3.Mar.2022 မှ 9.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်

တနင်္ဂနွေ

မိမိစိတ်ထဲမှာ လက်ရှိအနေအထားကို စိတ်ကုန်နေပြီးတော့ တစ်ခုခုအပြောင်းအလဲတွေလုပ်ချင်နေမိတတ် ပါတယ်။ အသစ်တစ်ခုခုစရင်ကောင်းမလားဆိုတာမျိုးတွေးနေမိတတ်ပါတယ်။ စန်းအားကောင်းတယ်။ လူချစ်လူခင် ပေါပြီးကူညီမဲ့သူများပါလိမ့်မယ်။ဒီအပတ်ထဲမှာခရီးဝေးတွေသွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။မိသားစုအတွင်း ညှိနှိုင်းဆောင်ရွက်ရမဲ့ကိစ္စတွေရှိရင် အလေးပေးဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။

အပြီးမသတ်၊ တစ်ပိုင်း တစ် စဖြစ်နေတဲ့အလုပ်အကိုင်တွေပြီးပြတ်မဲ့ကာလပါပဲ။ ကျက်သရေမင်္ဂလာကိစ္စတွေဆောင်ရွက်နိုင်တာမို့ ဘုရား နေကဇာတင်ခြင်း၊အိမ်တက်ပြုခြင်း၊ စေ့စပ်နားဖောက်ခြင်း၊ဘုရားထီးတင်ခြင်းများဆောင်ရွက်ခွင့်ရလာပါလိမ့်မယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးများ အရေးယူခြင်းခံရပါလိမ့်မယ်။ ရိုးသားပါ ။မိခင်ကျန်းမာရေးအထူး ဂရုစိုက်ပါလို့ မှာချင်ပါတယ်။ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ ကြွေးယူခြင်း ကြွေးတောင်းခြင်းတွေ မလုပ်ပါနဲ့ ။ အလုပ်တိုးတတ်ပေမဲ့ အလုပ်ချဲ့ဖို့ ငွေလိုနေတတ်ပါတယ်။ မိမိကျန်းမာရေးကတော့ ပူပင်စရာမရှိပါဘူး။

မတ်တပ်ဖျား မတ်တပ်နာလောက်ပါပဲ။ ပုံမှန်မဟုတ်တာက အချစ်ရေးပါ။ မလွတ်လပ်သူနဲ့ ငြိစွန်းလွယ်ပါတယ်။ ပညာရေးကတော့ အလွန်ကောင်းတယ်လို့ ဆိုရမှာပါ။ အကျိုးပေးဂဏန်း ၅/၆/၃အထူးဟော မိမိအတွေးအကြံအတိုင်းသာလုပ်ဆောင်ပါ။ ယတြာ လိ‌မ္မော်သီး ၈လုံး ဘုရားကပ်လှူပါ

တနင်္လာ

ပညာရှိသော၊ တက်ကျွမ်းနားလည်သောသူတွေရဲ့ အကူအညီတွေရလာနိုင်ပါတယ်။ ငွေကြေးလည်ပတ်မှု အားကောင်းလာပြီး လုပ်ငန်းထဲကောင်းစွာရင်းနှီးမြုပ်နှံနိုင်ပါလိမ့်မယ်။စိတ်ချမ်းသာစရာ သတင်းကောင်းတွေကြားရ တတ်ပါတယ်။ အလုပ်တွေနဲ့ နပန်းလုံးနေရတတ်ပြီး လူမှုရေးကိစ္စတွေကတော့လစ်ဟင်းသွားနိုင်တာကိုသိထားဖို့လို ပါတယ်။အတွေးကောင်းတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ စိတ်ထဲလိုချင်နေတဲ့ အရာတွေ ရလာပါလိမ့်မယ်

အိုးအိမ်ဝယ်ယူဖို့ကိစ္စတွေ၊နေရာထိုင်ခင်းအခြေချခြင်းတွေဆောင်ရွက်လို့ကောင်းပါတယ်။ စက်ပစ္စည်းအသစ်တွေဝယ်လို့ အကောင်းဆုံးကာလပါပဲအောက်လက်ငယ်သားတွေနဲ့ တိုင်တိုင်ပင်ပင် လုပ်ကိုင်ပါ။ ရစရာရှိတဲ့အရာများ ကြန့်ကြာနေတာမျိုးကြုံရရင်လဲ ဒီကာလမှာပြန်လည်ရရှိလာပါလိမ့်မယ်။ ရပ်ဝေးကမိတ်ဆွေ တွေရဲ့အကူအညီတွေ လက်ဆောင်ပစ္စည်းတွေရလာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အပူရှပ်တာမျိုး ဖြစ်ရတတ် ပါ တယ်။ရေချိုးတာချင့်ချိန်တတ်ဖို့လိုပါတယ်။

ပညာရေးကံကတော့သင့်ရုံပါပဲ။ အချစ်ရေးကံက အခန့်မသင့်ရင် ချစ်သူနဲ့ လမ်းခွဲရသည်ထိ ညံ့နေပါတယ်။ အရင်ကတည်းက အရင်ကတည်းက မကျေနပ်ပေမဲ့ မျိုသိပ်ထားတာတွေ ပေါက်ကွဲထွက်လာတတ်ပါတယ်။ မိသားစုအရေးကိစ္စတွေမှာတော့ ယောက္ခမနဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်စရာကြုံမယ်။အကျိုးပေးဂဏန်း ၇/၀/၉အထူးဟော စီးပွားတိုးတတ်မှာပါ။ယတြာ ဘုရားရှင်အား သံပုရာရည် ၄ခွက်ကပ်လှူပါ

အင်္ဂါ

အတိတ်က အမှားတွေကို သင်ခန်းစာယူရမဲ့ကာလတွေပဲဖြစ်ပါတယ်။မှားပြီးရင်း ဆက်မှားနေရင်တော့ ပိုမို ဆိုးရွားနိုင်တဲ့ကာလပါပဲ။ စိတ်ဆတ်ဒေါသကြီးနေတတ်ပါတယ်။ အရာရာကိုစိတ်ရှည်သည်းခံနိုင်မှုမရှိသလိုမျိုး မြင်ရ ပါတယ်။ငွေကံကောင်းနေပေမဲ့ လိုချင်တာလေးပေါ်လာတာမို့ ငွေကုန်အုံးမဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ အလေးပေး ဆောင်ရွက်စရာကိစ္စများကို အချိန်မဆွဲဖို့လိုပါတယ်။ အဲလိုမလုပ်ရင် ကတိမတည်ဘူး။ အချိန်မတိကျဘူးဆိုတဲ့ မှတ်ချက်များစွာနဲ့ နာမည်ပျက်ရတတ်ပါတယ်။

အရာရာတိုင်းကို စဉ်းစားချင့်ချိန်ပြီးမှလုပ်ပါ။ အလောတကြီးလုပ် လေ အမှားများပြီး နှစ်ခါပြန်လုပ်ရလေပါပဲ။ ဒီအပတ်ထဲ အခြားအချင်းအရာထက် ကျန်းမာရေးကိုပိုဂရုစိုက်ပါ။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေသူတောင်မှ ဒီကာလအတွင်းခြူ ခြာလွယ်ပါတယ်။ လူမှုရေးနဲ့ပတ်သက်ပြီးတော့ စိတ်ညစ်စရာကြုံလာနိုင်တဲ့အခိုက်အတန့်ပါပဲ။ ငွေကြေးကို စနစ်တကျသုံးစွဲသင့်တဲ့ကာလပါ။

ဒီကာလမှာ အလုပ်နဲ့ ပက်သက်၍ဖြစ်စေ၊အခြားကိစ္စကြောင့်ဖြစ်စေ အပြောင်းအလဲတစ်စုံတစ်ရာမလုပ်တာအကောင်းဆုံးပါပဲ။ ပညာရေး ကံအညံ့ဆုံးကာလထဲရောက်နေပါတယ်။ ပညာရေးကို စိတ်နှစ်ထားနိုင်မှအဆင်ပြေပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေ မှာ နားလည်မှုတွေပြန်လည်တည်ဆောက်နိုင်မှာပါ။ ချစ်သူနှစ်ဦးလျှောက်မဲ့လမ်း ပန်းခင်းသောလမ်းဖြစ်နေမဲ့ အချိန်ပါ။ အကျိုးပေးဂဏန်း ၇/၆/၈အထူးဟော ကံသင့်ပါတယ် ယတြာ ဒံပေါက်ဆွမ်း ဘုရားရှင်အား ကပ်လှူပါ၊

ဗုဒ္ဓဟူး/ရာဟု

ဒီကာလက မိမိအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရဖို့ကြုံလာရတတ်ပါတယ်။ ဆုံးဖြတ်ချက် မှားတာနဲ့ နောင်လာမဲ့ အကျိုးဆက်တွေမကောင်းနိုင်ပါဘူး။ သူများတိုက်တွန်းတာထက် မိမိမှန်တယ်ထင်တာကို ရွေးချယ်ခြင်းကပိုကောင်းပါတယ်။ ဒီအချိန်က ကျန်းမာရေးအတွက်ဂရုစိုက်စေချင်ပါတယ်။ နေမထိထိုင်မသာ ဖြစ်ပြီဆိုကတည်းကမပေါ့သင့်ပါဘူး။ ဆေးမြီးတိုနဲ့ မကုသင့်တဲ့ ကာလပါပဲ။

နေရာထိုင်ခင်းအပြောင်းအလဲများ ကြုံတွေ့ရခြင်း ၊အလုပ်အပြောင်းအလဲများကြုံရခြင်းတွေလဲဖြစ်ရတတ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးဂရုစိုက်ပါ။ လူကြီးတွေ မိမိအပေါ် ငြို ငြင်တာမျိုး မဖြစ်ပါစေနဲ့။ အလုပ်ကံမဆိုးပါ။ အလုပ်များနေပါလိမ့်မယ်။ အလုပ်တော့ များပါရဲ့ ငွေကတော့ ထင်သလောက်မဝင်ဘူးပေါ့လေ။ အချစ်ရေးကံကတော့ အလွန်ကောင်းနေချိန်ပဲဗျ။

ချစ်သူသစ်ရခြင်း ၊ချစ်သူက တန်ဖိုးထားစရာလက်ဆောင်ပေးခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။ စေ့စပ်၊လက်ထပ်ဖို့ ကိစ္စများဆောင်ရွက်လို့အဆင်ပြေပါလိမ့်မယ်။ပညာရေးကံကတော့ မိမိအနေနဲ့အချိန်ပေးဖို့လိုပါတယ်။ အခြား ဗာဟီရ တွေလုပ်နေရတာကြောင့် စာကျက်ချိန်လျော့သွားတတ်လို့ပါ။

အမှုအခင်းရင်ဆိုင်နေရသူများ ဒီကာလ အတွင်း အမှုအခင်းတွေပြီးပြတ်သွားနိုင်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာ အစစအရာရာအဆင်ပြေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၅/၆/၈အထူးဟော ကျန်းမာရေးဂရုစိုက်ဗျ ယတြာ အုန်းထမင်းနဲ့ကြက်သားဟင်း ဘုရားရှင်အားဆွမ်းကပ်လှူဒါန်းပေးပါ။

ကြာသပတေး

ဒီရက်တွေထဲ ကံကြမ္မာကမိမိဘက်မှာ ရပ်တည်နေပါတယ်။ လုပ်ကိုင်သမျှ ကြံစည်သမျှ အောင်မြင် ထွန်းပေါက် ခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။ လုပ်ချင်တာလေးတွေ ကြံစည်ထားတာလေးတွေအကောင်အထည် ဖော်နိုင်မဲ့ကာလပါပဲ။ အထူးသဖြင့်အလုပ်စီးပွားအထူးတိုးတတ်ပါလိမ့်မယ်။ နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြား ဘာသာခြား တွေနှင့်ဆက်သွယ်လုပ်ကိုင်ရသောကိစ္စတွေမှာ အထူးအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ငွေကြေးကံလဲ မြင့်မား နေချိန်ပါပဲ။

လာဘ်ရွှင်မဲ့ကာလလို့ပဲ ယေဘုယျသုံးသပ်ရမှာပါ။ရစရာရှိတဲ့ ငွေကြေးတွေရလာပါလိမ့်မယ်။ မှန်းထားသည်ထက်ငွေပိုဝင်ပါလိမ့်မယ်။ ကျန်းမာရေးလဲအညံ့အဆိုးကင်းနေပါ လိမ့်မယ်။စန်းပွင့်နေမဲ့ကာလပါ။

မိမိကို purpose လုပ်မဲ့သူတွေရှိလာပါလိမ့်မယ်။ အလုပ်အကိုင်ကတော့ အရမ်းအကောင်းကြီး မဟုတ်ပါဘူး။ ခပ်ပါးပါးပါပဲ။ ပရဟိတအလုပ်တွေနဲ့အချိန်ကုန်နေရလိမ့်မယ်။ ပညာရေးထူးချွန်မှာပါ။ သင်လွယ်တတ်လွယ်ပြီး ဉာဏ်ပွင့်မဲ့ ကာလမို့ပါပဲ။

အလုပ်ကံဇာတာက အကောင်းအဆိုး မျှတတယ်။ အလုပ် ရှာနေသူ အလုပ် ရဖို့ များ တယ်။ လုပ်ငန်းအခြေအနေက ပုံမှန်လေးပဲ သွားမယ် ကာလ ဖြစ်တယ်။ ဒါပေမယ့် ကောင်းတဲ့ ဘက်ကို ပိုအားသာလိမ့်မယ်။ ကျန်းမာရေး စိုးရိမ်စရာ မရှိ ဘေးကင်းမယ့်ကာလ ဖြစ်တယ်။အိမ်ထောင်ရေးကိစ္စမှာတော့ အချိန်ပေး အာရုံစိုက်ရ မယ်။ ဂရုမစိုက်ရင် ပြဿနာ ဖြစ်လွယ်ပါယ်။အကျိုးပေးဂဏန်း ၂/၉/၃အထူးဟော ကံမြင့်နေမည်။ယတြာ ကော်ဖီနဲ့ ကိတ်မုန့် ဘုရားကပ်လှူပ

သောကြာ

ဒီကာလအတွင်းခရီးတိုတွေ ခဏခဏသွားရတတ်ပါတယ်။အဝေးကြီးတော့ မဟုတ်ပါဘူး။ ဒီကာလအတွင်း စိတ်မြန်လက်မြန်လုပ်ခြင်းကလဲ လမ်းကြောင်းမှန်ပေါ်ရောက်သွားတတ်ပါတယ်။လိင်မတူသူတွေရဲ့အကူအညီတွေရ မယ်။ မိမိသဘောကျလို့ ငွေကြေးဥစ္စာနဲ့ ဖျားယောင်တာမျိုးလဲကြုံရတတ်တယ်။ငွေကံမညံ့ပါဘူး။ အလုပ်ကောင်းနေ တော့ ငွေကံလဲကောင်းနေတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များအားလုံး ဒီကာလအတွင်း ကောင်းပါလိမ့်မယ်။ ရောင်းပန်းဝယ်ပန်းတွေပွင့်လိမ့်မယ်။

လုပ်ငန်းချဲ့ထွင်နိုင်ပါလိမ့်မယ်။ အချစ်ရေးကတော့ အပြင်မှာထက် online ပေါ်ကနေ ချစ်သူတွေ့တတ်ပါတယ်။ လေလှိုင်းထဲမှာ အဆင်ပြေမဲ့ အချစ်ရေးပါပဲ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဆိုရင် ဒီကာလမှာ အောင်မြင်မှုကို ပြန်ရလိမ့်မယ်။ အလုပ်ပြောင်း၊ နေရာပြောင်း ဖြစ်မယ်။ ပြောင်းရင် ပိုကောင်း မယ်အခွင့်အရေးပေါင်းစုံလည်း ပေါ်လာမယ်။

ကျန်းမာရေးတော့ နည်းနည်း ဂရုစိုက်ရမယ်။အစာမကြေတာ ရင်ပြည့်တာမျိုးတွေလဲဖြစ်တတ်ပါတယ်။ အစာကြေဆေး ဆောင်ထားပါလို့ပြောချင်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ စိတ်ညစ် စရာ များမယ်။ စိတ်လျှော့သင့်တာ လျှော့ချထားပါ။ ပညာရေးကံကလဲ စူးစမ်းလိုစိတ်နဲ့ သိလိုစိတ်ပြင်းထန်တဲ့ကာလဖြစ်တော့ မိမိသာအာရုံစိုက်ထားမယ်ဆို အကောင်းဆုံးပါပဲအကျိုးပေးဂဏန်း ၆/၉/၃အထူးဟော စိတ်ရွှင်လန်းမည် ယတြာ ငွေ ၅၀၀ကျပ် ပံ့သကူပစ်ပါ။

စနေ

အလုပ်နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ကာလ ဖြစ်တယ်။ အလုပ် အပြောင်းအရွှေ့၊ နေရာအပြောင်းအလဲတွေ ဖြစ်တတ်တယ်။ ကိုယ့်မှာ ဒါအဆင်မပြေရင် ဘာလုပ်ရမယ် ဆိုတဲ့ Backup တစ်ခုခု ထားရမယ်။ ဝင်ငွေတစ်ခုတည်းနဲ့ မလောက်ဘဲ ဖြစ်မယ်။ ဒီကာလထဲ ကျန်းမာရေးလည်း များ အားနည်းတတ်တယ်။ကျန်တာမဟုတ်ဘူး။ လေထိုးတာမျိုး၊ရင်ကြပ်ချောင်းဆိုးတာမျိုးတွေဖြစ်တတ်တယ်။အိမ်တွင်းရေး၊အိမ်ထောင်ရေးလည်း တကျက်ကျက် ဖြစ်မယ်။

အိမ်တွင်းရေးသောက ကြုံရနိုင်ပါတယ်။ လင်ကတစ်မျိုး သားကတစ်မျိုးဆိုသလိုပေါ့ဗျာ။ လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရမှာပါ။ ဒီကာလထဲ ကံကြမ္မာကမျက်နှာသာမပေးပါဘူး။ မိမိဉာဏ်နဲ့ ဝီရိယကိုသာ စိုက်ထုတ်ရပါလိမ့်မယ်။ မိမိကို မနာလိုသူတွေ ဝန်းရံနေတတ်ပါတယ်။မိမိကို ချောက်ချမဲ့ သူတွေရှိနေတတ်ပါတယ်။ မိမိအနေအထိုင် အပြောအဆိုဆင်ခြင်ပါ။

ရွှေငွေလက်ဝတ်ရတနာများ အထားမှားပြီး ပျောက်ရှတတ်ပါတယ်။ ရပ်ဝေးက ဒုက္ခပေးမဲ့ဆွေမျိုး တွေ အိမ်ရောက်လာတတ်ပါတယ်။ လူမှုရေးအားကောင်းတယ်။ ပတ်ဝန်းကျင် နဲ့ အဆင်ပြေတယ်။ အညံ့အဆိုးတွေမတွေ့ရပါဘူး။ အချစ်ရေးကံကောင်းမှာပါ။ချစ်သူကအလုပ်များနေပေမဲ့ ကိုယ့်ကို ဂရုစိုက်ပါလိမ့်မယ်။ ညံ့နေတာက ပညာရေးပါ၊

မိမိကိုယ်တိုင်က ပညာရေးအပေါ် စိတ်ဝင်စားမှုနည်းနေတတ် ပါတယ်။ အကျိုးပေးဂဏန်း ၂/၆/၅အထူးဟော ကံအားနည်းမှုတွေရောပါနေသည် ယတြာ ကံ့ကော်ပန်းလေးတွေဘုရားလှူပါ၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Credit

Leave a Reply

Your email address will not be published. Required fields are marked *