တိုက်ရိုက် မိုးလေဝသသတင်း ကြေညာနေတုန်း မိုးကြိုးပစ်ခံရတော့မလိုဖြစ်သွားတဲ့ သတင်းသမား
ကံကောင်းတာဘဲလား?ကံဆိုးတာဘဲလား? မသဲကွဲတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်ကတော့ လေကြီးမိုးကြီးထဲမှာ တိုက်ရိုက်သတင်းလွှင့်ရာကနေစတင်ခဲ့တာဘဲဖြစ်ပါတယ်။မိုးကြိုး ပစ်ခြင်းရဲ့ အတွေ့အကြုံအနည်းငယ်ကိုတော့ သိရှိသွားလောက်တဲ့ လူတစ်ယောက်လို့လည်းပြောနိုင်ပါတယ်။
ဒီအတိုင်းပြောရင် ယုံကြမှာမဟုတ်ပေမယ့်တိုက်ရိုက်ထုတ်လွှင့်နေတုန်းဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့လူအများကလည်းလက်ခံလာကြပါတယ်။ရှန်ဒုန်းပြည်နယ်က သတင်းသမား Dalian ကတော့ သူ့ရဲ့ ကိုယ်ပိုင် ချန်နယ်တစ်ခုမှာ ထုတ်လွှင့်ဖို့အတွက် မိုးလေဝသသတင်းကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
ဒီလိုထုတ်လွှင့်နေတဲ့ အခိုက်အတန့်မှာ အခုလိုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပိုဆိုးချင်တော့ သူတက်ပြီးရိုက်ကူးနေတာကလည်း အရမ်းကို အထပ်မြင့်တဲ့တိုက်ဖြစ်တဲ့အပြင် မည်သည့် အကာအကွယ်မှလည်း မရှိခဲ့တာဖြစ်ပါတယ်။
သူတွေ့ကြုံခဲ့ရတဲ့ ၎င်းဖြစ်ရပ်ဗီဒီယိုကို အောက်မှာ ပူးတွဲဖော်ပြထားပါတယ်။ဒီလိုမျိုး တွေ့ကြံုခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်မောင်းလက်တွေနှင့် လက်ချောင်းတွေဟာ နာကျဉ်နေတယ်လို့ဆိုပါတယ်။
crd