တိုက်စစ်မှူးကိုကိုရဲ့ကြင်နာမှုတွေကိုReplyပြန်ခဲ့တဲ့ ဗြိတိန်တင်းနစ်ကြယ်ပွင့်လေး

တစ်နေ့ကကျန်းမာရေးအခြေအနေကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ တင်းနစ်အလှမယ်လေးEmma Raducanu ဟာ သူမကို အင်္ဂလန်နဲ့မန်ချက်စတာယူနိက်တက်အသင်းကတိုက်စစ်မှူးကိုကိုရက်စ်ကို Replyပြန်ပြီး အသိအမှတ်ပြုစာပြန်ကြားခဲ့ပါတယ်။

တိုက်စစ်မှူးကိုကိုရက်စဖို့လေးဟာဗြိတိသျှတင်းနစ်ကြယ်ပွင့် Emma Raducanu Wimbledon Open Tennis ပြိုင်ပွဲက ထွက်ခွာပြီးနောက်စိတ်ဓါတ်မကျဘဲထပ်မံကြိုးစားဖို့အကြံဉာဏ်အချို့ကိုပေးလိုက်ပြန်ပါတယ်။

တင်းနစ်အလှမယ်လေးEmma Raducanu ဟာသူမရဲ့ Fourth Roundမှာ ဩစီကိုရင်ဆိုင်မှာဖြစ်ပြီးပြိုင်ပွဲဝင်နေစဉ်အတွင်း အသက်ရှုကြပ် မူးဝေမှုဖြစ်လာတဲ့ကျန်းမာရေးကြောင့်ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။

စော်ပစ်ကောင်လေးရက်စဖို့က တင်းနစ်အလှမယ်လေးရဲ့ ပြိုင်ပွဲကထွက်ခွာရတဲ့အကြောင်းပိုစ့်ကို ရှယ်ပီး” ကိုယ်၁၆နှစ်တုန်းက ဝေးလ်အသင်းမှာ အဲ့ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီနေ့ကို ကိုယ်မှတ်မိနေတယ်။ ရှင်းပြစရာစကားလုံးမရှိဘူး။

ဘယ်တော့မှလည်းပြန်မဖြစ်ချင်ဘူး။ မင်းကိုယ့်ကိုကိုယ်ဂုဏ်ယူသင့်ပါတယ်။ တိုင်းပြည်ကလည်းမင်းအတွက်ဂုဏ်ယူနေမှာပါ။ မင်းရဲ့စာကိုဖတ်ရတာဝမ်းသာမိပါတယ်။ ဆက်ကြိုးစားပါ။ အမြင့်ကိုပျံသန်းပါကွယ်”လို့နှစ်သိမ့်အားပေးတာခဲ့တာပါ။

ရစ်ဖို့ရဲ့အားပေးနှစ်သိမ့်မှုနဲ့ပက်သက်ပြီး တင်းနစ်ကြယ်ပွင့်လေးအမ်မာက အသဲပုံအီမိုဂျီပြန်ပေးခဲ့ပြီး ခုလိုပြန်လည်ရေးသားထားပါတယ်။

“ကျေးဇူးအများကြီးတင်ပါတယ်နော်။ ကြင်နာတဲ့စကားလုံးတွေအတွက်ပေါ့။ ဒီမက်ဆေ့လည်းညီမအတွက်အဓိပ္ပါယ်အများကြီးရှိပါတယ်။ ကိုယ်ကိုကိုယ်ပြန်တည်ဆောက်ပြီးပိုပြီးကြံခိုင်သန်မာမှုတွေနဲ့ပြန်လာခဲ့ပါ့မယ်”လို့ ခေးမလေး(ဂလု) အမ်မာက စာပြန်ထားတာပါ။

အမ်မာဟာ မားကပ်စ်ရက်စ်ဖို့ကိုသာမကပဲ သူ့ကိုနှစ်သိမ့်အားပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြန်ကြားခဲ့ပါတယ်။ အဲ့ဒီထဲမှာမန်ယူဂန္တဝင်ကြီး အီဗရာနဲ့ အွန်လိုင်းပေါမှာ ရန်ဖြစ်ဖူးတဲ့ မန်စီးတီးအမာခံဖန် ကမ္ဘာကျော်အဆိုတော် Liam Gallaghereနဲ့ Gary Linekerတို့လည်းပါဝင်ပါတယ်.

သူမရဲ့တွစ်တာကနေတစ်ဆင့် သူမပြန်လည်သက်သာလာကြောင်းစာတစ်စောင်ကိုလည်းရေးသားခဲ့ပြီး သူမရဲ့ပြိုင်ဘက်ကိုလည်း ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အသဲကွဲတဲ့ဒဏ်ရာနဲ့ပုခုံးဒဏ်ရာတို့ကြောင့်တော်တော်လေးရုန်းကန်ခဲ့ရတဲ့မန်ချက်စတာယူနိက်တက် ရဲ့ တိုက်စစ်မှူးကိုကို မားကပ်ရက်စဖုတ်လေးကတော့ “ညီမလေးရဲ့ကြင်နာတဲ့စကားတွေအတွက်ကျေးဇူးပါနော်”ဆိုတဲ့စကားလုံးလေးကိုရပြီးတဲ့နောက်မှာ
ဗိုလ်လုပွဲမှာ ဂိုးတွေကောက်ခါငင်ခါသွင်းလာနိုင်ပါတယ်(အဟဲ)

ဘာပဲဖြစ်ဖြစ် ၈နစ်လောက်တွဲလာတဲ့ ငယ်ချစ်ဦးက ပစ်သွားတာမို့ ဒဏ်ရာတွေကြားထဲက လူးလဲထနေရတဲ့ ရက်စဖို့လေးဟာ စိတ်ထားကောင်းမွန်တဲ့ လူသားဆန်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ပရဟိတတွေကိုဆက်လုပ်ရင်း အားနည်းသူတွေကိုဖေးကူရင်း အသဲကွဲဒဏ်ရာကိုကုစားပေးနိုင်မယ့်သူတစ်ယောက် အမြန်တွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်(ဥပမာဆန်ချိုပေါ့).ဂွီ

#Red_Devil
#ကိုဘကျော်

Leave a Comment

Your email address will not be published.