ပိုးလေးရဲ့ မွေးနေ့လေးကို တောထဲမှာ မရှိရှိတာလေးနဲ့ Surprise လေးလုပ်ပေးခဲ့တဲ့ ဟားငါးကောင်အဖွဲ့သား တွေရဲ့ ကြည်နူးစရာ ရုပ်သံ

ဟားငါးကောင် အဖွဲ့သားတွေကတော့ အနုပညာနယ်မှာ နေရာတစ်ခုကို အခိုင်အမာရရှိခဲ့ပြီး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့အဖွဲ့လေးဟာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တောထဲမှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ စိတ်အားထက်သန်စွာ ပါဝင်နေကြတဲ့ ပြည်သူ့အချစ်တော်တွေ ဖြစ်လာခဲ့ပါပြီ။

ဟားငါးကောင်အဖွဲ့သားတွေဟာ လွတ်မြောက်နယ်မြေထဲရောက်ရှိနေတဲ့ အချိန်လေးမှာလည်း ပြည်သူတွေရဲ့ဘဝအမောတွေပြေစေ ဖို့ အတွက် ဟာသပြက်လုံးတွေနဲ့ ကြိုးစားဖျော်ဖြေပေးနေတာ ဖြစ်ပါတယ်။ တစ်ခါတလေ တောထဲတောင်ထဲမှာ အနေအထိုင်၊ အစားအ သောက်တွေ ဆင်းရဲစွာနေထိုင်ရပေမယ့် သူတို့အဖွဲ့သားတွေ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အချိန်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲဖော်ပြပေးပါတယ်။

ဒီကနေ့မှာတော့ ဟားငါးကောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေးရဲ့ ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေး ကျရောက်ခဲ့ပါတယ်။ ကြည်နူးစရာလေးကတော့ တောထဲမှာ မရှိရှိတာလေးနဲ့ အဖွဲ့သားတွေက မွေးနေ့ Surprise လေးကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပိုးလေးရဲ့ မွေးနေ့ Surprise လုပ်ပေးတဲ့ ဗီဒီယိုလေးကတော့ ကြည့်မိသူတိုင်း အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေကလည်း ယနေ့ကျရောက်တဲ့ ပိုးလေးရဲ့ မွေးနေ့လေးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။

သတင်းအရင်းအမြစ်៖ Source – ဟားငါးကောင်

[zawgyi]

ဟားငါးေကာင္ အဖြဲ႕သားေတြကေတာ့ အႏုပညာနယ္မွာ ေနရာတစ္ခုကို အခိုင္အမာရရွိခဲ့ၿပီး စည္းစည္းလုံးလုံးနဲ႔ ေပ်ာ္႐ႊ င္စြာျဖတ္သန္းေနတဲ့ အဖြဲ႕တစ္ဖြဲ႕ပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူတို႔အဖြဲ႕ေလးဟာ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ ေတာထဲမွာ ေတာ္လွန္ေရးရဲေဘာ္ေတြနဲ႔အတူ တတ္ႏိုင္တဲ့ဘက္ကေန စိတ္အားထက္သန္စြာ ပါဝင္ေနၾကတဲ့ ျပည္သူ႔အခ်စ္ေတာ္ေတြ ျဖစ္လာခဲ့ပါၿပီ။

ဟားငါးေကာင္အဖြဲ႕သားေတြဟာ လြတ္ေျမာက္နယ္ေျမထဲေရာက္ရွိေနတဲ့ အခ်ိန္ေလးမွာလည္း ျပည္သူေတြရဲ႕ဘ ဝအေ မာေတြေျပေစ ဖို႔ အတြက္ ဟာသျပက္လုံးေတြနဲ႔ ႀကိဳးစားေဖ်ာ္ေျဖေပးေနတာ ျဖစ္ပါတယ္။ တစ္ခါတေလ ေ တာထဲေတာင္ထဲမွာ အေနအထိုင္၊ အစားအ ေသာက္ေတြ ဆင္းရဲစြာေနထိုင္ရေပမယ့္ သူတို႔အဖြဲ႕သားေတြ ေပ်ာ္႐ႊ င္စြာျဖတ္သန္းေနတဲ့ အခ်ိန္ေလးေတြကိုလည္း ပရိသတ္ေတြကို အၿမဲေဖာ္ျပေပးပါတယ္။

ဒီကေန႔မွာေတာ့ ဟားငါးေကာင္ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ လူ႐ႊင္ေတာ္ ပိုးေလးရဲ႕ ေပ်ာ္႐ႊင္စရာေမြးေန႔ရက္ျမတ္ေ လး က်ေရာက္ခဲ့ပါတယ္။ ၾကည္ႏူးစရာေလးကေတာ့ ေတာထဲမွာ မရွိရွိတာေလးနဲ႔ အဖြဲ႕သားေတြက ေမြးေန႔ Surprise ေလးကို ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ ပိုးေလးရဲ႕ ေမြးေန႔ Surprise လုပ္ေပးတဲ့ ဗီဒီယိုေလးကေတာ့ ၾကည့္မိသူတိုင္း အေပ်ာ္ေတြကူးစက္သြားမယ္လို႔ ထင္ပါတယ္။ ပရိသတ္ေတြကလည္း ယေန႔က်ေရာက္တဲ့ ပိုးေလးရဲ႕ ေမြးေန႔ေလးအတြက္ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါဦးေနာ္…။

Leave a Reply

Your email address will not be published. Required fields are marked *