အမျိုးသားထုကြီးအတွက် သီးသန့်ဖွင့်လှစ်တော့မယ့် ဂျပန်နိုင်ငံက အပန်းဖြေစင်တာ

မကြာခင်အချိန်အတွင်း ဂျပန်နိုင်ငံ၊ Tokyo မြို့ရှိ Shinjuku နယ်မြေအတွင်းမှာ ဖွင့်လှစ်တော့မှာဖြစ်တဲ့ Centre တစ်ခုအကြောင်း ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါစင်တာကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေသီးသန့် လာရောက်လည်ပတ်ပြီး အပန်းဖြေလို့ရမယ့် နေရာတစ်နေရာပဲ ဖြစ်ပြီး နာမည်ကြီး အပြာကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ SOD(Soft On Demand) ကုမ္ပဏီက ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါစင်တာရဲ့ နာမည်ကတော့ SOD Land ဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ SOD Land စင်တာမှာ စုစုပေါင်း အထပ် ၅ ထပ်ရှိမှာဖြစ်ပြီး တစ်ထပ်ချင်းစီမှာ မတူညီတဲ့ အတွေ့အကြုံနဲ့ ဆန်းသစ်တဲ့ အမြင်ကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြောဖို့တစ်ခု ကျန်ပါသေးတယ်။ အဲဒါကတော့ SOD Land စင်တာမှာရှိတဲ့ ဝန်ထမ်းတွေဟာ SOD ကုမ္ပဏီရဲ့ လူကြီးကားရိုက်နေကျ အပြာမယ်တွေပဲ ဖြစ်ပါတယ်။ အောက်ဆုံး Basement ကတော့ “Newcomer Adult Film Actress Floor” ပဲ ဖြစ်ပြီး SOD ကုမ္ပဏီရဲ့ မျက်နှာသစ် အပြာမော်ဒယ်လေးတွေရှိတဲ့ အထပ်ပဲ ဖြစ်ပါတယ်။ အဲဒီ အထပ်မှာတော့ အစားအစာနဲ့ သောက်စရာတွေကို ရရှိနိုင်တဲ့ Bar ပုံစံလေးဖွင့်ထားတာဖြစ်ပြီး စာပွဲထိုးမလေးတွေကတော့ အဆိုပါ မျက်နှာသစ် အပြာမော်ဒယ်လေးတွေပဲ ဖြစ်ပါတယ်။

ပထမထပ်ကတော့ ဒီစင်တာမှာ ဘာတွေလုပ်လို့ရလဲ၊ ဘယ်လိုမျိုး Entertainment တွေရှိမလဲဆိုတာကို Guide လုပ်ပေးမယ့် ဝန်ထမ်းကောင်မလေးတွေရှိတဲ့အပြင် ဖုန်းဘေလ်၊ မီတာဘေလ် အစရှိတာတွေကို ပေးဆောင်နိုင်မယ့် ဝန်ဆောင်မှုတွေကိုပါ လုပ်ပေးထားပါတယ်။ ဒါ့အပြင် အမှတ်တရ ပစ္စည်းလက်ဆောင်တွေ ဝယ်နိုင်မှာဖြစ်သလို နာမည်ကြီးအပြာမယ်တွေရဲ့ Photo stand တွေနဲ့ အမှတ်တရဓာတ်ပုံ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယထပ်ကတော့ Kakubutsu Salon အထပ်ဖြစ်ပြီး အမျိုးသားတွေ အကြိုက်ဆုံးအထပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီဒုတိယထပ်မှာ ဝန်ဆောင်မှုပေးတဲ့ အမျိုးသမီးဝန်ထမ်းတွေကတော့ Fuzoku နယ်ပယ်ထဲက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ Fuzoku ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပိုက်ဆံပေးပြီး ဆက်ဆံနိုင်တဲ့ တရားဝင်ပြည့်တန်ဆာတွေပဲ ဖြစ်ပါတယ်။ အဆိုပါအထပ်မှာတော့ အမျိုးသားတွေဟာ ကိုယ်ကြိုက်တဲ့ အမျိုးသမီးတွေနဲ့အတူတူ အရက်ထိုင်သောက်တာတို့၊ ကိုယ်မျက်စိကျတဲ့ အမျိုးသမီးနဲ့ ဆီမာဆတ်အတူတူဝင်တာတို့အပြင် တစ်ခြားလိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုတွေပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်

တတိယအထပ်ကတော့ “Famous Adult Actress Floor” ဖြစ်ပြီး SOD ကုမ္ပဏီရဲ့ နာမည်ကြီး အပြာမယ်တွေနဲ့အတူတူ စကားလေးတွေပြောပြီး အေးအေးဆေးဆေး အရက်သောက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ တတိတယအထပ်ရဲ့ ဆောင်ပုဒ်ကတော့ “နာမည်ကြီး အပြာမယ်တွေနဲ့အတူတူ အရက်သောက်ပြီး အိမ်မက်အတူတူမက်ကြည့်လိုက်ကြပါ”ပဲ ဖြစ်ပါတယ်။ နောက်ဆုံး ၄ ထပ်မြောက်ကတော့ “Silent Bar”လို့ အမည်ရပြီး SOD ကုမ္ပဏီရဲ့ အမိုက်ဆုံးဆိုတဲ့ အပြာမယ်တွေ သီးသန့်ဧည့်ခံတဲ့ နေရာတစ်နေရာပဲ ဖြစ်ပါတယ်။ အဆိုပါ အပြာမယ်တွေအားလုံးဟာ အတွင်းခံလေးတွေ ဝတ်ထားတာဖြစ်ပြီး မှန်အလုံခန်းလေးတွေမှာ နေနေတာပဲ ဖြစ်ပါတယ်။ ကိုယ်အကြိုက်ဆုံး အပြာမယ်ရှိနေတဲ့ မှန်လုံခန်းအရှေ့မှာ မတ်တပ်သွားရပ်လိုက်တာနဲ့ သူတို့လေးတွေက မှန်တံခါးလေးကို လာဖွင့်ပေးပါတယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့ အရက်ကို သူတို့ကဖျော်ပေးပြီး ကိုယ်နဲ့အတူတူ မှန်လုံခန်းလေးထဲမှာ နှစ်ကိုယ်ကြားစကားတွေ ပြောနေနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ SOD Land ဟာ မကြာခင်အချိန်အတွင်း ဂျပန်နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးကပါ စိတ်ဝင်စားလာတော့မယ့် စင်တာတစ်ခုပဲ ဖြစ်ပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *