သရ ဏဂုံ သုံးပါး ကို အမြဲမပျက် ရွတ်ဆိုပွား များသော ပုဂ္ဂိုလ် တို့ ရရှိနိုင်သော အကျိုး တရားများ
မိမိ ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။
ထို့ကြောင့် … အလွန်အလုပ်များ၍ တရား အားထုတ်ရန်အတွက်
အချိန်မရသော သူများသည် သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။
သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း ၌လေးစားမြတ်နိုးခြင်းခံရမည်
၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။
၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်း ခံရမည်။
၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။
၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်း အလွန် လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း ၌ လူချစ်လူခင် အလွန်ပေါမည်။
၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။
၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်
ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။
ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ –
၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့် အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်အသက်ရှည်ခြင်း၊
ဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော် ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေ
ဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှု ကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း
မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျော ကြရခြင်း၊
မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီး အောင် မပြုလုပ် နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။
ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန် အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများ သင့် ပါသည် ။
ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန် ကို မျက်မှောက်ပြု ကြရ ပါမည် ။
သံသရာ၌ ကျင်လည် ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရား များကို ရရှိပါ လိမ့်မည်။
ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိ ရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားမျာ းကြပါဟု တိုက်တွန်း အပ်ပါသည်။
Credit