ဗိုက်တစ်လုံးနဲ့ ထားခဲ့ပေမဲ့ ငိုယိုမနေပဲယောက္ခမအိမ် ထိ လိုက်လာပြီးကလေးတက်မွေးတဲ့ချွေးမ 😁
ဂျစ်ပစီကောင် ငပွေကောင်
တစ်နေ့တစ်နေ့ ကျမအိမ်က ထွက်သွားရင် မင်းသားရုပ်နဲ့သန့်ပြန့် ပြန်လာရင် မီးသွေးပဲရောင်းခဲ့သလိုလိုဝပ်ရှော့ဆရာပဲလုပ်ခဲ့သလိုလို အိုးမည်းတွေနဲ့ပြန်ပြန်လာတာ ။
ဘယ်ဟုတ်မလဲ သူ့ရုပ်ကြီးနဲ့ ဖွန်သွားသွားကြောင်တာလေမနေ့က ကျမမှာ ငိုလဲငို ရီလဲရီ 😅
အပြင်က ပြန်လာတော့ ကြောင်မလေးတစ်ကောင်က ထပ်ကြပ်မကွာလိုက်လာတယ် ။
ကျမ အိမ်ထဲဝင်တော့လဲ တစ်ချက်လေးမှ မဝံ့မရဲမဖြစ်ပဲ အိမ်ထဲထိ ဝင်ချလာပြီး ဂျစ်ပစီကောင်ကို တွေ့တော့ ပါးတွေချည်းချတာ 🤣
သူ့ကိုဗိုက်တစ်လုံးနဲ့ထားခဲ့လို့ မကျေမနပ်တွေဖြစ်ပြီး အနံ့ခံပြီး မရရအောင်လိုက်ရှာတာ ထင်ပါရဲ့
တွေ့တာနဲ့ ကျမကိုလဲ စကားတွေပြော ကလေးမွေးချင်လို့ အော်လဲအော် ဒါနဲ့ပဲ သူနေချင်တဲ့နေရာလေးမှာ ပုဝါ သန့်သန့်လေးခင်းပေးလိုက်တော့ ပလွတ် ဆိုမွေးပါလေရော ။
ကျမ ဝမ်းနည်းရဆုံးအချက်က လေလွင့်သမီးလေး ကို အကယ်ရျ် ကျမဆီများ သူမလိုက်လာမိရင် အဲ့မိနစ်ပိုင်းအတွင်း သူလမ်းဘေးမှာမွေးရင်ဘယ်လိုများ
မွေးမလဲ လို့ ရင်တွေကွဲရတယ် သမီးရယ် ။
ကျမ မျက်စိရှေ့တင် သူ့အတွက်ပေးထားတဲ့နေရာကို မသွားနိုင်ပဲ အော်ပြီး မွေးချတာ ဒီတိုင်းကြီး … ။ သနားလိုက်တာဆိုတာ 😭 ခုတော့ ၃ ကောင်ပေါက်တယ် ။
ဟိုကောင်ငပွေ ကတော့ မိန်းမ အိမ်ပေါ်ရောက်တည်းက အီးမှန်တဲ့ အခွက် နဲ့ ပါးရိုက်တာကို ဘူပြီး ခံနေရတယ် ။
ကျမ လဲ မထင်မှတ်ပဲ တစ်ရက်တည်းနဲ့ ချွေးမလဲရ မြေးပါ ၃ ကောင်ရဝါးတယ် 😑😁
ဂျစ်ပစီမလေးရဲ့ သတ္တိကတော့ ဟိုကောင် ငပေါကြီး ငြိမ်သွားတယ် ။ 😁
နဲတောင်နဲသေးတယ် မီးသွေးသည်ရုပ်နဲ့ ငပွေးလုပ်ချင်ဦး 🤣
Htike Htike Aung