အသိုက်ဆောက်ဖို့ ပန်ဒါဝက်ဝံရဲ့အမွေးတွေကို သွားနုတ်ခဲ့တဲ့ကျီးကန်း

ကျီးကန်းတစ်ကောင်ဟာ အသိုက်ဆောက်ဖို့ ပန်ဒါဝက်ဝံကြီးတစ်ကောင်ဆီကနေ အမွေးတွေ နုတ်ယူနေခဲ့တဲ့ ရယ်စရာအဖြစ်ကို တိရိစ္ဆာန်ဥယျာဉ်သို့လာရောက်ခဲ့တဲ့ ဧည့်သည်တွေက တွေ့ပြီးရိုက်ကူးခဲ့ပါတယ်။ အမွေးသွားဆိတ်နုတ်တဲ့ နေရာကလည်း တကယ့်နေရာပါပဲ။ တင်ပါးပါ..။

ကျီးကန်းတွေဟာ ငှက်မျိုးစိတ်များအနက် ဉာဏ်ရည်အမြင့်ဆုံးမျိုးစိတ်ဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ဒီကျီးကန်းက ပန်ဒါရဲ့ တင်ပါးပေါ်က အမွေးတွေကို သွားနုတ်ယူလောက်တဲ့အထိ သတ္တိကောင်းနေခဲ့ပါတယ်။ ကျီးကန်းဟာ ပန်ဒါဆီက အမွေးတွေကို အေးအေးဆေးဆေးနဲ့ နုတ်ယူလို့ရမှန်းသိလိုက်တဲ့အတွက် အနီးအနားမှာရှိတဲ့ သူ့အပင်ဆီကို သွားချည်ပြန်ချည် အခေါက်ခေါက်အခါခါလုပ်ပြီး အမွေးတွေကို ဆက်သယ်နေခဲ့ပါတယ်။

ဘေဂျင်းတိရိစ္ဆာန်ဥယျာဉ်ထဲက လာရောက်လည်ပတ်သူတွေလည်း ၎င်းမြင်ကွင်းကို အလွန်သဘောကျကာ ဝိုင်းရိုက်ကူးခဲ့ကြပြီး ဆိုရှယ်မီဒီယာအသုံးပြုသူတွေထံလည်း ပြန့်သွားခဲ့ပါတယ်။ ဝက်ဘ်ဆိုဒ်တစ်ခုမှာတော့ ၎င်းကျီးကန်းဆောက်ထားတဲ့ ငှက်သိုက်ကို ငှက်တွေအတွက်မရှိဖူးတဲ့ ဇိမ်အကျဆုံးငှက်သိုက်ဖြစ်တယ်ဆိုကာ ဟာမီးစ်လို့နာမည်ပေးခေါ်ဝေါ်ခဲ့ပါတယ်။

Zawgyi

က်ီးကန္းတစ္ေကာင္ဟာ အသိုက္ေဆာက္ဖို႔ ပန္ဒါဝက္ဝံႀကီးတစ္ေကာင္ဆီကေန အေမြးေတြ ႏုတ္ယူေနခဲ့တဲ့ ရယ္စရာအျဖစ္ကို တိရိစာၦန္ဥယ်ာဥ္သို႔လာေရာက္ခဲ့တဲ့ ဧည့္သည္ေတြက ေတြ႕ၿပီး႐ိုက္ကူးခဲ့ပါတယ္။ အေမြးသြားဆိတ္ႏုတ္တဲ့ ေနရာကလည္း တကယ့္ေနရာပါပဲ။ တင္ပါးပါ..။

က်ီးကန္းေတြဟာ ငွက္မ်ိဳးစိတ္မ်ားအနက္ ဉာဏ္ရည္အျမင့္ဆုံးမ်ိဳးစိတ္ျဖစ္ၿပီး အခုတစ္ေခါက္မွာေတာ့ ဒီက်ီးကန္းက ပန္ဒါရဲ႕ တင္ပါးေပၚက အေမြးေတြကို သြားႏုတ္ယူေလာက္တဲ့အထိ သတၱိေကာင္းေနခဲ့ပါတယ္။ က်ီးကန္းဟာ ပန္ဒါဆီက အေမြးေတြကို ေအးေအးေဆးေဆးနဲ႔ ႏုတ္ယူလို႔ရမွန္းသိလိုက္တဲ့အတြက္ အနီးအနားမွာရွိတဲ့ သူ႔အပင္ဆီကို သြားခ်ည္ျပန္ခ်ည္ အေခါက္ေခါက္အခါခါလုပ္ၿပီး အေမြးေတြကို ဆက္သယ္ေနခဲ့ပါတယ္။

ေဘဂ်င္းတိရိစာၦန္ဥယ်ာဥ္ထဲက လာေရာက္လည္ပတ္သူေတြလည္း ၎ျမင္ကြင္းကို အလြန္သေဘာက်ကာ ဝိုင္း႐ိုက္ကူးခဲ့ၾကၿပီး ဆိုရွယ္မီဒီယာအသုံးျပဳသူေတြထံလည္း ျပန႔္သြားခဲ့ပါတယ္။ ဝက္ဘ္ဆိုဒ္တစ္ခုမွာေတာ့ ၎က်ီးကန္းေဆာက္ထားတဲ့ ငွက္သိုက္ကို ငွက္ေတြအတြက္မရွိဖူးတဲ့ ဇိမ္အက်ဆုံးငွက္သိုက္ျဖစ္တယ္ဆိုကာ ဟာမီးစ္လို႔နာမည္ေပးေခၚေဝၚခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *