ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Watermelon-Nida ဟာ မနေ့က ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ကျောက်ဖရားမြစ်ထဲသို့ ပြုတ်ကျသွားပြီး ရေစီးနဲ့အတူ မျှောပါသွားခဲ့ပါတယ်။
အသက် (၃၇) နှစ် အရွယ်ရှိပြီဖြစ်တဲ့ Watermelon-Nida က ထိုင်းနာမည်ကြီး အဆိုတော်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ၂နှစ်အကြာမှာတော့ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက စိတ်ထိခိုက်လို့ အဆိပ်သောက် ခဲ့တယ်ဆိုတဲ့ သတင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။
Accident တွေလည်း ခဏခဏဖြစ်ခဲ့တဲ့ Watermelon-Nida ဟာ နောက်ဆုံးတစ်ခေါက်မှာ မျက်နှာကို ထိခိုက် ပျက်ဆီးသွားခဲ့တာ ဖြစ်ပြီး ခွဲစိပ်မှုတွေလည်း ပြုလုပ်ခဲ့ရပါသေးတယ်။မနေ့ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က စက်လှေတစ်စီးက ကျောက်ဖရား မြစ်လယ်ကနေ မောင်းထွက်သွားတာဖြစ်ပြီး လှေပေါ်မှာ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၃ ဦးတို့လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။
ဆန်ဟီး တံတားကနေ နွန်သဘူရီ ခရိုင်ကို သွားတဲ့လမ်းဖြစ်တဲ့ Nonthaburi ခရိုင်တွင် Rama 7 တံတားအောက်မှာ Watermelon-Nida က ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။လှေပေါ်မှာလိုက်ပါခဲ့တဲ့ သူငယ်ချင်းပြောဆိုချက်အရ Watermelon-Nida က လှေရဲ့ အနောက် အစွန်းဆုံးမှာ ဓာတ်ပုံရိုက်နေတုန်းမှာ မတော်တဆ လှေပေါ်က ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
လှေမောင်းတဲ့ သူကလည်း သူတို့ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပါတယ်။Watermelon-Nida ပြုတ်ကျသွားတဲ့ အချိန်မှာ ရေစီးကြမ်းပြီး လှိုင်းလဲ သိပ်မငြိမ်တာကြောင့် ရှာရခက်နေခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေအရ သူငယ်ချင်းတွေအားလုံးက သောက်စားထားတာ ဖြစ်ပြီး ကံဆိုးချင်တော့ Watermelon-Nida က အသက်ကယ် အင်္ကျီဝတ်မထားခဲ့ပါဘူး။သူမနဲ့ အတူပါသွားတဲ့ သူငယ်ချင်းတွေက ကယ်ဆယ်ရေးသမားတွေကို အကြောင်းကြားပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။
ကယ်ဆယ်ရေးသမားတွေလည်း နေရာအနှံ့မှာ လှေတွေကို ဖြန့်ကျက်ချထားပြီး ရှာဖွေမှုတွေ ပြုလုပ်နေပေမယ့်လည်း အခုအချိန်အထိ Watermelon-Nida ကို ရှာမတွေ့သေးပါဘူး။
klcelenews klcelenews