တစ်ခြားမှာမဟုတ်ပါဘူး ရွှေဘိုနယ်မှာပါ

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ စစ်ဘေးရှောင် အဘိုးအဘွားများ အပါအဝင် လူဦးရေ ၃၃၀၀ ကျော် အခက်အခဲတွေ့နေ၊ နေစရာ စားစရာ အခက်အခဲနှင့် ကြုံတွေနေ့ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

   

ရွှေဘိုမြို့နယ် ဂွေးပင်ကုန်း၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ကံကြီးတော၊ ငပိအိုး၊ ရွှေကျင် ကျေးရွာ ၆ ရွာရှိ ပြည်သူများ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စပြီး စစ်ဘေးရှောင်နေရပြီး နေစရာ၊ စားစရာ အခက်အခဲများနှင့် တွေ့ကြုံနေရသလို သက်ကြီးရွယ်အိုများနှင့် ကလေးများ ဖျားနာနေကြကြောင်း စစ်ဘေးရှောင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“စစ်ဘေးရှောင် ၃၃၀၀ ကျော် ရှိတယ်။ ၂၅ ရက်နေ့က စပြီး ပြေးကြရတာ။ တောထဲ လေတိုက် အအေးပတ် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဖျားနာနေ၊

   

   

အကူအညီလိုအပ်နေတယ်။ ငပိအိုးရွာက လက်နက်ကြီးကျပြီး မီးရှို့ခံရတော့ ပတ်ဝန်းကျင်က ရွာတွေလည်း အကုန်ပြေးကြရှောင်ကြရတာ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ငပိအိုးရွာမှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သော်လည်း ကျေးရွာများအတွင်း လက်နက်ကြီး ထိမှန်မည်ကို ကြောက်ရွံ့သည့်အတွက်

နေအိမ်များသို့ မပြန်နိုင်ဖြစ်နေကြောင်း၊ ပျူစောထီးများ၏ သတင်းမှားများ ဖြန့်ဝေမှုကြောင့် နေရာအတည်တကျ မဟုတ်ဘဲ ဟိုဟိုဒီဒီ ပြောင်းရွှေ့စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။source-khit thit

   

=====

ေရႊဘိုၿမိဳ႕နယ္ရွိ ေက်းရြာ ၆ ရြာမွ စစ္ေဘးေရွာင္ အဘိုးအဘြားမ်ား အပါအဝင္ လူဦးေရ ၃၃၀၀ ေက်ာ္ အခက္အခဲေတြ႕ေန၊ ေနစရာ စားစရာ အခက္အခဲႏွင့္ ၾကဳံေတြေန႔ရ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၇

ေရႊဘိုၿမိဳ႕နယ္ ေဂြးပင္ကုန္း၊ ရြာသစ္ကုန္း၊ သဲကၽြန္း၊ ကံႀကီးေတာ၊ ငပိအိုး၊ ေရႊက်င္ ေက်းရြာ ၆ ရြာရွိ ျပည္သူမ်ား ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔မွ စၿပီး စစ္ေဘးေရွာင္ေနရၿပီး ေနစရာ၊ စားစရာ အခက္အခဲမ်ားႏွင့္ ေတြ႕ၾကဳံေနရသလို သက္ႀကီးရြယ္အိုမ်ားႏွင့္ ကေလးမ်ား ဖ်ားနာေနၾကေၾကာင္း စစ္ေဘးေရွာင္မ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

   

“စစ္ေဘးေရွာင္ ၃၃၀၀ ေက်ာ္ ရွိတယ္။ ၂၅ ရက္ေန႔က စၿပီး ေျပးၾကရတာ။ ေတာထဲ ေလတိုက္ အေအးပတ္ သက္ႀကီးရြယ္အိုနဲ႔ ကေလးေတြ ဖ်ားနာေန၊

အကူအညီလိုအပ္ေနတယ္။ ငပိအိုးရြာက လက္နက္ႀကီးက်ၿပီး မီးရွို႔ခံရေတာ့ ပတ္ဝန္းက်င္က ရြာေတြလည္း အကုန္ေျပးၾကေရွာင္ၾကရတာ” ဟု ေဒသခံ တစ္ဦးက ေျပာၾကားသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား ငပိအိုးရြာမွ ျပန္လည္ ထြက္ခြာသြားၿပီျဖစ္ေသာ္လည္း ေက်းရြာမ်ားအတြင္း လက္နက္ႀကီး ထိမွန္မည္ကို ေၾကာက္ရြံ့သည့္အတြက္

   

ေနအိမ္မ်ားသို႔ မျပန္နိုင္ျဖစ္ေနေၾကာင္း၊ ပ်ဴေစာထီးမ်ား၏ သတင္းမွားမ်ား ျဖန႔္ေဝမႈေၾကာင့္ ေနရာအတည္တက် မဟုတ္ဘဲ ဟိုဟိုဒီဒီ ေျပာင္းေရႊ႕စစ္ေဘးေရွာင္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။source-khit thit

Leave a Reply

Your email address will not be published. Required fields are marked *