မြောက်ကာရိုလိုင်းနားမှ ကုန်တင်ကားအော်ပရေတာတစ်ဦးသည် Lucky for Life
ထီလက်မှတ်နှစ်စောင်ကို မတော်တဆဝယ်ခဲ့ပြီး နှစ်ခုစလုံးက နေထီပေါက်ခဲ့သည်။
မြောက်ကာရိုလိုင်းနားပြည်နယ်Fayetteville မှ Scotty Thomas သည် ထီထိုးရန် အွန်လိုင်းဖောင်တစ်စောင်ကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမအကြိမ်တွင် မမှတ်မိသောကြောင့် ဒုတိယအကြိမ်ထီထိုးခဲ့ကြောင်း North Carolina EducationLottery မှ သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
“တီဗီမှာ ဘတ်စကက်ဘောပွဲကြည့်ရင်း အိပ်ယာပေါ်မှာပဲ လှဲနေခဲ့ပြီး အဲဒါကို ဖြည့်ပေးသလား မမှတ်မိတော့ဘူး” ဟု အသက် ၄၉နှစ်ရှိ သောမတ်စ်က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ကျွန်တော် အဲ့ဒါကိုသွားထပ်ဖြည့်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်တော့်သားက ဘာကြောင့် ပမာဏနှစ်ခုကို စာရင်းပြုစုထားရတာလဲလို့ မေးပါတယ်။အဲ့တော့မှ ‘ငါ အဲဒါကို နှစ်ကြိမ်ဖြည့်ပြီးပြီထင်တယ်’ လို့သဘောပေါက်သွားတယ်။
လက်မှတ်နှစ်ခုစလုံးသည် တစ်နှစ်လျှင်ဒေါ်လာ ၂၅,၀၀၀ ပေးသည့် တစ်သက်တာဆုလက်မှတ်များ ဖြစ်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငါထီပေါက်မှန်းသိတဲ့အခါ ငါတကယ်မယုံနိုင်လို့ ကြမ်းပြင်ပေါ်မှာ လှဲနေခဲ့ရတာ” မတ်တပ်တောင် မရပ်နိုင်တော့ဘူး။”ဒါဟာကောင်းချီးတစ်ခုပဲ”ဟုသောမတ်စ်ကပြောသည်။
သောမတ်စ်သည် လက်မှတ်နှစ်ခုလုံးအတွက် ဒေါ်လာ 780,000 ရရှိခဲ့ပီး အဆိုပါငွေများကိုသောမတ်စ်သည် ဘေလ်များပေးချေရန်နှင့် ၎င်း၏လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံဖို့အသုံးပြုရန် စီစဉ်နေသည်။ သူ့မိသားစုအတွက် အိမ်တစ်လုံး ဝယ်ရန်လည်းကြံစည်ထားသည်။
အခွန်ကောက်ခံပြီးနောက် ငွေစုစုပေါင်းသည် ဒေါ်လာ ၅၅၀,၀၀၀ ကျော်သာကျန်ရှိ
ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။