမ်းစေတာလားတော့မသိပါဘူး

သူက တွန့်ဆုတ်တွေဝေနေတတ်သူမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်၊ အဲ့ဒါကောင်းတယ်။ သူ့ရဲ့ ယုံကြည်မှု က သူ့ရဲ့အရည်အချင်းပါပဲ
ပြင်သစ် နောက်ပေါက် ကစားသမားတွေထဲမှာတော့ သူ့ကို ကျနော်အကြိုက်ဆုံးပဲ။ အများကြီးလည်းမျှော်လင့်ထားပါတယ် လို့ ပေါ့ဘာက ကာမာဗင်ဂါကို ရေရေလည်လည်အမွန်းတင်သွားပါတယ်။

လောလောဆယ်မှာတော့ ကာမာဗင်ဂါနဲ့ ရန်းနက်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနစ်ထဲကိုရောက်ရှိနေပြီး ပါရမီရှင်ကစားသမားကိုမဖြစ်မနေ‌ ရောင်းချရတော့မယ့် အနေအထားဖြစ်နေပြီး ကစားသမားကတော့ ယူနိုက်တက်ကို ပြောင်းရွေ့ချင်နေတယ်လို့သိရပါတယ်။

#RED_DEVILNEWS
#Bakyaw

Leave a Comment

Your email address will not be published.