မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြန်လည် လွှတ်မြောက်လာသူ ဆယ်လီ တစ်ဦးပြော ပြလာတဲ့ လူမင်း ပြေတီဦး ပိုင်တံခွန်နှင့် အိန္ဒြာကျော်ဇင် ပိုပိုတို့ ရဲ့ အခြေအနေဘဲ ဖြစ်ပါတယ် ဖမ်းစီး ထိမ်းသိမ်း ခံရပြီးမှ ပြန်လည်လွှတ်မြောက် လာတဲ့
အနုပညာ ရှင်ဆိုလို့ ဦးဇင်ဝိုင်း အေသင်ချိုဆွေ မေတိုးခိုင် တို့ ၃ ဦးသာ ရှိပါသေးတယ်။ ထို့နောက် ဦးဇင်ဝိုင်း နဲ့အတူ ဖမ်းစီး ခံထားရသည့် သရုပ်ဆောင် ပြေတီဦးဟာ အင်းစိန်သီးသန့် ထော င်အဆောင် ၂ အခန်း ၆ မှာရောက်ရှိ နေပြီဖြစ်တယ် လို့ဆိုပါတယ်။
သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန်တို့နဲ့ အတူတူထားရှိထား တာလို့ သိရပါတယ်။သရုပ်ဆောင် လူမင်းကိုတော့ အင်းစိန်ထော င်မကြီးရဲ့ အဆောင် ၂ မှာထားထားတယ်လို့ ဆိုပါတယ်။သရုပ်ေဆာင် အိန္ဒြာကျော်ဇင် အဆိုတော်ပိုပို ဝင်းမင်းသန်းတို့ကိုတော့ အမျိုးသမီး စာသင်ဆောင်မှာထား ရှိထားတယ်လို့
ထောင်တာဝန်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။ သရုပ်ေဆာင် ပြေတီဦး အိန္ဒြာကျော်ဇင် အား ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲ ဆိုဖမ်းဆီးထား သောအမှုအား သက်ဆိုင်ရာ တရားရုံးသို့ အမှုစွဲတင်ခဲ့ကြောင်း သိရသည်။
ပြေတီဦး အိန္ဒြာကျော်ဇင် အမှုကသက်ဆိုင်ရာ ကနေအမှုကို စွဲတင်တာပေါ့ဟုပြောသည်။ ထို့ပြင် ၅၀၅ က ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၏အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်ကာ ရက်ပေါင်း ၁၈၀ အတွင်း
အပြီးလုပ်ဆောင် သွားမည်ဟု မေလ ၂၆ရက်တွင်ပြုလုပ်ခဲ့သည့် စီမံခန့်ခွဲမှု အစည်းအဝေး၌ဆုံးဖြတ် ခဲ့ကြကြောင်း ပြောသည်။ဦးခင်မောင်မြင့်က တဖက်က စစ်ဆေးမယ့် အရာရှိရယ် တရားသူကြီးရယ် ကျနော်တို့ရယ်ပေါ့။
အဲဒီတော့ ကျနော်တို့ က အဲဒီအမှုကို ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ တရားရုံးစွဲတင်တဲ့နေ့ မေလ ၄ ရက်ကနေရက်ပိုင်း ၁၈၀ အတွင်း အပြီး စစ်ဆေးဖို့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံးမှာ ပဲ စစ် မှာပါ ဟုပြောသည်။
ပရိတ်သတ်ကြီးလည်း ဦးဇင်ဝိုင်း အေသင်ချိုဆွေ မေတိုးခိုင် လို ကျန်ရှိနေတဲ့ သရုပ်ဆောင် တွေ အမြန်ဆုံးလွှတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ပေးပါအုန်းနော်။အခုလိုဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါ စေလို့ဆုတောင်းပေး လိုက်ပါတယ်။
မူရင်း crd