မြစ်အနီးနားရှိလူတွေ၏ ပြောစကားနှင့် ကယ်ဆယ်ရေးတစ်ဦးရဲ့ ပြောသောစကားအရ လုပ်ကြံဖန်တီးမှုဟု ပရိသတ်များမှ သံသယရှိနေ

မြစ်အနီးနားရှိလူတွေ၏ ပြောစကားနှင့် ကယ်ဆယ်ရေးတစ်ဦးရဲ့ ပြောသောစကားအရ လုပ်ကြံဖန်တီးမှုဟု ပရိသတ်များမှ သံသယရှိနေ

24 ရက်နေ့ညက ကျောက်ဖုရားမြစ်တွင်း လှေပေါ်ကနေပြုတ်ကျပျောက်ဆုံးသွားခဲ့တဲ့ ထိုင်းမင်းသမီးလေး Tangmo ကို ကယ်ဆယ်ရေးတွေနဲ့ရှာဖွေနေတာ ၂ရက်နီးပါးရှိပြီးတဲ့နောက် ရုပ်အလောင်းရှာတွေ့ခဲ့ပါပြီ

ပြုတ်ကျစဉ်က လှေပေါ်မှာ လူ၆ယောက်ရှိနေခဲ့ပြီး ထူးဆန်းစွာပဲ Tangmo တစ်ယောက်ထဲပြုတ်ကျသွားခဲ့တဲ့အပြင် မြစ်အနီးနားမှာနေထိုင်သူတွေက Tangmo ရဲ့ ကယ်ပါဦးလို့ အော်ဟစ်သံကိုကြားပေမယ့် အဲ့ဒီအချိန်မှာ လှေပေါ်ကလူတွေကငြိမ်နေတယ်လို့ပြောကြပါတယ်

Tangmo အသံပျောက်သွားမှ လိုက်ရှာတဲ့အသံကြားရပြီး ကယ်ဆယ်ရေးတွေရောက်လာချိန်မှာတော့ ညသန်းခေါင်ဖြစ်သွားခဲ့တာကြောင့် ရှာဖွေရခက်ခဲသွားပါတယ်တဲ့

Tangmoကရေကူးကျွမ်းပေမယ့် ဒီမြစ်ရဲ့ လှိုင်းနှုန်းနဲ့တော့ ကူးခတ်ဖို့မလွယ်နိုင်ဘူးလို့ သူမရဲ့ အမေကလည်းပြောပါတယ်

လှေပေါ်မှာကျန်တဲ့သူတွေကို စုံစမ်းစစ်ဆေးဖို့ ရဲတွေကတောင်းဆိုတာကိုလည်း သူတို့က ငြင်းဆန်ပြီး ရှေ့နေခေါ်တဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်

ကယ်ဆယ်ရေးသမားတယောက်က အင်တာဗျုးဖြေထားတာပါ P TangMo ရဲ့ အလောင်းကို စစ်လိုက်တော့ ဘယ်ဘက်ခြေထောက်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားပါတဲ့ နက်လွန်းလို့ အရိုးတောင် မြင်ရပါတယ်တဲ့နော်

အဲဒဏ်ရာ‌ကြောင့် ရေကူးတတ်တဲ့ P TangMo က ရေမကူး နိုင်ဖြစ်ပြီး ရေနစ်သွားတာ နေမှာပါတဲ့ လို့ဖြေကြားထားပါတယ်

ဒါဆို အဲဒဏ်ရာက ပြုတ်မကျခင် ရတဲ့ ဒဏ်ရာလားပြုတ်ကျပြီး မှ ရတဲ့ ဒဏ်ရာလားဆိုတာတော့ တွေးစရာပါဘဲထင်တာပြောရရင်တော့ ပြတ်မကျခင် ဒဏ်ရာလို့မြင်ပါတယ်

အဖြစ်မှန်တွေ အမြန်ပေါ်ပေါက်ပါစေလို့ဆုတောင်းရင်း ငြိမ်းချမ်းစွာအနားယူပါတော့ ကောင်မလေးရေ

Crd All

Leave a Reply

Your email address will not be published. Required fields are marked *