ဗီယက်နမ်နိုင်ငံမှ အသက်၂၇နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အိမ်ထောင်သက်၆နှစ်အကြာမှာ သမီးဦးလေးအား မွေးဖွားခဲ့ရာ မိသားစုအရေးကိုသာ ဦးစားပေးခဲ့သည့်အတွက် အပြင်အဆင်လည်းမရှိတော့၍ မလှမပနှင့် ဖက်တီးပုတ်ဖြစ်နေခဲ့သည်။
ခင်ပွန်းဖြစ်သူသည် ဇနီးသည်မလှမပဖြစ်သွားတာကိုကြည့်ပြီး စိတ်ပျက်ခြင်းတွေနဲ့အတူ ကွာရှင်းပြတ်စဲခဲ့ကာ မိန်းကလေးခမျာ အခက်အခဲများစွာကြုံခဲ့ရပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကြင်ဖော်မဲ့မိခင်ဖြစ်လာခဲ့သည်။
ကြင်ဖော်မဲ့မိခင်သည် သုံးနှစ်ကြာသောအခါ သမီးလေးကို ကလေးထိန်းသမားဆီမှာ အပ်နှံကာ ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်အောင် ဝါသနာပါခဲ့သည့် ဖက်ရှင်ဒီဇိုင်းနှင့် မော်ဒယ်တစ်ယောက်ဖြစ်လာသည်ထိ ကြိုးစားခဲ့သည်။
မိန်းကလေးသည် တစ်ချိန်က ဆံပင်အရောင်ဆိုးဖို့ စိတ်ကူးမရှိခဲ့သော်လည်း လက်ရှိတွင် အလန်းဇယား အလှပဂေးမလေးအဖြစ်သို့ ပြောင်းလဲလာခဲ့သည့်အတွက် အဝတ်အစားများကိုလည်း သေချာဂရုစိုက်ပြီး ဝတ်စားလာခဲ့သည်။
နောက်ဆုံးတွင် မိန်းကလေးသည် သူမရဲ့အိပ်မက်အတိုင်း ဓာတ်ပုံမော်ဒယ်ဖြစ်လာခဲ့ပြီး နာမည်ကြီးလာခဲ့ရာ ခင်ပွန်းဟောင်းဖြစ်သူသည် နောင်တရပြီးပြန်လာချင်ကြောင်း ဆိုခဲ့ပေမယ့် ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သည်။